b သူရဲကောင်းကြယ်: အအေးသိုး
•Sunday, September 20, 2009
ပူလွန်းမှ သိုးတာ မဟုတ်ပါဘူး
အေးလွန်းရင်လည်း သိုးတတ်ပါတယ်...

အပူတပြင်း ချစ်နေမိတဲ့ ငါ့ နှလုံးသားကိုမှ
အေးစက်စက် တုံ့ပြန်မှုတွေထဲမှာ
ခဲထားလိုက်တာကိုး၊၊

ဒဏ်ရာကို ရေခဲရိုက်တာဟာ
ခဏတာသက်သာပေမဲ့
ကြာလာတဲ့အခါ
အတွင်းက လှိုက်လှိုက်ပြီး
နာနေတတ်ပြီ၊၊

ငါ့ကို "လူပျိုသိုး" ဆိုပြီး
နှသုံးသားပါ သိုး အောင်လုပ်နေတာလား
ကောင်မလေးရယ်၊၊

အချစ်တွေ အအေးသိုး မသိုးခင်မှာ
ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့
ငါ့ နှလုံးသားကို
ခဏလောက်တော့ လှပ်ကြည့်ပေးပါ၊၊

herostar
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: