b သူရဲကောင်းကြယ်: ဟာသများ
•Tuesday, February 09, 2010
နင့် အပြုံး တစ်ပွင့် ကြောင့် ငါ့ နှလုံးသားကျောက်တောင်တွေ ပြိုကုန်ပြီ ကောင်မလေး။
ငါ့ကို မစားကောင်းတဲ့ အသီးလို့များ သတ်မှတ်ထားသလား လို့ မေးပါရစေ။

Mail Box ကို စဖွင့်လိုက်တာနဲ့ ငါအမြင်ချင်ဆုံးက နင့်ဆီက အီးမေးလ်တွေပါ။ ဆယ်တန်းကျောင်းသား အောင်စာရင်း ကြည့်သလို နေ့တိုင်းရင်ခုန်ရလွန်းလို့ ကြာရင် ငါတော့ နှလုံးရောဂါ ရနိုင်တယ်။ တစ်လုံးရောဂါကတော့ ပျောက်သလောက်ဖြစ်နေပါပြီ။ မန်ယူ ညှင်းဆဲလို့ ရှုံးခဲ့တဲ့ ပွဲပေါင်းကလည်း မနည်းတော့ဘူးလေ။ မျက်နှာထားက ကျောက်ကျောကို ရေပတ်ထားသလို ဖြစ်နေပေမဲ့ ငါ နင့်ကို ချစ်ရေးဆိုခဲ့တာကတော့ အတည်ပါ။ ဗေလုဝရဲ့ စတိုင်နဲ့ ငြိမ်းချမ်းလို ပြောတတ်တာကိုက ငါ့ အမှားပဲလား။

Chatting မှာ လက်နဲ့ ရေးပြောတော့လည်း နင့်နှလုံးသားက မဖတ်တတ်။ နှလုံးသားမျက်စိကလည်း မမြင်တတ်။ ဖုန်းခေါ်ပြီးပြောတော့လည်း လိုင်းမကောင်းလို့ ဘာပြောမှန်း မသိလိုက်ဘူးတဲ့။ နှလုံးသားနားကလည်း မကြားတတ်။ ကျာရလား ကျားရလား မေးရဖန်များတော့လည်း ကျားတစ်ကောင်လိုက်ဖမ်းနေလားလို့ ထင်မှာကလည်း စိုးရသေး။

အကောင်လိုက်ပြတာတောင် အရိပ်မမြင်လိုက်တဲ့ အချစ်မျက်ကန်းမလေးရေ...ငါသာ လူပျိုကြီး ဖြစ်သွားရင် တရားခံအစစ်ဟာ နင်ပဲ ဖြစ်မယ်ထင်တယ်။ အိပ်ပျော်နေတဲ့ နှလုံးသားကို အပြုံးတစ်ပွင့်နဲ့ လာနှိုးတုန်းကလည်း နင်ပဲ။ နှလုံးသား အစစ်တစ်ခုနဲ့ နိုးထလာချိန်မှာ ပုန်းနေခဲ့တာလည်း နင်ပဲ။ ခုဆို နင် အွန်လိုင်းလာမဲ့ရက်တွေကို လက်ချိုးမျှော်ရင်း ကြာရင် ငါတော့ လည်ပင်းညောင်ရေအိုး ဖြစ်တော့မယ် ထင်ပါ့။ သစ်ကုလားအုပ်ဖြစ်သွားလို့ ဥယျာဉ်ထဲရောက်သွားရင် နင် ပျော်နေမလားပဲ။ နင်တို့ အတွဲကို တွေ့လိုက်တာနဲ့ သစ်ကုလားအုပ်တစ်ကောင် ဘိုင်ကနဲ လဲသွားရင် အဲဒီအကောင်ဟာ ငါပဲလို့ နင် သိထားနော်။

စကားပြော မချို၊ စာရေးမကောင်းပေမဲ့ နင့်ကို ချစ်ကြောင်း စာတစ်ကြောင်းလောက်တော့ ငါရေးတတ်ပါသေး တယ်ဟ။ ချစ်သူများနေ့ဟာ ငါနဲ့ မဆိုင်သလို နေလာခဲ့တာ ၂၉ နှစ်တောင် ရှိပေါ့။ ဒီတစ်ခါတော့ ဆိုင်ဆိုင်မဆိုင်ဆိုင် မြိုင်အောင်ဆိုပြီး ဝင်က,လိုက်တာတော့ မဟုတ်ပါဘူးဟာ... ငါ လူပျိုကြီး ဒီတစ်ခါ ဗာလင်တိုင်းမှ ချစ်သူ မရရင် တစ်သက်လုံး လူပျိုကြီး ဖြစ်မယ်လို့ ဗေဒင်က ဟောထားလို့ပါ။ ငါတို့ အဖွဲ့သားတွေကလည်း ပြောလှပြီ...ဂေါ်မစွံလို့။ နင့်ကို ခြိမ်းခြောက်တောင်းပန် အသနားခံစွာ တစ်ရာ့ တစ်ယောက်မြောက် ချစ်ခွင့် ပန်လိုက်တယ်နော်။ မှားလို့...တစ်ရာ့ တစ်ကြိမ် မြောက်ချစ်ခွင့် ပန်လိုက်တယ်နော်။

ချစ်တတ်တဲ့

လူပျိုကြီး

ဧဒင်မှ ကိုမျိုးလို့ ကျွန်တော် မပြောဘူးနော်။ ကြာရင် လာသတ်တော့မယ် ထင်တယ်။ ဟီးဟီး

ခင်မင်လေးစားစွာဖြင့်

herostar
•Sunday, February 07, 2010
ကောင်မလေး

ဒီစာကို ကြက်သွန်လှီးရင်း မျက်ရည်စက်လက်နဲ့ ကိုယ်ရေးလိုက်ပါတယ်။ ကိုယ်တော့ လွမ်းတတ်နေပြီ။ ကျောင်းမှာ သင်မပေးပဲ တတ်ခဲ့တဲ့ ပညာဆိုလို့ ဒီတစ်ခုပဲ ရှိတာပါ။ ကိုယ် လည်း ဒီဘာသာမှာ ထူးချွန်လို့ ခုဆို ဘုန်းကြီးပျံရှိတိုင်း ကိုယ့်ကို လာခေါ်ကြတယ် သိလား။ မင်း ကိုယ့်အချစ်ကို လက်ခံလို့ကတော့ဘုန်းကြီးပျံရှိတိုင်း ထမင်းဝစေရမယ်လို့ ကိုယ် ကတိပေးပါတယ်။ မင်းက ကိုယ့်ဘဝမှာ သံယောဇဉ်အရှိဆုံးလူလို့ အခုမှ ပြောနိုင်တာပါ။ ကိုယ့်ဘဝကောင်းစားဖို့အတွက် စကားတစ်ခွန်းလက်ဆောင် ပါးလိုက်ပါရစေ။ အဲဒါကတော့ ကိုယ် မင်းကို ချစ်တယ်ဆိုတာ ယုံကြည်ပေးပါလို့။

အခုဆို ကိုယ် ခံစားတတ်နေပြီ။ ခွက်တစ်လုံးနဲ့...။ အရက်တွေသောက်ပြီးလို့ ပြောတာနော်။ မင်းကို ချစ်လွန်းလို့ လမ်းတွေ့ရင်တောင် မခေါ်ချင်ဘူး။ မမြင်ရလေ ကောင်းလေလို့ တွေးနေမိတဲ့ အထိဆိုပါတော့။ မင်းကို မှတ်ထားမယ်နော်။ နောက်လူများလာရင် မမှတ်မိမှာစိုးလို့ပါ။ ခုတော့ မင်းဖတ်ဖို့ ချစ်သဝဏ်လွှာကို အကြောင်းညီညွတ်လို. ဘောင်းဘီ ချွတ် (ပုဆိုးတော့ဝတ်ထားပါတယ်) ပြီး ရေးလိုက်ပါတယ် .

အချစ်ဆိုတာ တို့သိသလောက် ပြောပြရရင် တို့ကျောင်းရှေ့က အသုတ်စုံဆိုင်ရဲ့ နာမည်ပါ။ ဒါ့ကြောင့် ကိုယ် အချစ်ကို နေ့တိုင်း သတိရနေပါတယ်။ ကိုယ့်အသဲက ပလပ်စတစ်နဲ့ လုပ်ထားတာမဟုတ်လေတော့ တရုတ်ဖြစ်ပစ္စည်းတွေထက်တော့ ပိုခိုင်တယ်လို့ ပြောလိုက်ပါရစေနော်။ မင်းလေးသာ တို့ကို အဖြေပြန်မပေးရင် ကိုယ်တော့ ဒီနှစ် ဆယ်တန်းမှာ ကျဦးမယ် ထင်ပါတယ်ကွယ်။ ဖြေလာခဲ့တာ ဆယ်နှစ်ကျော်ပေမဲ့ ကိုယ်မှတ်မိတာဆိုလို့ မင်းတစ်ယောက်ပဲ ရှိတာပါ။ မှတ်ဥာဏ်မကောင်းတာတော့ မဟုတ်ပါဘူးကွယ်။ ဘာပြောပြော မှတ်မထားတတ်ရုံလေးပါ။ ခုတောင် ဆယ်နှစ်ကျော်မှ မင်းကို ပြန်မှတ်မိတာနဲ့ ဒီစာလေးကို ရေးလိုက်တာပါ။

ပျံလာမဲ့ စာလေးကို စောင့်နေမယ်နော်။

လူပျိုကြီး


ခင်မင်လေးစားစွာဖြင့်

herostar
•Wednesday, January 06, 2010
ကျွန်တော်ရဲ့ သူငယ်ချင်းမတစ်ယောက်ဟာ လန်ဒန်မှာ အကြာကြီးလာရောက်နေထိုင်ပြီး တောင်အာဖရိကနိုင်ငံသို့ပြန်ဖို့အတွက် လန်ဒန်ဟိသရိုးလေဆိပ်ကို သွားရောက်ခဲ့ပါတယ်။
အဲ့ဒီမှာ လေယာဉ်စောင့်ရင်း ကော်ဖီတစ်ခွက်နဲ့ ကွက်ကီး(ဘီစကွတ်)တစ်ထုပ်ကို ၀ယ်ယူစားသောက်ခဲ့တယ်။သူမဟာ စားသောက်ပွဲတစ်ခုမှာ ထိုင်ရင်းသတင်းစာကိုဖတ်တယ်။
ပြီးတော့ ကော်ဖီသောက်ကာ သူမရဲ့ကွပ်ကီးကိုစားတယ်။
ဒီအချိန်မှာ သူမသတိပြုမိတာက သူမရဲ့ခုံအစွန်းမှာ ထိုင်နေတဲ့သူက သူမရဲ့ကွပ်ကီးတစ်ချပ်ကိုယူစားလိုက်တာပါပဲ။
“ဘယ်နဲ့လူပါလိမ့်” လို့ သူမရဲ့စိတ်ထဲထောင်းခနဲ ဒေါသထွက်သွားတယ်။
ဒါပေမယ့် ဘာမှတော့ မပြောပါဘူး။
သူမဟာ ကွပ်ကီးတစ်ခုကို ယူစားလိုက်တယ်။ဒီအခါအဲ့ဒီလူကလည်း နောက်ကွပ်ကီးတစ်ခု ထပ်ယူစားလိုက်တယ်။ဟယ်….သူမတစ်ခုယူစားတိုင်း အဲ့ဒီလူလည်း တစ်ခုယူစားတယ်။
နောက်ဆုံးမှာ ကွပ်ကီးတစ်ခုသာကျန်တော့တယ်။
ဒီအခါအဲ့ဒီလူဟာ ကျန်တဲ့ကွပ်ကီးကို နှိုက်နှစ်ပိုင်းချိုးကာ သူမကို တစ်ခြမ်းပေးလိုက်ပြီး သူ့ဘာသာ တစ်ခြမ်းစားပြီး ထွက်သွားတယ်။
သူမဟာ စိတ်အကြီးအကျယ်ဆိုးပြီးမကျေမချမ်းနဲ့ ထိုင်နေမိတယ်။
အတော်ကြာမှ လေယာဉ်ထွက်ခွာတဲ့ အစီအစဉ်ကျေညာတော့ သူမဟာပိုက်ဆံအိတ်ကနေ လက်မှတ်ကို ထုတ်ဖို့ဇစ်ဖွင့်လိုက်တယ်။
“ဟင်”
သူမလန့်သွားတယ်။
သူမ၀ယ်ထားတဲ့ ကွပ်ကီးကို သူမပိုက်ဆံအိတ်ထဲ ထည့်ထားမိတာကိုး။
စောစောက စားနေတဲ့ ကွပ်ကီးဟာ ဟိုလူ့ဟာပါလား။
သူမ အင်မတန် အားနာသွားတယ်။
ဒီထက်ပိုပြီး ပြောချင်တာက စောစောက လူအပေါ် သူမရဲ့အမြင်ဟာ ချက်ချင်းပဲ ပြောင်းလဲသွားခဲ့ပါတယ်။

ဆိုလိုတာက ကျွန်တော်တို့ရဲ့ ပါရဒိုင်းဟာ မပြည့်မစုံ ဖြစ်နေတက်တယ်။
မကြာခဏဆိုသလို မှားယွင်းသွားတာတွေရှိတယ်။

သင့်အနေ့နဲ့ ပြဿနာဖြစ်လာတာတွေ အများစုဟာ ဒီလိုမှားယွင်းတဲ့အမြင်တွေကြောင့်ဆိုတာကို သတိရပါ။

(ဒေါက်တာခင်မောင်ညို ၏ လူငယ်နှင့်အကောင်းဆုံးသောဘ၀ကိုတည်ဆောက်ခြင်း မှ ကောက်နှုတ်ဖော်ပြပါသည်)
•Wednesday, September 30, 2009
ဘာတွေ ဟုတ်နေတာလဲ

ဒါမျိုးတော့ ခွင့်မလွတ်ဘူး

တရုတ်ခေါင်းဆောင် ဘယ်သူပါလိမ့်

သူငယ်ချင်းတွေ တော်တော်ယုံရတယ်နော်
•Monday, September 28, 2009
ကိစ္စမရှိဘူး

အဖိုးကြီးကို သူ့သူငယ်ချင်းက ပြောပါတယ်။
“ခင်ဗျားမိန်းမ ကားဒရိုင်ဘာနဲ့ လိုက်ပြေးသွားတယ် လို့ ကြားလိုက်ရတယ်။ စိတ်မကောင်းပါဘူးဗျာ။”
အဖိုးကြီးက ပြန်ပြောပါတယ်။
“ကိစ္စမရှိပါဘူး။ ကျွန်တော် ကားမောင်းနိုင်ပါသေးတယ်။”

သိပ်သိရင် မဖြစ်ဘူး

ကောင်လေးက သူ့အမေကို ပြောပါတယ်။
“အမေ။ ကျွန်တော်တော့ စာဆက်မသင်ချင်တော့ဘူး။”
သူ့အမေက အံ့သြတကြီးနဲ့ “ဘယ်လို ဖြစ်တာလဲ။” လို့ မေးပါတယ်။
အဲဒီတော့ ကောင်လေးက ဒီလို ပြန်ဖြေပါတယ်။
“ဟိုတစ်နေ့က ကျွန်တော် ကြားလိုက်ရတယ် အမေ။ လူတစ်ယောက်ဟာ သိတာတွေ များလွန်းလို့ သေနတ်နဲ့ ပစ်သတ် ခံလိုက် ရတယ်တဲ့။”

ဘယ်သူထင်လဲ

အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အိမ်ထဲကနေ လမ်းမပေါ်ကို အထိတ်တလန့်နဲ့ ပြေးထွက်လာပြီး အော်ပါတယ်။ “ကယ်ကြပါဦး။ ကယ်ကြပါဦး။ ကျွန်မသားလေး အကြွေစေ့တစ်စေ့ကို မျိုချပြီး အသက်ရှူ လမ်းကြောင်းပိတ်နေလို့။ ကျွန်မလည်း မလုပ်တတ်တော့ဘူး။”

အနားမှာ ရှိတဲ့လူတွေ အားလုံး မျက်နှာလွှဲသွားကြပါတယ်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကပဲ အမျိုးသမီးရဲ့ အိမ်ထဲကို ပြေးဝင်သွားပါပြီး သူမရဲ့ သားကို ရှာပါတယ်။ နောက်တော့ အဲဒီကလေးကို ခြေထောက်ကနေ ဇောက်ထိုးကိုင်ပြီး လှုပ်ရမ်းပါတယ်။ နောက်ဆုံးတော့ အကြွေစေ့ဟာ ကောင်လေးရဲ့ ပါးစပ်ထဲကနေ ထွက်ကျလာပါတယ်။

အမျိုးသမီးကတော့ ဝမ်းသာအားရနဲ့ “ကျေးဇူးတင်လိုက်တာရှင်။ ရှင်ဟာ ဆရာဝန်လား။” လို့ မေးပါတယ်။

အမျိုးသား ကတော့ “မဟုတ်ပါဘူး။ ကျွန်တော် အမြတ်ခွန် ဌာန ကပါ။” လို့ ပြန်ဖြေလိုက်ပါတယ်။

အကြောင်းရင်း

နပ်စ်မချောချောလေးက ဆရာဝန်ကို ပြောပါတယ်။
“ဒေါက်တာ။ ဒီလူငယ်ကို ကျွန်မ သွေးခုန်နှုန်း စမ်းလိုက်တိုင်း ပိုပြီး မြန်မြန်လာတယ်။ သူ့ကို စိတ်ငြိမ်ဆေး ပေးလိုက်ရမလား။”
ဆရာဝန်က ပြန်ဖြေပါတယ်။
“မလိုပါဘူး။ နောက်တစ်ခါ စမ်းမယ်ဆိုရင် သူ့မျက်လုံးကိုသာ အဝတ်နဲ့ စည်းထားလိုက်ပါ။”

ဘာလုပ်စားမှာလဲ

ဆရာ။ ။ “မင်းလုပ်သမျှ အကုန်အမှားချည်းပဲ။ ဒီပုံအတိုင်းသာဆိုရင် ကျောင်းပြီးရင် မင်းဘာလုပ်စားမှာလဲ။”
တပည့်။ ။ “စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် မိုးလေဝသ သတင်း ကြေငြာတဲ့သူ လုပ်မှာပါ။”

လူမိုက်ငှား

ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ကုမ္ပဏီ ဥက္ကဌက ထပြီး စကားပြောပါတယ်။
“ငါ့ရဲ့ အတွင်းရေးမှူးမနဲ့ ရှုပ်နေတဲ့သူ ဘယ်သူ ရှိသလဲ။”
အားလုံးငြိမ်နေကြပါတယ်။ အဲဒီတော့ ဥက္ကဌက နောက်တစ်ခွန်း ထပ်မေးပါတယ်။
“ကောင်းပြီ။ ဒီလို ထားလိုက်။ ငါ့ရဲ့ အတွင်းရေးမှူးမနဲ့ မရှုပ်တဲ့သူ ဘယ်သူ ရှိသလဲ။”
ဒီတစ်ခါလည်း အားလုံး ငြိမ်နေကြ ပြန်ပါတယ်။ အချိန်အတော်လေး ကြာမှ တစ်ယောက်က ထပြောပါတယ်။
“ကျွန်တော် ရှိပါတယ်။”
ဥက္ကဌက ပြန်ပြောပါတယ်။
“ကောင်းပြီ။ မင်းသူ့ကို အလုပ်ဖြုတ်လိုက်။”

လေးချင်လေးပါစေ

ဝယ်သူ။ ။ “ဝတ္ထုစာအုပ် တစ်အုပ်လောက် ဝယ်ချင်လို့။ ကူညီပါဦး။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ် မဒမ်။ ဝယ်ချင်တဲ့ စာအုပ်နာမည် ဒါမှမဟုတ် စာရေးဆရာနာမည်လေး ပြောပါလား။”
ဝယ်သူ။ ။ “အင်း။ အဲဒီလိုမျိုးတော့ မရှိဘူး။ မင်းငါ့ကို သင့်တော်တဲ့ စာအုပ်တစ်အုပ်လောက် အကြံပေးလို့ ရမလား။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ်။ ဒါနဲ့ ပေါ့ပေါ့ပါးပါး စာအုပ်လိုချင်လား။ လေးလေးပင်ပင် စာအုပ် လိုချင်လား။”
ဝယ်သူ။ ။ “ပေါ့တာ လေးတာ ကိစ္စမရှိပါဘူး။ ငါ့ကားက ဆိုင်အပေါက်ဝမှာတင် ရပ်ထားတာပါ။”

အလှအပ နဲ့ အသိဉာဏ်

အမျိုးသား။ ။ “မိန်းမတွေ ဟာ ဘာဖြစ်လို့ အလှအပကို အသိဉာဏ်ထက် ပိုပြီး ဂရုစိုက်ကြသလဲ ဆိုတာကို ငါတော့ စဉ်းစားလို့ မရဘူး။”
အမျိုးသမီး။ ။ “ဒါကတော့ ရှင်းပါတယ်။ ယောက်ျားတွေက ဘယ်လောက်တုံးတုံး မျက်စိတော့ မကန်းကြဘူးလေ။”

ဘယ်သူရှိသေးလို့လဲ

ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ကို စိတ်ပညာရှင်က မေးခွန်းမေးပါတယ်။
“ခင်ဗျားရဲ့ မိန်းမကို သစ္စာဖောက် ဖူးသလား။”
မင်းသားက ဒီလို ပြန်ဖြေပါတယ်။
“သူ့ကို သစ္စာမဖောက်ရင် ဘယ်သူ့ကို သွားပြီး သစ္စာဖောက်ရမှာလဲ။”

မယုံကြဘူး

တရားသူကြီး။ ။ “အရင်တစ်ခေါက် မင်းကိုငါ ဒီနေရာမှာ တွေ့တုန်းက မင်းကို ဒီနေရာမှာ ငါ ထပ်မမြင်ချင်ဘူးလို့ ပြောခဲ့တယ်။ မင်းမှတ်မိလား။”
တရားခံ။ ။ “မှတ်မိပါတယ် တရားသူကြီးမင်း။ ဒီရဲသားတွေကို ကျွန်တော် အဲဒီအတိုင်း ပြောပြပါတယ်။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို မယုံကြဘူး။”

မတတ်နိုင်ဘူး

ဆရာဝန်တစ်ယောက်ဟာ ဂွကျတဲ့ လူ့မလိုင် တစ်ယောက်ကို စမ်းသပ်ဖို့ အခြေအနေ ဖြစ်လာပါတယ်။
“ကောင်းပြီ။ ခင်ဗျား ဘာဖြစ်သလဲ ကျွန်တော့်ကို ပြောပါ။” လို့ ဆရာဝန်က ပြုံးပြုံးရွှင်ရွှင်နဲ့ မေးပါတယ်။
“ကျွန်တော် ဘာဖြစ်သလဲ ဆိုတာကို ရှာဖွေဖို့က ခင်ဗျား အလုပ်ပဲလေ။” လို့ လူ့ဂွစာက ပြန်ပြောပါတယ်။
ဆရာဝန်က ခဏ စဉ်းစားပြီး ပြောပါတယ်။
“ကောင်းပြီ။ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ပေးပါ။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို သွားခေါ်ချင်လို့ပါ။ သူက တိရိစ္ဆာန် ဆရာဝန်လေ။ ကျွန်တော် သိသမျှ လူထဲမှာ မေးခွန်းမမေးပဲ ရောဂါရှာနိုင်တဲ့ သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိတယ်။

စာလုံးပေါင်းမှားရခြင်း

ဝယ်သူ။ ။ “ခင်ဗျားဆိုင် ပြတင်းပေါက်က ကြော်ငြာထားတဲ့ စာတမ်းမှာ ဘာလို့ စာလုံးပေါင်းရော သဒ္ဒါရော အမှားတွေ အများကြီး ဖြစ်နေရတာလဲ။”
ဆိုင်ရှင်။ ။ “ဒါက ဒီလိုပါ။ အဲဒီစာတမ်းကို တွေ့တော့ လူတွေက ကျွန်တော့်ကို ငတုံးငအ လို့ ထင်ပြီး ကျွန်တော့်ဆီက ဝယ်ရင် ပေါချောင်ကောင်း ရမယ်လို့ ထင်ရတယ်။ အဲဒီ ကြော်ငြာ ချိတ်လိုက်တဲ့အချိန်က စပြီး ကျွန်တော့်ဆိုင် ရောင်းကောင်းလာတော့ တာပါပဲ။”

(Reader Digest Best Jokes ထဲက ဟာသတွေကို ဖူးနုသစ် ဘာသာပြန်ထားတာပါ။)
•Friday, September 25, 2009
*ဟာသအတွေးလေးများ*

(၁)
"ရထားဖြတ်သွားတိုင်း ကျွန်မတို့ အိမ်က ကုတင်က လှုပ်နေတတ်တယ်" ဟုအမျိုးသမီး
တစ်ဦးက အိပ်ရာကုတင်ရောင်းသော လူကိုဖုန်းဆက်သည်။ ထိုလူလာရောက် စစ်ဆေးသောအခါ
ထိုလူအားကုတင်ပေါ်တွင် လှဲလှောင်းစေ ပြီး ရထားလာချိန်တွင် ကုတင်လှုပ် မလှုပ်
ကိုယ်တွေစမ်းသပ်ခိုင်းသည်။
ထိုလူကုတင်ပေါ်လှဲအချတွင် အမျိုးသမီး၏ ယောက်ကျားပြန်အလာနှင့် တိုးသည်။
"ကျုပ်မိန်းမ ကုတင်ပေါ်မှာ ခင်ဗျားဘာလုပ်နေသလဲ" ဟု မေးရာ ထိုလူက
"ကျွန်တော် ရထားစောင့်နေတယ်လို့ ပြောရင် ခင်ဗျားယုံမလား" ဟု ပြန်ဖြေသည်။
အမှန်ပြောသော စကားအချို့သည် လိမ်နေသည်နှင့် တူပြီး လိမ်ပြောသော စကားအချို့သည်
သံသယမရှိ ယုံကြည် စေတတ်သည်။

(၃)
Franklin Delano Roosevelt အမေရိကန်သမတ္တ မဖြစ်ခင် နေအိမ်တွင်
အခိုးခံရဖူးသည်။သူငယ်ချင်းများက အကျိုးအကြောင်း လာရောက်မေးမြန်းကြသည်။
Roosevelt က ထိုသို့ ပြန်ဖြေလေသည်။
"လာရောက်မေးမြန်းကြတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်.ကျွန်တော်
ဘာမှမဖြစ်တဲ့အပြင် ကျွန်တော်စိတ်ဟာ တည်ငြိမ်နေပါတယ်..ဘာဖြစ်လို့လဲဆိုတော့..
သူခိုးဟာ ကျွန်တော်ရဲ့ ပစ္စည်းတွေခိုးသွားခဲ့ပေမဲ့ အသက်ကို
ရန်မရှာခဲ့ဘူး...ပစ္စည်းတွေ ခိုးသွားခဲ့ပေမဲ့ အကုန်လုံးကို ခိုးမသွားခဲ့ဘူး....
ကျွန်တော် ၀မ်းအသာဆုံးက သူခိုးဟာ တစ်ခြားလူဖြစ်ပြီး
ကျွန်တော်ကိုယ်တိုင်မဟုတ်လိုပါပဲ"

(၄)
Winston Churchill (British Prime Minister 1874-1965) တစ်ခါကဟောပြောပွဲတွင်
စင်အောက်မှ လူတစ်ဦးက
စာတစ်စောင် လှမ်းပေးသည်။ စာထဲတွင် (လူပြိန်း) ဟုသာရေးထားသည်။ စင်အောက်တွင်
သူ့အား ကန့်ကွက်မည့်
သူများ သူအား အရှက်ကွဲစေရန် လုပ်လိုက်ကြောင်း သူသိလိုက်သည်။ Churchillမှာ ဘာမှ
မဖြစ်သည့်ပုံစံဖြင့် ...
"ကျွန်တော် စာတစ်စောင် ရလိုက်တယ်... စာရေးသူဟာ စာထဲမှာ
အကျိုးအကြောင်းရေးဖို့မေ့ပြီး သူ့နာမည်ပဲရေး
ထားတယ်" ဟုပြောသည်။
စိတ်မဆိုးသည့်အပြင် ဟာသနှောပြီးတစ်ဖက်လူအား အလိမ္မာနည်းဖြင့်
အနိုင်ယူလိုက်ခြင်းဖြစ်သည်။

ဟာသထဲက ဟာသ
အပိုင်း (၁)
တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးသည် သဲကန္တာရ တစ်ခုတွင်ခရီးအတူ
သွားကြသည်။ တစ်နေရာရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းအဖုံးကို
ဖွင့်လိုက်သောအခါထိုပုလင်းကို စောင့်သော နတ်သား တစ်ပါး ထွက်လာသည်။
(အာလာဒင်ပုံပြင် မဟုတ်ပါ) နတ်သားက တစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကို
တောင်းဆိုစေသည်။

ပထမဦးစွာ အင်္ဂလိပ်လူမျိုးက "ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒကရော"
" ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်"
"တတိယ ဆန္ဒကရော"
"ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ"
သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကို
ပြန်သွားရသည်။

တဖန် ပြင်သစ်လူမျိုးက " ကျွန်တော်မျိုး မိန်းမလှလှလေး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒပြောပါ"
" မိန်းမလှလှလေး နောက်တစ်ယောက် ထပ်လိုချင်တယ်"
"တတိယ ဆန္ဒပြောပါ"
"ကျွန်တော်မျိုးရဲ့ နိုင်ငံကို ပြန်ပို့ပေးပါ"
ပြင်သစ်လူမျိုးမှာ မိန်းမလှလေးတွေ အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရသည်။

နောက်ဆုံး တရုတ်လူမျိုး အလှည့်တွင် "ကျွန်တော်မျိုး ရေဆာတယ်
ရေတစ်ပုလင်းအရင်ပေးပါ"
"ဒုတိယ ဆန္ဒပြောပါ"
"ရေနောက်ထပ် တစ်ပုလင်းပေးပါ"
"တတိယ ဆန္ဒပြောပါ"
"ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိရနေတယ်။ သူတို့ ဒီပြန်ရောက်အောင်
လုပ်ပေးပါ"

အပိုင်း (၂)

အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်ဖြင့် တရုတ်လူမျိုးနှင့် အတူ
ခရီးဆက်ပြန်သည်။ တစ်နေရာ ရောက်သော်
ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်ရာ
နတ်သားတစ်ပါးထွက်လာပြန်သည်။ နတ်သားက တစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၂)မျိုးကို
တောင်းဆိုစေသည်။

အင်္ဂလိပ်နှင့်ပြင်သစ် လူမျိုးက တရုတ်လူမျိုး အကောက်ကြံမည် စိုးသောကြောင့်သူ့အား
အရင် တောင်းဆိုစေသည်။
တရုတ်လူမျိုး " ကျွန်တော်မျိုးအား ရေတစ်ပုလင်း အရင်ပေးပါ"
နတ်သား " နောက်ဆုံးတစ်ခု တောင်းဆိုချင်တာက ... "
" နောက်ဆုံးတောင်းဆိုချင်တာက အရှင် ဒီကထွက်သွားပါ"
အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင် နတ်သားမှာ ပျောက်ကွယ်သွားသည်။

အပိုင်း (၃)

အင်္ဂလိပ်နှင့် ပြင်သစ်မှာလည်း ဒေါသထွက်ပြီး ခရီးဆက်ပြန်သည်။တစ်နေရာတွင်
ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီး
တစ်ယောက်စီ ကြိုက်နှစ်သက်ရာဆန္ဒ(၁)မျိုးကို တောင်းဆိုစေသည်။
အင်္ဂလိပ်လူမျိုး "ဒီတရုတ်လူမျိုးကို မမြင်ချင်တော့ဘူး"
ပြင်သစ်လူမျိုး " ကျွန်တော်မျိုးလည်း သူ့ကို မမြင်ချင်ဘူး"
တရုတ်လူမျိုး "သူတို့တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့"

အပိုင်း (၄)

အင်္ဂလိပ်နှင့် ပြင်သစ်မှာ လက်သီးကိုဆုတ် အံကိုကြိတ်ပြီး ခရီးဆက်ပြန်သည်။
တစ်နေရာတွင် ပုလင်းတစ်လုံး တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီးသူတို့(၃)ဦးကို
လိုအင်ဆန္ဒ တစ်ခုပဲ တောင်းဆိုစေသည်။ အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးက
တရုတ်လူမျိုးကို တောင်းဆိုစေပြီး နတ်သားအားလည်း သူ၏ဆန္ဒမပြည့်စေရန်
တိုးတိုးပြောသည်။

တရုတ်လူမျိုးက "ကျွန်တော်မျိုး တောင်းဆိုချင်တာက
သူတို့နှစ်ဦးကိုနေရပ်ပြန်ပို့ပေးလိုက်ပါ။ ကျွန်တော်မျိုးနဲ့ ဒုက္ခခံ
နေတာ မကြည့်ရက်လို့ပါ " ဟူတည်း။


*ကလေးအတွေး*

.
(၁)
ဖခင်.....သား မတတ်တာ ဘာရှိလဲ ဖေဖေ့ကို ပြောပြ။
သား.....ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂)ခုပဲရှိတယ်။
ဖခင်.....ဟာ....ငါ့သား တယ်တော်ပါလား...ဘယ်(၂)ခု မတတ်တာလဲ။
သား.....သား "ဒီဟာ" လဲ မတတ်ဘူး။ သား "ဟိုဟာ" လဲ မတတ်ဘူး။
ဖခင်.......... ^&(*&!")(!_)£$"

(၂)
ဖခင်..........သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
သား..........ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့....သားကြီးလာ ရင်
ဘွားဘွားကိုယူမယ်။
ဖခင်.........ဟာ....ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြော လို့မရဘူး
သား..
သား........ ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။
ဖခင်.........^&!()%^$%!$"*(

(၃)
ဖခင်........... သား ၁ နဲ့ ၁ ပေါင်း ဘယ်လောက်ရလဲ
သား........... မသိဘူး ဖေဖေ
ဖခင်......... လူအ..၂ ရတယ်...ဟင်း...ဒါလေးတောင်မသိဘူး။ ဒါဆိုရင်ဖေဖေနဲ့
သားပေါင်းရင် ဘာရလဲ။
သား........... ဖေဖေနဲ့ သားပေါင်းရင် လူအ နှစ်ယောက်ရတယ်။
ဖခင်...........&^!*"^!%"$!£")(*)

(၄)
"နင့်အမှတ် ဘယ်လောက်ရလဲ"
"သုည ..နင်ကော"
"ငါလဲ သုညပဲရတယ်"
"အမှတ်ချင်း တူနေပြန်ပြီ ဆရာက ငါတို့ကို ခိုးကြည့်တယ် ပြောဦးမလား မသိဘူး"
ဖခင်........ဟင်း....ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ ရမှတ်က သုညတဲ့...ဟင်း
သား........ ဆရာမက ပြောတယ်..ဘယ်အရာမဆို သုညက စရမယ်တဲ့။
ဖခင်............&*!^"!%"!^%"!08

(၅)
ဖခင်.......... ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့ တုန်းက
ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
သား........... ဖေဖေ....သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်....
ဖခင်............&*!^"!%"!^%"!08

*တွေးတွေးပြီး.......ရယ်*

.
(၁)
တခါက တိုင်းပြည် အကြီးအကဲ တဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်
တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီးသို့
ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

အကြီးအကဲ..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်......ဒါပေမယ့် တံဆိပ်ခေါင်းကော်
သိပ်မကပ်ဘူးလို့ ပြောကြတယ်။
အကြီးအကဲ......မဖြစ်နိုင်တာ
ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေး ကာ
စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
အကြီးအကဲ........ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး.......သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။

(၂)
တခါက အကြီးအကဲသည် ညအချိန်တွင် တယောက်တည်း အပြင်ထွက်မိရာ လမ်းတွင်
လုယုက်သူနှင့် တိုးသည်။
လုယုက်သူ.......ပါသမျှ ပိုက်ဆံ အကုန်ထုတ်
အကြီးအကဲ.....ငါဘယ်သူလဲ သိလား...ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲ ကွ
လုယုက်သူ......ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး

(၃)
တခါက အကြီးအကဲသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခရီးထွက်ကြသည်။ လမ်းတွင်
မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး
ဆေးရုံသို့ ရောက်သွားကြသည်။ အကြီးအကဲ၏ သတင်းကို မေးမြန်းစုံစမ်း ရန်အတွက်
သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့
ကြသည်။

သတင်းထောက်....ဆရာ...ဆရာ..အကြီးအကဲ အခြေအနေ ဘယ်လိုလဲ
ဆရာဝန်..........အင်း...အခြေအနေ မကောင်းဘူး
သတင်းထောက်......သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်........သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်......ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်........ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ

(၄)
တခါက အကြီးအကဲသည် စိတ္တဇဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သည်။ဆေးရုံရှိ
လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. "အကြီးအကဲ ကျန်း
မာပါစေ...နေကောင်းပါစေ....သက်တော်ရှည်ပါစေ..."ဟု ကောင်းချီးပေး ကာ
ကြိုဆိုကြသည်။ သို့သော် ထိုလူနာတဦးမှာ ဘာမှမပြောဘဲ အကြီးအ
ကဲအား မျက်နှာလွှဲပြီး နေသည်။ အကြီးအကဲက မြင်သော် "ဒီလူနာက ငါ့ကိုမြင်တာတောင်
မကြိုဆိုပါလား" ဟု ဆေးရုံအုပ်အား မေးလိုက်သည်။
ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ "လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်းနေတယ်"
ဟူတည်း။

forward မေးတစ်ခုမှ
*ဖတ်ဖူးတာလေး မျှဝေလိုက်ပါတယ်။*

ထိရဲရင် ထိကြည့်

သွားဆရာဝန် ဆီသို့ လူနာ တစ်ဦး ရောက်လာလေသည်။
``ဆရာ ကျွန်တော် သွားနှုတ်ချင်လို့ .. ဒါပေမယ့် ... အရမ်းနာမှာကို ကြောက်တယ်ဗျ..´´
``ဟာ.. ဒီအတွက်တော့ မပူနဲ့ … ကျွန်တော့မှာ ရဲဆေးရှိတယ်ဗျ…´´ ဟုဆိုကာ ၀ီစကီ တစ်ခွက် တိုက်လိုက် လေသည်..
``ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´
``ဟုတ်ကဲ့… ကျွန်တော် သတ္တိတွေ ရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´

မှား/မှန်

စာမေးပွဲတစ်ခုတွင် မှား၊မှန် မေးခွန်း အမျိုးအစားများကိုသာ မေးလေသည်။
ကိုနှင်ဆီသည် ပိုက်ဆံ အကြွေစေ့ တစ်စေ့အား မြှောက်ကာ အဖြေများအား ချရေးလေသည်။ ပရော်ဖက်ဆာက စဉ်းစားလေသည်။

သူကတော့ အရင်ဆုံး ပြီးတော့မှာပဲ။
စာမေးပွဲ အချိန်ပြည့်သွားလေသည်။
ကျန်ကျောင်းသားများသည် အဖြေများရေးပြီး၊ အဖြေစာရွက် အပ်ကာထွက်သွားသော်လည်း ကိုနှင်းဆီမှာ အကြွေစေ့အားဆက်၍မြောက်နေဆဲပင်ဖြစ်လေသည်။

ပရော်ဖက်ဆာသည် စိတ်တွင် မရိုးမရွှဖြစ်လာကာ၊ ကိုနှင်းဆီအားမေးလေသည်။

မင်း မေးခွန်းအားလုံးကို ဖြေပြီးပြီ မဟုတ်လား။
- ဟုတ်ကဲ့ဖြေပြီးပါပြီ။
- အေး ဒါဆို ဘာဆက်လုပ် နေတာလဲကွ။
- အဖြေ ပြန်စစ်နေတာ ခင်ဗျ။

မုန့်စားပြိုင်ပွဲ
နိုင်ငံပေါင်းစုံ ပေါင်မုန့်စား ပြိုင်ပွဲတခု ကျင်းပသည်။ တစ်ကြိမ်တည်းနှင့် မည်သည့် နိုင်ငံသားက အများဆုံး စားနိုင်သလဲ ဆိုသည်ကို
ဖော်ထုတ်မည့်ပွဲ ဖြစ်သည်။

ပထမဆုံး ဗလကောင်းကောင်းနှင့် ကိုရီယားသား ကိုနေစိုးထိုက်တိုး ထွက်လာသည်။ ပေါင်မုန့်နှစ်လုံးကို စားလိုက်သည်။ နောက်ထပ် မစားနိုင်တော့။

စင်ကာပူနိုင်ငံသား ကိုဒဿထွက်လာသည်။ ပေါင်မုန့် သုံးလုံး စားနိုင်သည်။ နောက်ထပ် ထပ်မစားနိုင်တော့။ တရုတ်နိုင်ငံသား ကိုကျန်ဝမ်း အလှည့် ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင် စားနိုင်သည်။ နောက်ထပ် မစားနိုင်တော့…

မြန်မာ နိုင်ငံသား ကိုဘောလုံး ထွက်လာသည်။ တလုံးကုန်အောင်မပြောနှင့် လေးပုံတပုံတောင် မနဲကုန်အောင် စားနေရသည်။ ကိုဘောလုံးကို ပြိုင်ပွဲဝင်ရန်စေလွှတ်သည့် ပြိုင်ပွဲ တာဝန်ခံအား ခေါင်းဆောင်က ခေါ်ပြီး ကြိမ်းမောင်းသည်။

“ဘယ်လိုကောင်မျိုးကို မင်းလွှတ်လိုက်သလဲကွ။ ငါလို အသက်ကြီးတဲ့ လူတောင် ကြိုးစားစားရင် တလုံးတော့ ကုန်နိုင်ပါတယ်ကွ”
တာဝန်ခံက ပြန်ပြောသည်။ “ဒီလူဟာ အခုလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော်လဲ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။ ပြိုင်ပွဲ မစတင်မီ ၁၀ မိနစ်အလိုမှာ ကျနော်တို့ သူ့ကို ကြိုတင် လေ့ကျင့်ခိုင်းတုန်း ကတောင် တခါတည်းနဲ့ ၁၂လုံးကုန်အောင်
စားပြလိုက်သေးတယ် ခင်ဗျ”

ကံကောင်းလို့ 

တစ်ခါကပေါ့...လူတစ်ယောက်ဟာ ခရီးတစ်ခုထွက်လာခဲ့သတဲ့။

အဲဒီလိုနဲ့  ခရီးသွားနေတုန်း သူသွားနေတဲ့လမ်းမရဲ့ အလယ်ခေါင်မှာ ၀ါထိန်ထိန် အပုံတစ်ပုံကိုမြင်လိုက်ရသတဲ့။ စူးစမ်းလို စိတ်ရှိနေလို့ လားတော့မသိဘူး။အဲဒါဟာဘာဖြစ်မလဲဆိုတာကို သူအရမ်းသိချင်တာပဲတဲ့။ ခြေထောက်နဲ့ ထိုးကော်ကြည့်ဖို့ ကလည်းဖိနပ်လေးက အသစ်ဆိုတော့ပေသွားမှာကြောက်တာပေါ့။ဒါနဲ့ အဲဒီအပုံကို အနံ့ ခံကြည်ုပြန်တော့လည်း နှာခေါင်းကပိတ်နေတော့ ဘာနံ့ မှမရဘူးဖြစ် နေတယ်တဲ့။ အမှန်တော့ အဲဒီအပုံကိုကျော်ပြီး ကိုယ်သွားချင်တဲ့နေရာကို သွားလို့ ရနေတာပဲလေ။ စပ်စုချင်စိတ်များ ပြောပါတယ် ဘာပုံလဲဆိုတာကသိချင်စိတ်ကအရမ်းပြင်းပြလာတယ်တဲ့။ နောက်ဆုံးတော့ခရီးသွားဟာ အဲဒီ အပုံကြီးကို လက်ညှိုးလေးနဲ့ ကလော်ပြီး လျှာနဲ့ လျက်ကြည့်လိုက်သတဲ့။အဲဒီနောက်တော့သူဘာပြောလိုက်တယ်ထင်သလဲဟင်

" ထွီ...ကံကောင်းလို့ ပါလားဟေ့...မစင်ပုံကြီးကိုးကွ...ငါလျက်ကြည့်မိလို့ သာပဲ...နိုမို့ ဆို ငါ ဒီမစင်ပုံကြီးကို တက်နင်းမိတော့ မလို့ ..ကံကောင်းလို့ဟေ့" တဲ့ ဗျား။

စာဖတ် ပရိတ်သတ်ကြီးလည်း ကံကောင်းနိုင် ကြပါစေနော် ဟဲဟဲ


သူ့အတွေး

ကျောင်းသားလေး တစ်ယောက်ကို သူ့ အမေက ကျောင်းလာအပ်တယ် ... သူ့ သားက အရမ်းတော်လွန်း၊ ဉာဏ်ထက်လွန်းလို့ သူငယ်တန်း ကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့
တောင်းဆို တယ်တဲ့ ... အဲဒါနဲ့ ကျောင်းအုပ် ဆရာကြီးကလည်း
စာမေးတာပေါ့ ...

ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...

ဒါပေမဲ့ .. သုံးတန်း ဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး ... ငါလဲ မေးဦးမယ်ဆိုပြီး စစ်ပါလေရောတဲ့ ....

ဆရာမ။ ။ သားလေး ... ဆရာမတို့မှာ နှစ်ခု ပဲ ရှိတယ် ... နွားမှာ လေးခု ရှိတယ် .. အဲဒါ ဘာလဲ ....
ကလေး။ ။ ခြေထောက်ပေါ့ ချာမရဲ့ ....
ဆရာမ။ ။ ဒါဆို သားလေးရဲ. အောက်မှာ နှစ်ခု ရှိတယ် ... ဆရာမဆီမှာ တစ်ခုမှ မရှိဘူး ... အဲဒါရောဘာလဲ ...
ကလေး။ ။ အိပ်ကပ်ပေါ့ .. ချာမဆီမှာ ရှိမှ မရှိတာ .. သားသားမှာ နှစ်ခု ..
ဆရာမ။ ။ ဟားးးးးး ... တယ်တော်တဲ့ ကလေးလေးပဲ .. အိုကေ .. သား သုံးတန်းမှာ ..
တက်ခွင့် ရသွားပြီ ...
ကျောင်းအုပ်။ ။ နေ .. နေ ပါအုံး .. ဆရာမရယ် ... ဒီကလေးကို ငါးတန်းပဲ
ပို့လိုက်ပါ .. ကျွန်တော် တွေးတာနဲ့ သူဖြေတာ တစ်ခြားဆီပဲ ....

လူလည်

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က
အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ
ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့ မြို့မှာ အဆောက်အဦး တွေကို ဒီလို
ရေတွက်ချင်တိုင်း ရေတွက်လို့ မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။
အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

(တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....

( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့် လက်မှတ်
ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး
သူတွေးနေတာက

“ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့ တွေ့တော့ ခံလိုက်ရတာပဲ။ ဟီးဟီးဟီး................ .. ငါကဖြင့် 15 ထပ် လောက်တောင်
ရေပြီးပြီ ” တဲ့။

သူခိုးနှင့် ချာတိတ်

သူခိုး တစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ် အရွယ်ရှိ ချာတိတ် တစ်ယောက်ကို မထင်မှတ်ဘဲ
တွေ့လေသည်။
“ ဟေ့ ချာတိတ် ...မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ”
“ မရှိဘူး ” ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့်
ကြည့်သည်။ “ အဲဒါဆို ရေ တစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ” ဤသို့ ပြောပြီး
သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ် ဘီဒိုကို ဖွင့်ပြီး
လိုချင်တာ ယူလိုက် မည်ဟု တွေးသည်။ သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည်
ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေး လိုက်သည်။ ဘာမှ မတတ်နိုင်
ရေခွက်ထဲက ရေကို သောက်ချလိုက်ရသည်။ “ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ
” ဘီဒို ထဲမှ သိုးမွှေးအင်္ကျီကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး
ရေခွက်ကို ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက်
ယူရန် ပြောသော အခါ ချာတိတ်လေးက ပြန်ဖြေသည်။ “ ဦးလေးကြီး ကျွန်တော်
မယူလာနိုင်တော့ဘူး..... ရေပိုက်ခေါင်းကို
ကျွန်တော် လက်နဲ့ မမှီဘူး၊ အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”

သိပြီးသား

စိတ်ရောဂါ ဖြစ်နေကြသူ ကိုစကူ နဲ့ ကိုဇော်ဂျီ တို့ ငှက်ပျောသီး စားနေကြသည်။
ကိုဇော်ဂျီ က ပြောသည်။
`ဟေ့... မင်းဘာဖြစ်လို့ အခွံမနွှာသလဲကွ´ စကူပြန်ဖြေသည်
`ဘာ နွှာစရာလိုသလဲ ၊ အထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပြီးသားပဲဟာ ´

ချိုသာစွာပြောပါ

လေယာဉ်တစ်စီး ... စက်ချို့ယွင်း နေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ..။
အားလုံးက ဘုရားတလို့ ... အဲဒါကို Pilot က လေယာဉ်မယ်ကို ...
ခရီးသည်တွေကို အားပေးစကားပြောဖို့ လွှတ်လိုက်တဲ့ အခါ ... လေယာဉ်မယ်က ချိုချဉ်ဗန်းလေး
ကိုင်လို့ အပြင်ထွက်သွားပြီး .... " ကဲ ... ခရီးသည်များရှင် ... မသေခင်လေး
... အချိုတည်း ကြရအောင် ... " တဲ့ ...

ယူမိသည့် တာဝန်

“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ”
ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော် ယူလိုက်ပြီ လေဗျာ ” ဟု ဖြေလေသည်။
သြော်...ယူမိသည့် တာဝန်များနော်............ ...

မေးလ်ထဲက ရလို့ ပြန်လည်မျှဝေပါတယ်ဗျာ...။ ဘဝ အမောတွေ ပြေနိုင်ပါစေ...။
•Sunday, September 20, 2009
၁။ မျဉ်းဝါမှတစ်ဆင့် လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျောက်လျက်ရှိ၊
၂။ AIDS ရောဂါကို လူတိုင်းကြောက်ရွံ့၊
၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စဆွေးနွေး၊
၎။ နှာခေါင်းတွင် အပေါက်နှစ်ပေါက်မပါပါက လူများအသက်ရှုရာတွင်
အခက်အခဲတွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို၊
၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ၊
၆။ ကျောင်းသားတစ်ဦး ကျောင်းကားပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းဆွေးနွေး၊
၇။ နားမကြားသူများ နားကြားကိရိယာအသုံးမပြုပါက နားကြားရမည်မဟုတ်ဟု
ကျွမ်းကျင်သူများပြောကြား၊
၈။ ခရီးသည်တင်ကားများတွင် ထိုင်ခုံမရပါက မတ်တတ်စီး၍ လိုက်ပါနိုင်၊
၉။ မဆင်မခြင်သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်၊
၁၀။ ရထားစီးစဉ် ပြတင်းပေါက်များဖွင့်ထားပါက လေကောင်းလေသန့်ရနိုင်၊
၁၁။ယမန်နေ့ ညနေပိုင်းက နေသည် အနောက်ဖက်ရပ်သို့ ဝင်ရောက် ပျောက်ကွယ်သွားသည်ဟု
သဘာဝပတ်ဝန်းကျင်လေ့လာသူများက အခိုင်အမာဆို။
၁၂။ချစ်သူများနေ့သည် စနေနေ့ ဖြစ်သောကြောင့် ရုံးများ ပိတ်။

မျှဝေတာပါ
•Sunday, September 20, 2009
ယောက်ျားတွေ ဘာလို့ ညာကြတာလဲ ?

တစ်နေ့ မှာ သစ်ခုတ်သမားတစ်ယောက်ဟာ မြစ်ကမ်းထက်နားက သစ်ပင်တစ်ပင်ရဲ့ အကိုင်းကို အားရပါးရ ခုတ်နေ ပါတယ် ။အဲ....အဲလိုခုတ်နေရင်းနဲ့ သူ့ ရဲ့ လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို ပြုတ်ကျသွားပါလေရော။ သူလဲ ဘာလုပ်ရမှန်းမသိတော့တာနဲ့ ပဲ မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။အဲဒီအချိန်မှာ မြစ်ကို စောင့်တဲ့ နတ်မင်းကြီးပေါ်လာပြီး သစ်ခုတ်သမားကို အခုလိုမေးသတဲ့ ။

"အသင် ဘာကြောင့် ငိုနေရတာလဲ ?"

"ကျွန်တော်မျိုး ရဲ့ ပုဆိန် မြစ်ထဲကို ကျသွားလို့ ပါ အရှင် ။ ပုဆိန်မရှိ ပဲကျွန်တော်မျိုးဘယ်လို အလုပ် ဆက်လုပ်ရ ပါ့မလဲ "လို့ သစ်ခုတ်သမားက ပြန်ဖြေတယ် ။
နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ရွှေပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။

"ဒါ သင်၏ ပုဆိန်လား ? "
"မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ပြန်ဖြေတယ်။

နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ငွေပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပြန် ပါတယ်။

"ဒါ သင်၏ ပုဆိန်လား ? "
"ဒါလဲ မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ထပ်ဖြေတယ်။

နောက်တစ်ကြိမ် နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး သံပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပြန် ပါတယ်။

"ဒါ သင်၏ ပုဆိန်လား ? "
"ဟုတ်ပါတယ်" သစ်ခုတ်သမားက ၀မ်းသာအားရ နဲ့ ဖြေတယ် ။

နတ်မင်းကြီးဟာ သစ်ခုတ်သမားရဲ့  ရိုးသားမှု ကို နှစ်သက်ကျေနပ်သွားပြီး ပုဆိန် (၃) လက်လုံးကို ပေးလိုက်တဲ့ အခါ သစ်ခုတ်သမားလည်း ၀မ်းသာအားရနဲ့  အိမ်ကို ပြန်သွားပါတော့တယ် ။

သိပ်မကြာတဲ့ ကာလတစ်ခုမှာ သစ်ခုတ်သမားဟာ သူ့ ရဲ့ ဇနီး နဲ့ အတူ မြစ်ကမ်းနဘေးကို လမ်းလျှောက်ထွက် လာခဲ့ပါတယ်။မမျှော်လင့်ပဲ သူ့ ရဲ့ မိန်းမဟာ မြစ်ထဲကို ခြေချော်ပြီး ပြုတ်ကျသွားပါရော ။ ဒီတစ်ခါလည်း ဘာလုပ် ရမှန်းမသိ ငိုနေတဲ့ အတွက် မြစ်စောင့်နတ်မင်းကြီးဟာ ပေါ်လာပြန်တယ်။

"ဟယ်... မောင်မင်း ဘာဖြစ်လို့ ငိုနေရပြန်တာတုန်း?"

" ကျွန်တော်မျိုးရဲ့  မိန်းမ မြစ်ထဲကို ပြုတ်ကျသွားလို့ ပါ ။မိန်းမ မရှိပဲကျွန်တော်မျိုး ဘယ်လိုလုပ် အဲ...ဘယ်လိုလုပ် ရပါ့မလဲ "

နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး "မိုးဟေကို" နဲ့ အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။

"ဒါ သင်၏ မိန်းမ လား ? "
"ဟာ...ဟုတ်ပါတယ်" အော်ပြီးတော့ကို သစ်ခုတ်သမားက ပြန်ဖြေလိုက်တယ် ။
နတ်မင်းကြီးဟာ ဒေါသအလွန်ထွက်သွားပြီး ပြောတယ်-
"မင်း ညာတယ် ။ ဒါဟာ လိမ်လည်မှုပဲ "

"အိုး....ခွင့်လွှတ်ပါ အရှင်။ ဒါဟာ အထင်လွဲမှားမှု တစ်ခုပါ ။ ကျွန်တော်မျိုးရှင်းပြ ပါရစေ။ တစ်ကယ်လို့  ကျွန်တော် မျိုးက "မိုးဟေကို" ကိုမဟုတ်ပါဘူးလို့  ငြင်းခဲ့မယ်ဆိုရင် အရှင်က "သင်ဇာဝင့်ကျော်" နဲ့ အတူ နောက်တစ်ကြိမ် ပေါ်လာဦးမယ် ။အဲ ကျွန်တော်မျိုးက မဟုတ်ပါဘူး ထပ်ပြောမှအရှင်က ကျွန်တော်မျိုး မိန်းမ ကို ခေါ်ပြီးပေါ်လာမယ် ။ အဲဒီ အခါကျ ကျွန်တော်မျိုးက "ဟုတ်ပါတယ်" ဆိုရင် အရှင်က သဘောကျပြီး (၃) ယောက်လုံး ကျွန်တော်မျိုးကို ပေးပါတော့မယ် ။ နတ်မင်းကြီးရယ်...ကျွန်တော်က ဆင်းရဲတဲ့ သစ်ခုတ်သမားလေး ပါ ။ ဘယ်လို လုပ်ပြီး မိန်းမ (၃)ယောက်ကို ဂရုတစိုက် လုပ်ကိုင်ရှာဖွေ ကျွေးနိုင်ပါ့မလဲ ။ ဒါဆိုရင် ကျွန်တော်ဘာ ကြောင့် လိမ်ညာရတယ် ဆိုတာ အရှင်သဘောပေါက်မယ် ထင်ပါတယ် "


မျှဝေလိုက်တာပါ...သဘောကျပြီး မှန်ကန်တယ်ထင်မိလို့လေ....

The moral of this story is:

Whenever a man lies, it is for a good and honorable reason, and for the benefit of others. I hope you all agree that. Ha Ha!! Keep the faith..!

May all be happy and peaceful forever!

မျှဝေတာပါ...herostar
•Sunday, September 20, 2009
အိုဆေး
အမျိုးသမီးတစ်ဦးသည် အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင်
လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိ
မ့်နေသောလူကောင်သေးသေး
အဖိုးအိုတစ်ဦးကိုမြင်သဖြင့်စကားသွားပြောသည်။
" ဒီလောက်ပျော်နေတာကိုမြင်တော့ဂရုမထားပဲမနေနိုင်တော့လို့
ပါ။ ဒီလိုပျော်ပျော်ကြီးအသက်ရှည်ဖို့လျှို့ဝှက်ချက်ကဘာပါလဲရှင့်"
" တစ်နေ့ကိုစီးကရက်သုံးဘူးသောက်တယ်။တစ်ပတ်ကို
ဝီစကီတစ်သေတ္တာကုန်တယ်။ အဆီများတဲ့အစားအသောက်တွေကိုစားပြီး
လေ့ကျင့်ခန်းမလုပ်ဘူး "
" အံ့သြစရာပါလား။အသက်ဘယ်လောက်ရှိသွားပြီလဲ"
" နှစ်ဆယ့်ခြောက်နှစ်.."

ကောင်းရော....

တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို
သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ်
တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး
အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက
"အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က
ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။

ဖြစ်ရလေကွယ်....
ဆရာမတစ်ဦးကမူကြိုကလေးတွေကိုအိမ်မွေးတိရိစ္ဆာန်အခေါ်အဝေါ်တွေ
သင်ပေးနေတယ်။ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။
မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။
မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်ကထအော်လိုက်တယ်"မေမေ"တဲ့။

တီဗွီတစ်လုံး မြန်မြန်ပေးပါ

ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့
ကောင်လေးကအမေကိုပူဆာတယ်။ ကောင်လေးကဆိုးပေပြီးစာလည်းမကြိုးစားတဲ့အတွက်
အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက ကောင်လေးကို "ကောင်လေး ဘုရားသခင်ကို
စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်..
ဘုရားသခင်က တီဗွီတစ်လုံးလက်ဆောင်ပေးလိမ့်မယ်"လို့ပြောလိုက်တယ်။

ဒါနဲ့ကောင်လေးကဘုရားသခင်ထံစာရေးတော့တယ်။
"ချစ်လှစွာသော ဘုရားသခင်၊ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ
အများကြီးလုပ်ခဲ့ပါတယ်။ အခုဆိုခရစ်စမတ်ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော
သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ" လို့ ရေးလိုက်တယ်။
ကောင်လေးကစာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့
ဒုတိယတစ်စောင်ကိုကောက်ရေးလိုက်ပြန်တယ်။

"ဘုရားသခင်.. ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။
ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်"
လို့ ပြင်ရေးလိုက်တယ်။

ကောင်လေးကစာကိုတစ်ခေါက်ပြန်ဖြစ်ကြည့်ပြီး မကြိုက်လို့တတိယတစ်စောင်ကိုရေးလိုက်ပြန်တယ်။
"ဘုရားသခင်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။
ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်" လို့ ပြင်ရေးပြီး ဘုရားကျောင်းကိုသွားခဲ့တယ်။
ဘုရားကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့ ကောင်လေးကစတုတ္ထမြောက်စာကိုရေးပြီး
မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။

နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ စာတစ်စောင်ကျနေတာကို
တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့...
"ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို
တီဗွီတစ်လုံး မြန်မြန်ပေးပါ" ဟူတည်း။

မစားချင်ဘူးလား

စိတ္တဇဆေးရုံတွင်ဆေးရုံအုပ်ကြီးကလူနာများအား
ပြောကြားသည်မှာ...
" မနက်ဖြန်လူကြီးတစ်ယောက်ဆေးရုံမှာလာဟောပြောမယ်
သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့အားလုံး
လုပ်ခုပ်တီးကြပါ။ဒါဆို မင်းတို့ကိုကြက်သားဟင်းနဲ့
ထမင်းကျွေးမယ်။ "
ဟောပြောသောနေ့သို့ရောက်သောအဆင်ပြေစွာ
ဟောပြောပြီးဆုံးသောကြောင့်လူကြီးကလွန်စွာကျေနပ်
လေ၏။ထိုအခါဆေးရုံအုပ်ကြီးကချောင်းဟန့်လိုက်၏
ထင်ထားသည့်အတိုင်းအားလုံးက၀မ်းမြောက်စွာ
လက်ခုပ်တီးကြလေသည်။ သို့သော်မထင်မှတ်သော
အဖြစ်တစ်ခုလည်းဖြစ်သွားသည်။ထိုသည်ကား
လူနာတစ်ယောက်သည် ရုတ်တရက်လူကြီးဖြစ်သူအား
ပါးချလိုက်ခြင်းဖြစ်သည်။အားလုံးမင်တတ်နေစဉ်
သူပြောလိုက်သောစကားသည်ကား
" အရူး..မင်းကလက်ခုပ်တီးရမယ်ဆိုတာမသိဘူးလား
ကြက်သားဟင်းမစားချင်ဘူးလား။ "

ဟွန်း..မလိုရင်ကူပြီ

ရထားတစ်စီးပေါ်တွင်ပိန်ပိန်ပါးပါးအသက်ခပ်ကြီးကြီး
အမျိုးသားကြီးတစ်ယောက်ပုံကားအလွန်အားနည်းပုံပေါက်သည်။
သူဆင်းမည့်ဘူတာရောက်သောအခါတိုက်ရိုက်တည့်တည့်မဆင်း
နိုင်ပဲတံခါးပေါက်မှလက်ကိုင်သံတန်းကိုဖြည်းဖြည်းဆင်းနေသည်။
ကံကောင်းထောကမစွာဖြင့်ကူညီတတ်သောအစောင့်
တစ်ယောက်ရောက်လာပြီးသူကိုကျောမှထိန်းပေးသည်။သို့သော်
ရထားပေါ်တတ်ရန်းကြိုးစားနေသည်ဟုထင်၍ရထားပေါ်ပြန်တွန်းတင်
လိုက်သည်။တံခါးပေါက်ချက်ချင်းပိတ်သွားပြီးရထားကဆက်ထွက်
လာခဲ့သည်။အဘိုးအိုမှာနောက်ဘူတာရောက်သည်အထိသူ့အဖြစ်ကို
မကျေမနပ်ဖြင့်မည်တွန်တောက်တီးလာပါတော့သည်။

စိုးရိမ်တတ်တယ်..

ခွေးများကိုသhttp://problemclean.ning.com/profiles/blog/new#န့်ရှင်းရေးလုပ်ပေးရသူအဖြစ်လုပ်ပေးရသော
အမျိုးသမီးတစ်ယောက်အားခွေးကကိုက်လိုက်သည်။ထိုအခါနာကျင်
မှုကိုသတိပြုမိသွားသောအလုပ်ရှင်ထံမှစိုးရိမ်ပူပန်သောအသံထွက်
လာသည်။
" ညည်းဘာပဲလုပ်လုပ်အဖြုရောင်ခွေးပေါ်မှာတော့သွေးမပေ
စေနဲ့ "


ကွာရှင်းလိုကြောင်း

ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုကြောင်း လျှောက်ထားသော
အမျိုးသမီးတစ်ဦးအား စိတ်ပြောင်းရန် တရားသူကြီးက ကြိုးစားလျက် ရှိသည်။
"ခင်ဗျားက အသက် 92 နှစ်။ ခင်ဗျား ယောက်ျားက 94 နှစ်။ အိမ်ထောင်သက် 73
နှစ်ရှိပြီ။ ခုမှ ဘာကြောင့်ကွဲချင်ရတာလဲ" အမျိုးသမီးက ရှင်းပြသည်မှာ
"ကျွန်မတို့ အိမ်ထောင်ရေးက အဆင်မပြေတာကြာပါပြီရှင့်။ ဒါပေမယ့် ကလေးတွေ
သေတဲ့ ထိစောင့်ဖို့ ကျွန်မတို့ ဆုံးဖြတ်ထားကြလို့ပါ"

တယ်ဟုတ်ပါလား

ကားမောင်းသင်ဆရာက အလွန်အကျွံကြောက်တတ်သူ တစ်ဦးအား ကားမောင်းသင်ပေးလျက်
ရှိသည်း သူမမှာ နှစ်လမ်းမောင်းလမ်းပေါ်တွင် တစ်ဖက်မှ ကားတစ်စင်း
ချဉ်းကပ်လာတိုင်း ကြောက်လန့် တကြားဖြစ်တတ်သည်။
" ဒီတစ်ခါ တယ်ဟုတ်ပါလား" အမောင်းသင်ဆရာက ပြောလိုက်သည်။ အမောင်းသင် အမျိုးတစ်မီးက " ဟုတ်ကဲ့၊ ကျွန်မက ဟိုဘက်က ကားတစ်စီးလာ တာမြင်ရင်
မျက်စိမှိတ်ထားတာကိုး"

နိုင်ငံရေး သတင်းထောက်

လူ တစ်ယောက်သည် နိုင်ငံရေး သမားတစ်ဦး၏ သတင်းထောက်အဖြစ်
လျှောက်ထားလိုက်သည်။ လျှောက်လွှာတင်ပြီး မကြာမီ နိုင်ငံရေးသမား၏ ရုံးမှ
ပြန်ကြားစာကို သူရသည်။ " လူကြီးမင်း၏ ကိုယ်ရေးမှတ်တမ်းသည်
ပုံကြီးချဲ့မှု၊ သဘာဝ မဆန်မှု၊ အမှန်တစ်ဝက် မုသားတစ်ဝက် ဖြစ်မှု များ
ပြည့်နေပါသည်။ လူကြီး မင်း တနလာင်္နေ့တွင် အလုပ်စတင် ၀င်ရောက်နိုင်ပါသလား"



အချစ်အတွက်

မင်းကိုစပျစ်သီးလိုအချစ်ကြီးခဲ့တာတကယ်ပါ
ရှောက်သီးလိုလျှောက်ဖြီးတာမဟုတ်ပါဘူး
မယုံရင်ဒူးရင်းသီးလိုဆူးနင်းပြီးလျှောက်ကြည့်ပါလား
နေကြာစေ့လိုရင်မှာပွေ့ပြီး
ထန်းမြစ်လိုအရမ်းချစ်တာပါ ချစ်သူရယ်...
ဘူးသီးကြော်လိုရူးပြီးအော်နေတာလည်းမဟုတ်ပါဘူး
ဒညင်းသီးလိုအပျင်းကြီးတဲ့မင်းကို
ကိုယ်ခွင့်လွှတ်နိုင်ပါတယ်
ငါးပိချက်လိုအသိမခက်ပါနဲ့တော့
တို့စရာနဲ့တူတဲ့ကိုယ့်ကဗျာကိုဖတ်ပြီးရင်ပြန်ချစ်ပါတော့
မဟုတ်ရင်ဂျူးမြစ်လိုအရူးဖြစ်ရပါတော့မယ်

(၁) သေပြီဆရာ

ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့

ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး တစ်ယောက်မွေးတယ်။

ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။


တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။


လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။


ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။


ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။

ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကိုပြောတယ် ။ အဖေ...သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက

ကျွန်တော်က " သုံးဆယ် " ကပါလည်းဆိုရော ကောင်မလေးအဖေ ပါးစပ်က ဟေ....................

( ၂) မလွဲသောအမှား

အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။

ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်လှ
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် " ဆရာ " ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ " ဆရာမောင်လှ "


( ၃ ) ဖြစ်ရမယ်

မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။

ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ

ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ

ဦးလေး ။ ဘာဖြစ်လို့လဲကွ

ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ

ဦးလေး ။ ဟေ...သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ

ချူချာ ။ အဟီး......ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ


( ၄ ) ပါတော့ ပါသွားတယ်

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက

ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ

( ၅ ) မှတ်သားလောက်တယ်

သူငယ်ချင်း မင်း.....ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား

အေး...ကြားဖူးတယ်။ ဘာဖြစ်လို့လဲ

ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့
သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။

ဟုတ်လားကွ...." ဘာမယ်တဲ့တုန်း "

" ပါးကျိုးမယ် " တဲ့

( ၆ ) မဖြစ်နိင်ဘူး

စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။

လူငယ် ။ စာအုပ်လိုချင်လို့ဗျာ
ဝန်ထမ်း ။ ဟုတ်ကဲ့....ဘာစာအုပ်များလဲ ရှင်
လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက " ယောင်္ကျားတွေဟာ မိန်းမ
တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ " ဆိုတဲ့ အကြောင်းပါ
ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက " စိတ်ကူးယဉ် စာပေများ " ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်

မှတ်ပြီလား

တစ်နေ့ လူတစ်ယောက်နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ......

ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ

လူနာ - ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။

ဆရာဝန်- အင်း..ခင်ဗျားအစားကိုမှန်မှန်စားဗျာ၊ အဆီအဆိမ့်ကိုလျှော့စား
အသီးအနှံ တွေများများစားပေးဗျ။ အသီးအနှံစားရင်လဲ
အခွံတွေကိုချန်မထားနဲ့ဗျ၊ အခွံတွေကလဲအားရှိတယ်
ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ။

ထိုအခါ လူနာဖြေလိုက်သောအဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိဖြစ်သွားလေသည်။
လူနာပြောလိုက်သည်မှာကား....

လူနာ - အုန်းသီး။

သူဘယ်မှာလဲ....

ကိုလှ - ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ
ဘာဖြစ်နေတာလဲဗျ။

ကိုမြ - သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်းတစ်ယောက်လောက်ခင်ဗျားသိလား။
နှုတ်ပစ်မလို့ အဲဒီသွားကို။

ကိုလှ - ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။
ဟိုနေ့ကကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး
နှုတ်ခမ်းချင်းစုပ်ပြီးနမ်းလိုက်တာ ကောင်းသွားရောဗျ။
ခင်ဗျားလည်းစမ်းကြည့်ပါလား။

ကိုမြ - ဟာ...အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။
ဘယ်မှာလဲ ခင်ဗျားမိန်းမ။

သိနားလည်မှု

" မင်းတို့အထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်း သိတဲ့သူ ပါသလားကွ "
" ပါပါတယ် ဆရာ၊ ကျွန်တော် စန္ဒရား တီးတက်ပါတယ် ။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ်ခင်ဗျာ "
" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းက ဦးဆောင်ပြီး ဂရုစိုက် တင်ပေးစမ်းပါကွာ "

သူ မှာထားခဲ့လို့

" ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ "
" ကျွန်မ ယောင်္ကျားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင် လူရမ်းကားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့ "

နားလေးသူမို့ပါ

" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား "
" ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ "
" ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။သူက နားနည်းနည်းလေးတယ် "

အပူကိုယ်စားလှယ်

" အခုတလော ကျုပ်မှာ ပူပင်စရာတွေများလွန်းလို့ ကျုပ်အစား ပူပေးမယ့်သူရှိရှင် ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ့ဗျာ "
" ကိုင်း.......ဒါဆို ကျုပ် ပူပေးပါ့မယ် ၊ ငွေတစ်သိန်းသာ မစပါ "
" အဲဒါ ပထမဆုံး အနေနဲ့ ခင်ဗျားပူရမယ့် အပူပဲ "

မေမေ့ တာဝန်ထားလိုက်

" အဲဒီလူနဲ့ သမီး လက်မထပ်ချင်ဘူး မေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး။ သူက ငရဲရှိတယ် ဆိုတာကို မယုံဘူးလို့ အကြောက်အကန် ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါ သမီးရယ် ၊ ငရဲ တကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန် ထားလိုက်စမ်းပါ "

အချစ်အတွက်ဆိုရင်

" အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။ အရာအားလုံးကို စွန့်လွှတ်ရဲတယ်ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ "
" ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း မေ့မနေနဲ့ဦးနော် "
" စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ "

နည်းနည်းစောင့်ပါ

ပထ၀ီဝင်ဆရာမ - " ရှမ်းကုန်းပြင်မြင်နဲ့ ပတ်သက်လို့ မင်းတို့သိသမျှ ပြောပြစမ်းကွာ "
တပည့် - " လောလောဆယ်တော့ ဘာမှ မသိသေးပါဘူး ခင်ဗျာ။ ဒါပေမဲ့ သိသိချင်း ပြောပြပါ့မယ် "

ဆိုမှဆိုတက်ပဲဟာ

" ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမား အုပ်စုနဲ့ တွေ့တယ် မေမေ။ သူတို့က သမီးကို သီချင်းဆိုခိုင်းတယ် ။ မဆိုပြရင် ဖက်နမ်းရလိမ့်မယ်လို့ ခြိမ်းခြောက်ကြတယ် မေမေ "
" အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့ "
" ဟွန့် မေမေ သိသားနဲ့ သမီးမှ မဆိုတက်တဲ့ဟာ "

အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာ ငိုပြီး ခင်ဗျားရဲ့ အခင်ဆုံး မိတ်ဆွေမို့လို့လား "
" ဟင့်အင်း..ကျွှန်တော့်မိန်းမရဲ့ ပထမ ယောင်္ကျားပါ "

ရေတွက်ပုံချင်းမတူ

" စိတ်ဆိုးမယ်ကြံတိုင်း တစ်၊ နစ်၊ သုံး၊ လေး၊ တစ်ဆယ်ထိရေပါလို့ သားကိုပြောထားသားနဲ့၊ အခု ရန်ဖြစ်လာပြန်ပြီလား "
" အဲဒီလို ရေမိလို့ အခုလို အထိုးခံရတာပေါ့ "
" ဘာဖြစ်လို့လဲကွ "
" ဟိုကောင့် အမေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာ အဖေရဲ့ "
•Sunday, September 20, 2009
မိန်းမဆိုတာ ငြားခါစတစ်နှစ်လောက်မှာကတော့
ဝယ်ပြီးကာစ ရုပ်မြင်သံကြားလေးနဲ့ တူတယ်တဲ့

ရုပ်ကလေးကိုလည်းမြင်ချင်တယ်
အသံလေးကိုလည်း ကြားနေချင်မိတယ်

အဲ ... ကလေးတစ်ယောက်လောက် ရပြီဆိုရင်တော့
ရေဒီယိုလေး တစ်လုံးဖြစ်သွားရော...

အသံပဲကြားချင်တော့တယ်
ရုပ်ကတော့ မမြင်ရလေ စိတ်ချမ်းသာလေပဲ

အဲ...ကလေး နှစ်ယောက်လောက် ရသွားပြီ ဆိုရင်တော့
ဝယ်ပြီးခါစ ဘောလုံးကလေး ဖြစ်သွားပြန်ရော

မြင်လိုက်တာနဲ့ ဘာမှကို စဉ်းစားမနေချင်တော့ဘူး
လှိမ့်လှိမ့်ပြီးတော့သာ အားနဲ့ ကျုံးကန်ချင်စိတ်တွေ ပေါက်နေတော့တာပဲတဲ့

မိန်းမတွေကို ကြောက်နေရလို့ လို့ မထင်နဲ့နော်
ဒီစာလေးတောင် မသိအောင်ခိုးရေးလိုက်ရပါတယ်။
သူငြိုငြင်မှာ စိုးလို့ပါတဲ့။

မိန်းမကြောက်ရတဲ့ ဇာတ်ကားလေးထဲ စာသားတစ်ချို့ပါ.

မျှဝေတာပါ
•Sunday, September 20, 2009
“ဟုတ်ကဲ့ ဆရာမ”

“မင်္ဂလာပါ
ဆရာမ”
“အားလုံး မတ်တပ်ရပ် သေချာနားထောင်
နားမလည်ရင် မမေးနဲ့
ပြောသလိုလုပ် ကျက်ခိုင်းတာကျက်
အပိုတွေမရှင်းတာတွေ
လာမမေးနဲ့

ခိုင်းတာပဲလုပ် မရိုမသေမလုပ်နဲ့
ငါဆရာလုပ်တာ မင်းတို့ထက်တတ်လို့
စာမေးပွဲအောင်ချင် ငါ့ကျူရှင်တက်
စာမရရင် ဒီထားဝယ်ကြိမ်လုံး
ဝအောင်နမ်းထား ကျူရှင်မတက်ရင်
ကျမှာပဲ ငါ့မှာ မိသားစုရှိတယ်
စီးပွားရေးရှိတယ်

အခုဒါပဲ မသင်တော့ဘူး
အိမ်ကိုလာခဲ့  နားလည်လား
ပြန်မမေးနဲ့ ကြားလား ...”

“ဟုတ်ကဲ့ပါ ဆရာမ”
ကော့တော့ ကော့တော့နှင့်
ထွက်သွားလေသတည်း။

ကိုချစ်မောင်
မှတ်ချက်။ ။ဖတ်ရင်းနှစ်သက်မိလို့ နတ်သဘင် မှ ကူးယူဖော်ပြပါသည်။
•Sunday, September 20, 2009

(က) အောက်ပါမေးခွန်းများကို ဖြေချင်သလိုဖြေပါ။

အင်္ဂလိပ်နာမ်၊ ကုလားဝိသေသန၊ ဂုဏ်ရည်မပြတပြကြိယာ၊ နဖူးဋ္ဌာန်၊ ခြေမကရိုဏ်း။

(ခ) အောက်ပါနာမ်တို့ကို "ကွက်လပ်" တစ်ခုစီ၌ လစ်လျှင်လစ်သလို အသုံးပြုပါ။

နှာဘူးကြီး၊ နင့်ကြီးတော်၊ ဂျီပုန်း၊ မျောက်မျက်နှာ၊ ကောင်မလေး။

(ဂ) အောက်ပါတို့မှ သုံးခုကို ဆရာမအား မေး၍ဖြေပါ။

အနမ်း၊ အချစ်၊ အလွမ်း၊ အမုန်း၊ အပြုံး။

၂။ (က) အောက်ပါဝေါဟာရတို့အနက်မှ ငါးခု၏ အနက်အဓိပ္ပါယ်ကို ဆရာမလစ်မှခိုးချပါ။

အပျိုကြီး၊ ကြက်ငှက်တုပ်ကွေး၊ သူလှတယ်၊ အမုန်းကြီးသူ၊ အကြီးကြီး၊ မနည်းဘူးဟ၊ မခံနိုင်ဘူး။

(ခ) အောက်ပါတို့မှ ငါးခုကို ၀ါကျတစ်ခုစီ၌ နည်းမျိုးစုံဖြင့် ထည့်လာသော စာရွက်အချို့မှခိုးချပါ။

ကန်တော်ကြီး၊ စုံတွဲ၊ အားရပါးရ၊ အမုန်းဆွဲ၊ မရှက်မကြောက်၊ အလွမ်းပြေ၊ အိမ်ကိုပြန်ခဲ့တော့။

(ဂ) အောက်ပါအလင်္ကာတို့အနက်မှ ငါးခု ကို သက်ဆိုင်ရာ သင်ခန်းစာများတွင် မည်သို့သုံးထားကြောင်း နှင့်

အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း မိတ္တူဆိုင်မှ ချုံ့လာသော စာရွက်ဖြင့် ကူးဖြေပါ။

ဘူ……ဘွတ် (မြည်သံစွဲ)၊ ပုရွက်ဆိတ်ခေါင်းလောက် (အတိဿယ)၊ ဆင်နင်းမြင်းကန် (ရူပက)၊

လင်းတထိုင်သကဲ့သို့ (ဥပမာ)၊ အခြောက်တို့မာယာ (ရူးမတတ်)၊ ပိုးပြောင်ကြီးပုဆိုး ပေါက်သကဲ့သို့ (ဥပမာ)။

၃။ (က) အောက်ပါတို့အနက်မှ ငါးခုကို ဖြေချင်ဖြေ မဖြေချင် အိပ်နေပါ။

(၁) "ငါ့သမီး …… စာကျက်နေတယ်" ကဗျာကို မည်သူရေးသနည်း။

(၂) "ဟို… အတုံး၊ ထိန်ထိန်ဝါ" ဟူသည် အဘယ်နည်း။

(၃) နာနတ်သီး ကဗျာမှ ဆရာမ၏ "တင်" ပြပုံကို ဖော်ပြပါ။

(၄) ရှင်မဟာကောင်းမြတ်သည် ဆရာမအား မည်သည့်ဂါထာ ချီးမြှင့်သနည်း။

(၅) "ငါ့ရုပ်သည် သာချော၏" ကဗျာမှ ဆရာဇော်ဂျီ၏ ကိုယ်နေဟန်ထား ပျော့ပြောင်းပုံကို ဖော်ပြပါ။

(၆) "သူသာလျှင် အသားအမည်းဆုံး" ကဗျာကို မည်သူရေးသနည်း။

(၇) "တံခါးစောင့် ဗူးလောက်ရှည်၊ ငါ့မှာတော့ လွမ်းလောက်လေ" စာသား၏ အဓိပ္ပါယ်ကို ရေးပါ။

(၈) "ငါ့ရဲ့အချစ် …… ယူပါဦးလား" ကဗျာမှ ကဗျာဆရာကြီး ကောင်းမြတ်၏ ခံစားချက်ကိုရေးပါ။

၎။ (က) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကိုရွှီးပါ။

"အမေပြောတော့ ငယ်သေးတယ်၊ ရေချိုးမှသိကွယ်" ကဗျာ၏ အဓိပ္ပါယ်ကှို စာစစ်အဖွဲ့ အကြိုက်တွေ့အောင်

ဖြီးဖြန်းရေးသားပါ။

(သို့)

"ရင်ထဲမှာ ဘာညာဘာညာ" ကဗျာမှ ခံစားရသော ရသကို ရေးပါ။

(ခ) အောက်ပါတို့မှ ငါးခု ကို အနောက်သို့လှည့်ကြည့်ပြီး ခိုးချပါ။

(၁) မင်းတုန်းမင်း၏ (၆၆) ယောက်မြောက် သားတော်၏အမည် ကို ဖော်ပြပါ။

(၂) မိဖုရားဖွားစော နောက်ဆုံးယူလိုသော ယောက်ျား၏ အမည်ကို ဖော်ပြပါ။

(၃) "မောင့်ဘ၀…..လင်းတနား" ဟူသည် အဘယ်နည်း။

(၄) စီးချင်းတိုက်ပွဲတွင် လောက်လေးဂွ ကိုင်သော သူရဲကောင်း၏အမည်ကို ဖော်ပြပါ။

(၅) သီပေါမင်း၌ ဖွန်ကြောင်နည်း မည်မျှရှိသနည်း။

(၆) "ပညာသင်ခါ ဘောင်းဘီမပါ" ကိုမည်သူရေးသနည်း။

(၇) ကောသလမင်းကြီး၏ နှစ်လုံးအတိတ်ပေးသော အိပ်မက်တစ်ခုကိုဖော်ပြပါ။

(ဂ) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ဖြီးပါ။

သိင်္ဃသူ့သမီးကျောက်စာမှ သိင်္ဃသူ့သမီး၏ အကြွားကြီးပုံ၊ လေလုံးထွားပုံ၊ သူ့ကိုယ်သူ သက်မွန်မြင့်နှင့်တူပုံ၊

ရဲလေးအား အသေရရ အရှင်ရရ လိုချင်ပုံတို့ကို အစီအစဉ်တကျ ရှင်းပြပါ။

(သို့)

"လင်မယားရန်ပွဲ" မှ လင်မယားနှစ်ဦး၏ ဂုဏ်ရည်ကို ပေါ်လွင်အောင် ရေးသားပါ။

၅။ (က) စကားစပ်နှင့်တကွ ရှင်းပြပါ။

ဘီးတစ်လက်၊ အညည်း တစ်ချက်မညူး၊ အပြီးသတ်အောင်ရှာမယ်ဟဲ့…"သန်း"၊ အချိန်မတော်၊

ကြည့်တော့နေမြင့်ပြီမို့ အိမ်ပြန်ဖို့လမ်း၊ ခြေတော်လှမ်း…ဒီနေ့ဖို့ကာ၊ ၀င်ကြေးသုံးရာတန်ပြီတကား။

(ခ) အောက်ပါတို့မှ နှစ်သက်ရာတစ်ပုဒ်ကို စာစီကုံးပါ။

ကန်တော်ကြီးမှ စုံတွဲများ ပျော်ပျော်ရွှင်ရွှင်ချစ်ကြည်နူးကြပုံ။

(သို့)

"သန်း" ရှာနေသော စုံတွဲနှစ်ယောက် အပြန်အလှန် အတင်းပြောကြပုံတို့ကို စိတ်ဝင်စားဖွယ်ဖြေဆိုပါ။
•Sunday, November 02, 2008
သိသင့်တယ်
" ဟောပြောပွဲသွားမလို့၊ လိုက်မှာလား "
" အဲဒီလူက ဘာလုပ်လုပ်ရှုံးနေတာ၊ အမွေရတဲ့သိန်း ၈၀၀ကုန်ပြီ၊ သူပြောမှာကို မင်းက သွားနားထောင် မယ်ပေါ့လေ "
" သူ သိန်း၈၀၀ကုန်တဲ့အထိ မှားထားတာတွေကို တို့က ၅၀၀၀ တည်းပေးပြီးသိရမှာကွ၊ တန်ပါတယ် "

ထိန်းမလား
" မင်းအိမ်ထောင်ပြုဖို့သင့်ပြီ၊ ငါတို့အရပ်ထဲက သူဌေးမကြီးကသမီးလေးတယောက်တည်းရှိတာ "
" ဟုတ်လား "
" သူကသူ့သမီးလေးကို စောင့်ရှောက်မယ့်သူဆိုရင် သဘောကျမယ်လို့ပြောနေတာ "
" သူ့သမီးက ဘယ်အရွယ်လောက်ရှိပြီလဲ "
" ခြောက်လ "

ဂုဏ်ရှိစေရမယ်
" မင်းက အန်တီသမီးကို မေတ္တာရှိလို့ဆို "
" ဟုတ်ပါတယ်ခင်ဗျာ "
" အန်တီရဲ့သဘောထားကိုပြောပြမယ်၊ အန်တီက သမက်အတွက်ဂုဏ်မငယ်ချင်ဘူးကွယ် "
" အဲဒီအတွက်တော့စိတ်ချပါခင်ဗျာ၊ အန်တီရဲ့ချမ်းသာကြွယ်ဝမှုကို ခုကတည်းကကျွန်တော် ပြောနေတာပါ "

သူပြင်ကိုယ်ပြင်
ဒေါ်စိန်ဥက မနက်အစောမှာတော့ အသုတ်စုံရောင်းတယ်။ မဗျိုင်းကအသုတ်လာစားရင်း....
" ပေါ့နေလို့ ဆားလေးထည့်ပေးပါဦး...
ငန်သွားလို့မုန့်ဖတ်ကလေးနည်းနည်းလောက်....
ခြောက်တောက်တောက်ကြီးဖြစ်သွားပြီ၊ ဟင်းရည်ကလေးထည့်ပေးပါဦး...
နယ်လို့ကောင်းအောင် ပဲမှုန့်ကလေးထည့်ပေးပါဦး...
အစာတွေကများသွားပြီ၊ မုန့်ဖတ်ကလေးထည့်လိုက်ပါဦး...
"
ဆိုပြီးစားလိုက်၊ ပြင်ခိုင်းလိုက်၊ ထည့်ခိုင်းလိုက်နဲ့၀၀စားရအောင်လုပ်တယ်။ စားလို့ဝတော့မှ ထရပ်ပြီး ၅၀၀တန် ထုတ်ပေးတယ်။ ဒေါ်စိန်ဥက ၁၀၀တန်ပြန်အမ်းတယ်။ အဲဒီတော့မဗျိုင်းက....
" အသုတ်က ၂၀၀ မဟုတ်လား.... "
" ၄၀၀လေ၊ ညည်းစားတဲ့အသုတ်ကတောင် ခဏခဏပြင်သေးတာပဲ၊ ငါယူမယ့်ဈေးလဲပြင်ရမှာပေါ့ "

အံကျပဲ
" မင်းကအန်တီ့သမီးကို ကြိုက်လို့ဆို "
" ဟုတ်ပါတယ်ခင်ဗျာ "
" ပြောရမှာတော့အားနာပါရဲ့၊ အိမ်ထောင်တခုတည်ဆောက်တယ်ဆိုတာ စိတ်ချမ်းသာဖို့လိုအပ်သလို လူချမ်းသာ ဖို့ကလဲအရေးကြီးတယ်ကွယ့်၊ ၂မျိုးလုံးပြည့်စုံမှ အိမ်ထောင်ရေးဆိုတာ သာယာမှာ "
" အန်တီတို့ဘက်က လူချမ်းသာပြီးသားဆိုတော့ ကျွန်တော့ဘက်က စိတ်ချမ်းသာဖို့တာဝန်ယူပါ့မယ်ခင်ဗျာ... "

စိုးရိမ်လို့
" တော်သေးရဲ့ကွာ၊ ငါ့မိန်းမကအထက်ပိုင်းမှာနေလို့၊ မုန်တိုင်းဧရိယာထဲသာဆိုမလွယ်ဘူး "
" မင်းက မိန်းမအတွက်စိုးရိမ်တယ်ပေါ့လေ "
" နယ်မြေအတွက်စိုးရိမ်လို့ပါကွာ သူ့လေအားကလဲသေးတာမဟုတ်ဘူး "

ကြည့်ပါတယ်
သူဌေးရုံးခန်းထဲကို ၀င်လာတဲ့အချိန်မှာ စာရေးမတစ်ယောက်ကိုမတွေ့လို့ သူ့ရုံးခန်းထဲရောက်တော့ မန်နေဂျာ ကိုခေါ် ပြီး
" အလယ်စားပွဲမှာထိုင်တဲ့စာရေးမလာသလား "
" လာပါတယ် "
" ကျုပ်ဝင်လာတော့မတွေ့ပါလား "
" ကျွန်တော့အလစ်မှာပျောက်သွားတာပါဆရာ၊ ကျွန်တော်လဲ မျက်စိအောက်က အပျောက်မခံပဲစောင့်ကြည့်နေ တာပါ၊ ဒီနေ့မနက်မှာ ဘာအလုပ်မှကိုမလုပ်ပါဘူးခင်ဗျာ။ "

ဖွင့်မယ်
" မန်နေဂျာကြီးလာပါဦး "
" ပြောပါသူဌေး "
" ရှေ့ခန်းမှာစာရေးမဘယ်လောက်ခန့်ထားလဲ "
" ၁၀ယောက်ပါ "
" အင်း ၁၀ယောက်ဆိုတော့ ကျုပ်အခန်းထဲမှာနေရာပေးဖို့ဆံ့မှာမဟုတ်ဘူး၊ ဒီတော့ လက်သမားဆရာခေါ်ဗျာ "
" ဘာလုပ်မှာလဲဆရာ "
" ခန်းဆီးတွေဖြုတ်ခိုင်းမလို့ "

အတွင်းပစ္စည်း
ဦးသာဝဆိုင်ထိုင်နေတုန်း ကောင်မလေး၂ယောက်ရောက်လာပြီး
" မေမေဥရှိလား "
" ရေချိုးနေတယ်၊ ဈေးဝယ်မလို့ဆို ငါရောင်းတတ်ပါတယ် "
" မေမေဥမှသိမှာ "
" ငါလဲ တစ်ဆိုင်လုံးသိပါတယ် ကဲ ပြောဘာဝယ်မလဲ "
" အတွင်းပစ္စည်းဝယ်ချင်လို့ "
အဲသည်အချိန်မှာ ဒေါ်စိန်ဥကရေချိုးရာက လှမ်းအော်တယ်။
" ကိုသာဝ တော်မသိဘူး၊ လစဉ်သုံးပစ္စည်း၊ အတွင်းပစ္စည်းတို့ဆိုတာ ကျုပ်မှသိတာ "

ဘာမှားလဲ
" ကိုသာဝ "
" ဘာလဲကွ "
" ဒီနေ့ဘယ်နှစ်ရက်လဲ "
" ၈ရက်လေ "
" ဒါဖြင့် ဘာလို့၉ရက်နေ့နေ့စွဲနဲ့ မဖော့အကြွေးယူ ကျပ်၃၅၀လို့မှတ်ထားရတာလဲ၊ တော့်ကိုအကြွေးမရောင်းပါနဲ့ လို့ကျုပ်မှာထားသားပဲ၊ ဟိုမှာဆိုင်းဘုတ်လဲချိတ်ထားတယ် "
" မင်းဆိုင်းဘုတ်က ယနေ့အကြွေးမပေးပါလေ "
" ဟုတ်တယ်လေ မမြင်ဘူးလား "
" အဲဒါကြောင့် မဖော့ကနက်ဖြန်စာရင်းထဲမှတ်ပေးပါဆိုပြီးပြောလို့ ပေးလိုက်တာပေါ့၊ ငါဘာမှားလို့လဲ "

ကြိုတင်မှာပါ
ဟိုတယ်တခုတွင် တည်းခိုနေသောဧည့်သည်တဦးက နံနက်စာစားသုံးရန်စားသောက်ခန်းမသို့ရောက်ရှိလာခဲ့ သည်။
" စားပွဲထိုးလေးလာပါဦး "
" ဟုတ်ကဲ့ လာပါပြီ "
" နံနက်စာစီစဉ်ပေးပါဦး "
" ဟုတ်ကဲ့ လိုအပ်တာမှာပါခင်ဗျာ "
" ကြက်ဥကြော်၊ ကော်ဖီတစ်ကရား၊ ပေါင်မုန့်မီးကင်သုံးချပ်၊ သိုးသားဟင်းတစ်ပွဲ၊ ပန်းသီး၊ ရေနွေးကြမ်း၊ ပေါင်မုန့်အလွတ်သုံးချပ် ငါးမိနစ်အတွင်းရအောင် စီစဉ်ပေးပါ။ မြန်မြန်လေးနော်... "
" ဒီလောက်အမျိုးအစားတွေကို ငါးမိနစ်အတွင်းရဖို့ဆိုရင် တစ်ရက်လောက်ကြိုတင်မှာမှ ရနိုင်ပါတယ်ခင်ဗျာ။ "

ရထားနောက်မကျအောင်
လန်ဒန်မြို့ ရထားဌာန၌ အလုပ်လာလျှောက်သူတစ်ဦးအား အရာရှိကလူတွေ့ စစ်ဆေးလေသည်။
" နာမည်ပြောပါ "
" စမစ်လို့ခေါ်ပါတယ် "
" မီးရထားလုပ်ငန်းအကြောင်းလေ့လာထားလား "
" ဟုတ်ကဲ့ "
" မြို့ပတ်ရထားတွေအမြဲနောက်ကျနေတာကို နောက်မကျအောင် ဘယ်လိုလုပ်မလဲ "
အနည်းငယ်စဉ်းစားပြီးနောက်....
" မီးရထားအ၀င်အထွက် အချိန်ဇယားကပ်ထားတာကို ဖြုတ်ပြီးသိမ်းထားလိုက်ပါ့မယ်..."

မှန်မှန်ပြောစမ်းပါ
ကျန်းမာရေးမကောင်းသည့် ဇနီးသည်က သူ၏ခင်ပွန်းဖြစ်သူကို စိုးရိမ်စိတ်ဖြင့်မေးမြန်းလေသည်။
" ရှင့်ကိုမေးစရာရှိတယ် "
" ဘာများမေးစရာရှိလဲ နေကောင်းအောင်သာနေပါကွာ "
" ကျွန်မမေးတာ အမှန်အတိုင်းဖြေရမယ်နော် "
" အေးပါ ကဲ.... မေးလေ.... "
" ကျွန်မသေသွားခဲ့ရင် ရှင်နောက်အိမ်ထောင်ပြုမှာမဟုတ်လား "
" မင်းကလဲကွာ မဟုတ်တာ "
" ကဲပါ မှန်မှန်ဖြေစမ်းပါ "
" မင်းနဲ့တူတဲ့နောက်အမျိုးသမီးတစ်ယောက်ကိုတော့ ရှာယူမှာပါ "

နှစ်၂၀ပြည့်
အိမ်ထောင်သက်နှစ်၂၀ပြည့်အထိမ်းအမှတ်အဖြစ် ဧည့်ခံပွဲပြုလုပ်ပြီးနောက် ဇနီးသည်ကခင်ပွန်းဖြစ်သူအား မေး လေသည်။
" လွန်ခဲ့တဲ့နှစ်၂၀ဖြစ်တဲ့ဒီလိုနေ့မှာ ကျွန်မတို့လက်ထပ်ခဲ့ကြတယ်နော် "
" ဟုတ်တာပေါ့ "
" အဲဒီနေ့တုန်းက ပျော်လိုက်တာ မင်္ဂလာပွဲလာတဲ့လူတွေလည်း အများကြီး "
" အင်း... ဟုတ်တယ် "
" အဲဒီနေ့ကိုဘယ်တော့မှမမေ့ဘူး၊ ၀မ်းသာလွန်းလို့။ ရှင်ရော... "
" ငါလည်းဘယ်တော့မှ မမေ့ပါဘူး "
" ပျော်လွန်းလို့လား "
" ငါ့ဘ၀မှာ စိတ်ဆင်းရဲမှုစတင်ခဲ့တဲ့နေ့မို့လို့လေ။ "

ပူဆွေးလိုက်ပုံက
အမျိုးသားတစ်ဦးသည် ကွယ်လွန်သွားသောမိခင်၏ အုတ်ဂူပေါ်တွင် ပန်းအချို့တင်ကာ သူ့ကားရပ်ထားရာဆီသို့ ပြန်လျှောက်လာခဲ့သည်။ ထိုသို့လျှောက်လာရင်း အုတ်ဂူတစ်လုံးဘေးတွင် ဒူးထောက်နေသောအမျိုးသားတစ်ဦး ကိုသတိပြုမိလေသည်။ ထိုအမျိုးသားသည် သည်းလှိုက်အူလှိုက်ပူဆွေးနေသည့်ဟန်ရှိပြီး ပါးစပ်မှလည်း အောက် ပါအတိုင်းရေရွတ်ကာ ပူဆွေးနေလေသည်။
" မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ၊ မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ "
ပထမအမျိုးသားသည် ထိုသူ၏အနားသို့ချဉ်းကပ်ပြီး မေးကြည့်လိုက်မိလေသည်။
" ကျွန်တော် ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာပူဆွေးမှုကိုတော့ ၀င်ရောက်မစွက်ဖက်ချင်ပါဘူးဗျာ၊ ဒါပေမဲ့ အခုခင်ဗျား ရဲ့ နာကျင်ခံစားနေတဲ့ပုံစံမျိုး အရင်ကမတွေ့ဖူးလို့၊ ဘယ်သူ့အတွက်ဒီလောက်ထိထိခိုက်ခိုက် ပူဆွေးနေရတာလဲ၊ ခင်ဗျားကလေးအတွက်လား၊ မိဘအတွက်လား။ အဲဒီဂူထဲမှာရှိနေတာကကော ဘယ်သူလဲလို့ သိပါရစေခင်ဗျာ။ "
" ကျွန်တော့်မိန်းမရဲ့ ပထမခင်ပွန်းပါ "
" အဲဒါနဲ့များ ဘာဖြစ်လို့ဒီလောက်ပူဆွေးနေရတာလဲ "
" သူစောစောစီးစီးသေသွားတော့ သူ့ရဲ့ဒုက္ခတွေကို ကျွန်တော်က သူ့ကိုယ်စားခါးစည်းခံနေရလို့ပါ "

ဟုတ်ကဲ့ဆရာ
အမျိုးသမီးတစ်ဦးသည် ကျန်းမာရေးမကောင်းသော သူမ၏ခင်ပွန်းအားဆေးခန်းသို့ လိုက်ပြပေးလေသည်။ ခင်ပွန်းအား ဆေးစစ်မှုများပြုလုပ်ပြီးနောက် ဆရာဝန်ကသူ၏ရုံးခန်းအတွင်းသို့ သူမအားခေါ်ကာခင်ပွန်းသည် အတွက် တီးတိုးမှာကြားလေသည်။
" မင်းရဲ့ခင်ပွန်းဟာ စိတ်ဖိစီးပြီး စိတ်ကစဥ့်ကလျားရောဂါ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ တကယ်လို့သာ ငါ့ရဲ့ ညွှန်ကြားချက်ကို ဂရုတစိုက်မလိုက်နာဘူးဆိုရင် မင်းရဲ့ခင်ပွန်းဟာ ကျိန်းသေပေါက်သေမှာပဲ "
" ဟုတ်ကဲ့ဆရာ "
" နံက်တိုင်းသူ့ကို ကျန်းမာရေးဓာတ်စာကျွေးရမယ်၊ အချိန်တိုင်းသူ့ကိုစိတ်ချမ်းသာအောင်ထားရမယ်၊ ညစာကို သူ့အတွက် ကောင်းကောင်းပြင်ဆင်ချက်ပြုတ်ကျွေးမွေးရမယ်။ "
" ဟုတ်ကဲ့ဆရာ "
" ဝေယျာဝစ္စတွေနဲ့သူ့ကို ၀န်မပိစေနဲ့။ ပြသာနာတွေကိုလည်းသူနဲ့မဆွေးနွေးလေနဲ့၊ ဆွေးနွေးရင်သူ့အခြေအနေ ပိုဆိုးလာလိမ့်မယ်၊ သူ့ကို နားပူနားဆာမလုပ်နဲ့၊ အရေးကြီးဆုံးကတော့ သူ့ကိုအမြဲတမ်းချစ်ချစ်ခင်ခင်နေဖို့ပဲ၊ အဲဒီ လိုသာ မင်းလိုက်နာခဲ့မယ်ဆိုရင် တစ်နှစ်အတွင်း မင်းခင်ပွန်းရဲ့ကျန်းမာရေးဟာ လုံးလုံးပြန်ကောင်းလာလိမ့်မယ်"
" ဟုတ်ကဲ့ဆရာ "
အိမ်အပြန်လမ်းတွင် ခင်ပွန်းဖြစ်သူက ဇနီးသည်အား ဤသို့မေးလေသည်။
" ဆရာဝန်က မင်းကိုဘာတွေပြောလိုက်လဲ "
" ရှင်မကြာခင် သေရတော့မယ်လို့ပြောလိုက်တယ် "

စောင့်ပါ
ဂျွန်နှင့်စမစ်အမည်ရှိမိတ်ဆွေနှစ်ဦးအားလပ်ရက်တစ်ရက်၌ ငါးမျှားရင်းစကားပြောလျက်ရှိသည်။
" အိမ်မှာနေရတာ အဆင်မပြေပါဘူးကွာ "
" ဘာဖြစ်လို့လဲ "
" ငါ့မိန်းမနဲ့စကားမပြောတာကြာပြီ "
" ဟုတ်လား "
" အဲဒါ ဒီမိန်းမကို ကွာရှင်းလိုက်ရင်ကောင်းမလားလို့စဉ်းစားနေတယ် "
" ကောင်းတယ် မြန်မြန်သာကွာရှင်လိုက်ကွာ "
" ဘာဖြစ်လို့လဲ "
" မင်းနဲ့ကွာရှင်းပြီးတဲ့အထိစောင့်ပါလို့ ငါ့ကိုပြောထားလို့ "

ပိုကောင်းသွားမှာပါ
ဘောလုံးပြိုင်ပွဲတစ်ပွဲ၏နောက်ဆုံးဗိုလ်လုပွဲ၌ ဒိုင်လူကြီးအဖြစ်တာဝန်ယူခဲ့သူတစ်ဦးက အိမ်ရောက်သည်နှင့် သူတာဝန်ယူခဲ့မှုကို သူ့ဇနီးအား ပြောပြလေသည်။
" ဒီနေ့ဘောလုံးပွဲကြည့်သေးလား "
" ကြည့်တာပေါ့ "
" ဘောလုံးသမားတွေ ကစားတာကြမ်းတော့ အတော်လေးထိန်းခဲ့ရတယ် "
" အင်း "
" ပွဲကလည်းကောင်းတယ်ကွာ "
" ဟုတ်တယ် "
" ငါဘောလုံးပွဲကြီးကြပ်တာ ကောင်းတယ်မဟုတ်လား "
" အမှန်အတိုင်းပြောရရင်... "
(ဇနီးသည်က စကားကိုဆက်မပြောပဲရပ်ထားရာ)
" ပြောလေကွာ အမှန်အတိုင်းပြောစမ်းပါ "
" ရှင်မပါရင်အဲဒီပွဲက ဒီ့ထက်ပိုကောင်းသွားမှာ "

တူလိုက်တာနော်
ဘောလုံးပွဲများကြည့်လွန်းသဖြင့်ဇနီးဖြစ်သူနှင့်စိတ်အခန့်မသင့်ဖြစ်နေသည့် ခင်ပွန်းဖြစ်သူသည်ဇနီးဖြစ်သူမီးဖွား ကြောင်း တယ်လီဖုန်းဝင်လာသဖြင့် ဆေးရုံသို့အမြန်လိုက်သွားခဲ့သည်။
" စိုးရိမ်လိုက်တာ၊ နေကောင်းရဲ့လား "
" ကောင်းပါတယ် "
" သားလေးဆိုတော့ ကိုယ်ဝမ်းသာလိုက်တာကွာ "
" ဟုတ်တယ် "
" ကလေးလည်းကျန်းမာတယ်လို့ ဆရာဝန်တွေကပြောတယ်မဟုတ်လား "
" ကျန်းမာတယ် ဘာရောဂါမှမရှိဘူးတဲ့၊ သားလေးကိုကြည့်စမ်း ဘယ်သူနဲ့တူလဲဟင် "
" ကိုယ့်သားလေးက စီရိုနယ်ဒိုနဲ့တပုံစံတည်းပဲနော်... "

နှစ်၂၀ပြည့်ပြီလေ
အမျိုးသမီးတဦးသည် ညသန်းခေါင်အချိန်မှအိပ်ရာမှနိုးလာစဉ် ခင်ပွန်းဖြစ်သူအိပ်ရာထဲတွင်မရှိသည်ကို သိလိုက် ရလေသည်။ ထို့ကြောင့် သူမအောက်ထပ်သို့ဆင်းခဲ့ရာ မီးဖိုချောင်အတွင်းရှိစားပွဲတွင် ကော်ဖီတစ်ခွက်ကိုရှေ့၌ချ လျက်ထိုင်နေသော ခင်ပွန်းသည်အားတွေ့လိုက်ရလေသည်။ သူသည်ရှေ့ရှိနံရံကိုစိုက်ကြည့်ကာ အတွေးနယ်ချဲ့ လျက်ရှိသည်ကို သူမတွေ့လိုက်ရပြန်သည်။ ထို့အပြင် ခင်ပွန်းဖြစ်သူမျက်ရည်သုတ်ပြီး ကော်ဖီတစ်ငုံသောက် လိုက်သည်ကိုလည်း သူမတွေ့လိုက်ရသဖြင့် သူမသိလိုသည်ကိုမေးလိုက်သည်။
" ဘာဖြစ်လို့လဲ ယောက်ျားရေ ဒီအချိန်ကြီးကျမှ ဘာဖြစ်လို့ အောက်ဆင်းထိုင်နေရတာလဲ "
" ဟိုး... လွန်ခဲ့တဲ့နှစ်၂၀တုန်းက မင်းအသက်၁၆နှစ်အရွယ်မှာ မင်းနဲ့ကိုယ်ချိန်းတွေ့ခဲ့ကြတာ မင်းမှတ်မိရဲ့လား "
" မှတ်မိတာပေါ့ "
"အဲဒီတုန်းက ကိုယ့်ကားရဲ့နောက်ခန်းမှာရှိနေကြတဲ့မင်းနဲ့ကိုယ့်ကိုမင်းအဖေမိသွားတာကိုလည်းမှတ်မိသေးလား"
" ဒါလည်းမှတ်မိတာပဲ "
" အဲဒီအချိန်မှာ မင်းအဖေက ကိုယ့်ရဲ့မျက်နှာကိုသေနတ်နဲ့ချိန်ပြီး မင်းငါ့သမီးကိုယူရင်ယူ၊ မယူရင်ထောင်ထဲမှာ နှစ်၂၀နေရစေ့မယ်လို့ပြောခဲ့တာလည်း မှတ်မိဦးမှာပေါ့ "
" သိပ်မှတ်မိတာပေါ့ "
ခင်ပွန်းသည်က သူ၏ပါးပြင်ပေါ်သို့ကျနေသော မျက်ရည်ကိုထပ်သုတ်ရင်း ပြောလိုက်သည်မှာ
" ဒါဆို ဒီနေ့ကိုယ်မင်းနဲ့နေခဲ့တာ နှစ်၂၀ပြည့်ပြီဖြစ်လို့ ကိုယ်ထွက်သွားလို့ရပြီပေါ့ "
"ဘာရယ် "

ဖြစ်ပုံက
နယူးယောက်မြို့မှ လော့စ်အိန်ဂျလိစ်မြို့သို့ ပျံသန်းလာသောခရီးသည်တင် လေယာဉ်တစ်စင်းပေါ်တွင် လေယာဉ် မှူး၏ အသံထွက်ပေါ်လာသည်။
" ကျွန်တော်တို့ ခရီးသည်တင်လေယာဉ်ဟာ လော့စ်အိန်ဂျလိစ်မြို့သို့ဦးတည်ပျံသန်းနေပါတယ် "
" ခါးပတ်ဖြုတ်လို့ရပြီလား "
" ဟုတ်ကဲ့ အခုချိန်မှာခါးပတ်တွေဖြုတ်ပြီး အေးအေးဆေးဆေးနေလို့ရပါပြီ "
" ကျေးဇူးတင်ပါတယ် "
နောက်မိနစ်၂၀ခန့်ကြာသော်...
" ခရီးသည်များခင်ဗျား ကျွန်တော်တို့လေယာဉ်ကို ဆီမဖြည့်ခဲ့မိပါဘူး။ ခါးပတ်များပြန်ပတ်ပြီး အသင့်သာပြင်ထား ကြပါတော့ "

ဒါကြောင့်ပါ
အကြိတ်အနယ်ယှဉ်ပြိုင်ကစားရသည့်ဗိုလ်လုပွဲကို ကြီးကြပ်ခဲ့ရသည့်ဒိုင်လူကြီးအား ဘောလုံးပွဲအပြီးတွင် သတင်း ထောက်တစ်ဦးက တွေ့ဆုံမေးမြန်းလေသည်။
" ဒီနေ့ပွဲက အကြိတ်အနယ်ရှိပြီး ပွဲကောင်းတစ်ပွဲလို့ထင်ပါသလား "
" စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲပါပဲ "
" ဒီပွဲမှာ နှစ်ဖက်ကစားသမားတွေ ကစားပုံနည်းနည်းကြမ်းတယ်နော် "
" အနိုင်ရလိုစိတ်နဲ့ပါ "
" ဒီလောက်ပွဲကြမ်းနေပေမယ့် အ၀ါကတ်၊ အနီကတ်တွေထုတ်မသုံးခဲ့ဘူးနော်... အဲဒါ... ဘာဖြစ်လို့ပါလဲ... "
" နှစ်ကတ်စလုံး အိမ်မှာမေ့ကျန်ခဲ့လို့ပါ "

အကြံပြုလိုက်ပုံက
Company ပိုင်ရှင်သူဌေး၏ မော်တော်ယာဉ်ပျောက်ဆုံးသွားသဖြင့် မည်သို့ဆောင်ရွက်ရမည်ကို သူ၏မန်နေဂျာ များနှင့်ဆွေးနွေးရာ
သူဌေး ။ ။ စီမံမန်နေဂျာ အကြံဥာဏ်ပေးပါဦး...
စီမံမန်နေဂျာ။ ။ ရဲစခန်းကိုအကြောင်းကြားသင့်ပါတယ်သူဌေး
သူဌေး ။ ။ အင်း... ဟုတ်တော့ဟုတ်ပါတယ်...ကဲ အုပ်ချုပ်မှုမန်နေဂျာ ပြောပါဦးခင်ဗျာ
အုပ်ချုပ်မှုမန်နေဂျာ။ ။ သံသယရှိတဲ့ လူတွေစာရင်းပြုစုပြီး ရဲစခန်းကိုပေးလိုက်တာကောင်းမယ်
သူဌေး ။ ။ ဒါလည်း စဉ်းစားသင့်တဲ့အချက်ပါပဲ။ ကဲ...ငွေစာရင်းမန်နေဂျာကကောဘယ်လိုသဘော
ရလဲ
ငွေစာရင်းမန်နေဂျာ။ ။ သူဌေးရဲ့ ဘဏ်စာရင်းကို ကြည့်လိုပါတယ်
သူဌေး ။ ။ ဘာဖြစ်လို့လဲ
ငွေစာရင်းမန်နေဂျာ။ ။ ကားအသစ်တစ်စီးဝယ်ဖို့ မှတ်ချက်ပြုမလို့ပါ

ရပါတယ်
Company ပိုင်ရှင်တစ်ဦးက မန်နေဂျာရာထူးအတွက် လျှောက်ထားသူသုံးဦးအား လူတွေ့စစ်ဆေးမေးမြန်းလျက် ရှိရာ ထိုရာထူးအတွက် အင်ဂျင်နီယာဘွဲ့ရတစ်ဦး၊ ကွန်ပျူတာကျွမ်းကျင်သူတစ်ဦးနှင့် စာရင်းအင်းကျွမ်းကျင်သူ တစ်ဦးတို့အား မေးခွန်းမေးရာ
ပိုင်ရှင်။ ။ ၂နဲ့၂ပေါင်းရင် ဘယ်လောက်ရလဲ...
အင်ဂျင်နီယာဘွဲ့ရ။ ။ ကိန်းဂဏန်းများတွက်ချက်နိုင်သည့်ပေတံကိုအိတ်ထဲမှထုတ်ကာစစ်ဆေးကြည့်ရှုပြီး
၎ရပါတယ်ဆရာ။
ပိုင်ရှင်။ ။ ခင်ဗျားကရော ၂နဲ့၂ပေါင်းရင် ဘယ်လောက်ရလည်းပြောပါဦး....
ကွန်ပျူတာကျွမ်းကျင်သူ။ ။ အိတ်ထဲမှဂဏန်းပေါင်းစက်ကိုထုတ်ကာခလုတ်များနှိပ်ပြီးနောက် ၄ရပါတယ်ဆရာ
ပိုင်ရှင်။ ။ ကဲ.... ခင်ဗျားလည်းပြောပါဦး.....
စာရင်းအင်းသမား။ ။ ပိုင်ရှင်၏မျက်နှာကိုအတန်ကြာစူးစိုက်ကြည့်ရှုပြီးမှ ဘယ်လောက်ဖြစ်စေချင်လည်း
ပြောပါဆရာ

ဖယ်ရှားလိုက်ပုံက
မြေးဖြစ်သူ၏လည်ချောင်းအတွင်း အိမ်ရိုက်သံတစ်ချောင်းဝင်သွား၍ ပုဂ္ဂလိကဆေးခန်းတစ်ခန်း၌ ခွဲစိတ်ဖယ်ရှား နေမှုကိုကြည့်ရှုနေသောတူဖြစ်သူအား အဘွားဖြစ်သူက ဖုန်းဖြင့်လှမ်းမေးခဲ့သည်။
" ဘယ်လိုနေလဲ "
" ခွဲစိတ်နေတုန်းပါပဲ "
" ကြာလိုက်တာ "
" ခက်ခက်ခဲခဲ ခွဲစိတ်နေရတယ် "
" လွယ်ပါ့မလား "
" ကြိုးစားနေကြပါတယ် "
" အဲဒီသံချောင်းက မထွက်သေးဘူးလား "
" ဟာ..... ထွက်သွားပြီ "
" ဟဲ့.... ဘာထွက်သွားတာလဲ သံချောင်းလား... "
" ဟုတ်ဘူး.... အသက် "

သြော် အလုပ်
Company တစ်ခုတွင်အလုပ်ချိန်ဝင်ချိန်အမြဲတမ်းနောက်ကျရောက်ပြီးအိမ်ပြန်ချိန်စော၍ပြန်တတ်သည့်ဝန်ထမ်း တစ်ဦးအား မန်နေဂျာကခေါ်ယူသတိပေးလေသည်။
" အလုပ်ဝင်ချိန်နောက်ကျပြီး ပြန်ချိန်ကျတော့ စောနေတယ် "
" ဟုတ်ကဲ့ပြင်ပါ့မယ် "
" နေ့လည်မှာလည်းလက်ဖက်ရည်သောက်ချိန်၊ ထမင်းစားချိန်၊ စကားပြောချိန်တွေကများပြီး အလုပ်ချိန်ကနဲနဲပဲ
ရှိနေတယ် ပြင်ပါ "
" ဟုတ်ကဲ့ပါ "
" တစ်နှစ်လုံးမှာ ခင်ဗျားအလုပ်ချိန်ကနဲနဲလေးပဲရှိနေတယ် ဒါကြောင့်...မနက်ဖြန်က တစ်နှစ်လုံးရဲ့နောက်ဆုံးနေ့ပဲ ၈နာရီအပြည့်အလုပ်လုပ်ရမယ် "
" မနက်ဖြန်ကျွန်တော့်နားရက်ပါဆရာ "