b သူရဲကောင်းကြယ်: အင်ဂျင်နီယာကြီး ကိုဖိုးအောင်
•Saturday, July 20, 2013

အင်ဂျင်နီယာကြီး ကိုဖိုးအောင်
မိန်းမရဖို့ သူ စွမ်းဆောင်
Social sites တွေ အားလုံးထဲ
မကြီးမငယ် သူ ၀င်ကဲ

ဘ၀ အမျိုးမျိုး ပြောင်းရှာ
ပေါသွပ် တဖြစ်လဲ သာအေးပါ
'အချစ်ဆိပ်'တွေ ငယ်ထိပ်ထက်
Skate စီးပြီး ကျောင်းကိုတက်

'အလွမ်းနာ'တွေ ကျပြန်တာ
သူ့ မာနတွေ ဖိနပ်ဖြစ်ကာ
အလျှံညီးငြီး တောက်လောင်ဆဲ
ထိန်းမနိုင် သိမ်းမနိုင် သောင်းကျန်းမြဲ

ပွဲကြည့်ပရိတ် သူ့အစ်မပါ
ဘူ နဲ့ အကြောင်းပါမလဲ စောင့်ကြည့်တာ
တွေ့ပြီ..တွေ့ပြီ..သူပဲ…သူပဲ
'ဌက်ပျောတုံးကြီး' နဲ့ ဖက်အိပ်ဆဲ….

Dr.KMLN

မှတ်ချက်။ ။ အစ်မဝမ်းကွဲတစ်ယောက်၏ ကဗျာကို ကူးယူဖော်ပြပါသည်။ :) :)
This entry was posted on Saturday, July 20, 2013 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: