b သူရဲကောင်းကြယ်: သူငယ်ချင်း
•Wednesday, January 06, 2010


၂၀၁၀ နှစ်ဦး လျှော့ဈေးအဖြစ်
နှစ်ချို့ နှလုံးသားတစ်စုံ
ရောင်းရန်ရှိသည်။


အောက်ပါ အရည်အချင်းများကို ပိုင်ဆိုင်သည်။

၁။ မြန်မာပြည်ဖြစ် ကြင်နာတတ်သောနှလုံးသား တစ်စုံဖြစ်သည်။
၂။ ကျန်ရစ်မင်းနှင့် အမျိုးမကင်းသောကြောင့် ချိန်ပါ ခဏခဏဖြစ်ဖူးသည်ဟု ဝန်ခံထားသည်။
၃။ ချစ်မီးတဟုန်းဟုန်းတောက်လောင်နေသူ ဖြစ်၍ မီးသတ်ကားပင် မနိုင်ဟုဆိုကြသည်။
၎။ Handphone ရထားသော မျောက်ကဲ့သို့ တခါတလေ ဂဏာမငြိမ် ဖြစ်နေတတ်သည်။
၅။ လူပျိုကြီးဘဝမှ တမူပိုတိုးပြီး လူပျိုသိုးကြီး ဖြစ်မှာကို ကြောက်ဟန်တူသည်။
၆။ အဝေးမှ ကြည့်လျှင် ဗေလုဝထက် ပိုချောသည်ဟု ထင်ရသည်။
၇။ အရပ်အမောင်းအားဖြင့် ကိုချစ်စရာထက် လက်တစ်လုံးပိုဟန် ရှိသည်။
၈။ အသားအရည်မှာ ကိုငှက်ပျောကြော်ကဲ့သို့ ခန့် ညားသည်ဟု ကြွားလုံးထုတ်ထားသည်။
၉။ အစားအသောက်တွင် ဇီဇာကြောင်တတ်ပြီး ပွစိပွစိ ပြောတတ်သည်။
၁၀။ .............. .................... .....................

အသေးစိပ် သိလိုပါက ထိုလူပျိုကြီးအကြောင်းကို ဧဒင်ဥယျာဉ်မှAdminKOMYO ထံ စာရေးမေးမြန်းနိုင်သည်။

မှတ်ချက်။ ။ ဘဝတူ အပျိုကြီးများအား မရောင်းပါဟု မှတ်ချက်ပေးထားသည်။

herostar
•Monday, September 21, 2009


ဒီရုပ်ပုံလေးရဲ့ ဆိုလိုချက်

သူငယ်ချင်းဆိုတာ သင့်ကို အပေါ်ဆွဲတင်နိုင်ချင်မှ နိုင်ပါလိမ့်မယ်...ဒါပေမဲ့
သင်အောက်ကို ပြုတ်မကျသွားဖို့ အတွက် ဘယ်လိုလုပ်ရလဲဆိုတာ စဉ်းစားပေးတယ်...

ကျွန်တော်လည်း သူငယ်ချင်းတွေအတွက်ဆိုရင် အချိန်တိုင်းလိုလိုမှာ အဆင်သင့် ဖြစ်နေတတ်လို့ ပါ...
ဘဝမှာ သူငယ်ချင်းတွေနဲ့ နေရတဲ့အချိန်ဟာ မိဘတွေနဲ့ နေရတဲ့အချိန်ထက် ပိုများနေတဲ့သူတစ်ယောက်
အတွက် သူငယ်ချင်းကို ခင်တွယ်တတ်တာ သဘာဝကျမယ်ထင်ပါတယ်နော်..

ခင်မင်လေးစားလျက်

့herostar