b သူရဲကောင်းကြယ်: July 2013
•Saturday, July 20, 2013

အင်ဂျင်နီယာကြီး ကိုဖိုးအောင်
မိန်းမရဖို့ သူ စွမ်းဆောင်
Social sites တွေ အားလုံးထဲ
မကြီးမငယ် သူ ၀င်ကဲ

ဘ၀ အမျိုးမျိုး ပြောင်းရှာ
ပေါသွပ် တဖြစ်လဲ သာအေးပါ
'အချစ်ဆိပ်'တွေ ငယ်ထိပ်ထက်
Skate စီးပြီး ကျောင်းကိုတက်

'အလွမ်းနာ'တွေ ကျပြန်တာ
သူ့ မာနတွေ ဖိနပ်ဖြစ်ကာ
အလျှံညီးငြီး တောက်လောင်ဆဲ
ထိန်းမနိုင် သိမ်းမနိုင် သောင်းကျန်းမြဲ

ပွဲကြည့်ပရိတ် သူ့အစ်မပါ
ဘူ နဲ့ အကြောင်းပါမလဲ စောင့်ကြည့်တာ
တွေ့ပြီ..တွေ့ပြီ..သူပဲ…သူပဲ
'ဌက်ပျောတုံးကြီး' နဲ့ ဖက်အိပ်ဆဲ….

Dr.KMLN

မှတ်ချက်။ ။ အစ်မဝမ်းကွဲတစ်ယောက်၏ ကဗျာကို ကူးယူဖော်ပြပါသည်။ :) :)
•Saturday, July 20, 2013
"One Nation, One City" လို့ ပင် ပြောရမည့် အနောက် ဥရောပ၏ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သည့် Luxembourg (လူးဇင်းဘွတ်) သို့အလည် ရောက်ဖြစ်သည်။ လူဦးရေ ၅ သိန်း ၂ ထောင်ကျော်သာရှိသည့် နိုင်ငံဖြစ်သည်။
•Saturday, July 20, 2013
ရတနာ ဆိုတာ ထိုက်မှ ရတာတဲ့

ခုလို ဆိုတော့လည်း ဘာလိုလိုရယ်

ဘဝဟာ လင်းလက်လာတယ်

ရင် နဲ့ ရင်းထားရတဲ့ ရတနာမို့

အူပေါက်မတတ် ချစ် ရတယ်

မေတ္တာ မေတ္တာ မိဘ မေတ္တာ

တယ် ထွားသကိုး။