•Sunday, September 20, 2009
မိန်းမဆိုတာ ငြားခါစတစ်နှစ်လောက်မှာကတော့
ဝယ်ပြီးကာစ ရုပ်မြင်သံကြားလေးနဲ့ တူတယ်တဲ့
ရုပ်ကလေးကိုလည်းမြင်ချင်တယ်
အသံလေးကိုလည်း ကြားနေချင်မိတယ်
အဲ ... ကလေးတစ်ယောက်လောက် ရပြီဆိုရင်တော့
ရေဒီယိုလေး တစ်လုံးဖြစ်သွားရော...
အသံပဲကြားချင်တော့တယ်
ရုပ်ကတော့ မမြင်ရလေ စိတ်ချမ်းသာလေပဲ
အဲ...ကလေး နှစ်ယောက်လောက် ရသွားပြီ ဆိုရင်တော့
ဝယ်ပြီးခါစ ဘောလုံးကလေး ဖြစ်သွားပြန်ရော
မြင်လိုက်တာနဲ့ ဘာမှကို စဉ်းစားမနေချင်တော့ဘူး
လှိမ့်လှိမ့်ပြီးတော့သာ အားနဲ့ ကျုံးကန်ချင်စိတ်တွေ ပေါက်နေတော့တာပဲတဲ့
မိန်းမတွေကို ကြောက်နေရလို့ လို့ မထင်နဲ့နော်
ဒီစာလေးတောင် မသိအောင်ခိုးရေးလိုက်ရပါတယ်။
သူငြိုငြင်မှာ စိုးလို့ပါတဲ့။
မိန်းမကြောက်ရတဲ့ ဇာတ်ကားလေးထဲ စာသားတစ်ချို့ပါ.
မျှဝေတာပါ

ဟာသများ
|
0 comments: