•Sunday, September 20, 2009
စိတ်လှုပ်ရှားတာပါလို့ပြောရအောင်ကလည်း ကျွန်တော့်အသက်က ၂၇ ပါ။
ပေပါတယ် ဆိုတဲ့ အိမ်ရှေ့က ပေပင်ကြီးတောင် တစ်ခါတော့ သီးသေးတာပဲဗျာ…စာမေးပွဲများစွာ
ဖြေခဲ့ဖူးပါတယ်..တခါမှ ဒီလောက် ရင်မခုန်ဖူးပါဘူး…Online မှာတောင် ဖွင့်ပြောဖို့မနည်းကြိုးစား
ရတဲ့သူတစ်ယောက်ပါ…အပြင်မှာဆို ဖွင့်ပြောဖို့နေနေသာသာ မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကိုတောင်စေ့စေ့မကြည့်ခဲ့ဖူးပါ…အားနာမိလို့…
သိမ်ငယ်စိတ်တွေဝင်နေတတ်တဲ့ လူတစ်ယောက်ဟာ ချစ်ရေးဆိုဖို့နောက်ကျရင်း လူပျိုသိုးဘဝကို
ရောက်မှန်းမသိရောက်နေခဲ့တာပေါ့… ဒီနေ့ကတော့ ဒီဇင်ဘာ ၁၄ရက်နေ့ပါ..တစ်ခါလောက်တော့ လင်းလက်ကြည့်ချင်ပါသေးတယ်…မထင်ရှားတဲ့နေရာလေးတစ်ခုကနေပေါ့ ။ ဖေဖေါ်ဝါရီ ၁၄ မှာများ အရမ်းတောင့်တနေတဲ့ အဖြေလေးတစ်ခု ရလေမလားဆိုတဲ့ စိတ်နဲ့ နေ့ကောင်းရက်သာ ရွေးပြီး အရဲစွန့်ပြော လိုက်မိပါတော့တယ်…
မိုင်ပေါင်း ၅၀၀၀ ထောင်ကျော်ဝေးတဲ့ နေရာ တစ်ခုက ညီမလေးတစ်ယောက်ကို Online ကနေ ချစ်ရေးဆိုတာတောင် …ကျွန်တော့် မျက်နှာကြီးတစ်ခုလုံးနီရဲ နေလိမ့်မယ်လို့ ထင်ပါတယ်…
အထစ်ထစ်အငေါ့ငေါ့နဲ့ လိုရင်းမရောက်တဲ့ ကျွန်တော်ပေါ့…ရင်ခုန်နှုန်းတွေကတော့ မာရသွန် အပြေးသမားတစ်ယောက်ထက်သာပါလိမ့်မယ်…အနှစ်နှစ်အလလ..သော့ခတ်ထားတဲ့ ဒီနှလုံးသား
ကြီးက ဒီအပြုံးလေးနဲ့ကျမှ ပွင့်သွားခဲ့ပါတယ်.
.
ညာတာပဲ ဖြစ်ဖြစ်.စာနာတာပဲဖြစ်ဖြစ် စဉ်းစားပေးမယ်ဆိုလို့ မုန့်ရတဲ့ကလေးငယ်တစ်ယောက်လို
ပျော်ရွှင်နေခဲ့မိပါတယ်…Probability နည်းနဲ့တွက်ကြည့်မယ်ဆိုရင်တော့ သူ့အချစ်ကို စောင့်မျှော်
ရတာဟာ အောင်ဘာလေ လက်မှတ်တစ်စောင်ကို ကိုင်ပြီး သိန်းတစ်ထောင်ဆု မျှော်လင့်နေမိတဲ့
နုံချာချာကောင်လေးတစ်ယောက်လိုပေါ့…
တကယ်တော့ ဒီစာရေးနေချိန်မှာ ဆရာဟာ ရေသောက်ပြီး အမြှုပ်ထွက်အောင် စာရှင်းနေတဲ့ အချိန်ပေါ့..ဆရာ့ကို စိတ်မဝင်စားပါ…Desktop ပေါ်ကသူ့ကိုပဲ ငေးကြည့်ရင်း ဒီချိန်ဆို သူဘာများ
လုပ်နေမှာလဲဆိုတဲ့ အတွေးနဲ့ မျက်လုံးက ဆရာ့ဆီမှာ အတွေးကတော့ သူ့ဆီမှာပေါ့…
ရင်ထဲက တလိပ်လိပ်တက်လာနေတဲ့ တခါမှ မခံစားဖူးတဲ့ ဒီခံစားချက်တွေကို သူလည်းခံစားခဲ့ဖူး
တယ်ဆိုရင် နားလည်လိမ့်မယ်လို့မျှော်လင့်မိပါတယ်…အချစ်ကလွဲလို့…ဘာကိုမှ မမြင်တော့ပါ
့herostar

0 comments: