b သူရဲကောင်းကြယ်: ရောမမြို့ မှ ပုံရိပ်များ (၁)
•Sunday, September 20, 2009
ကံကောင်းတဲ့ တစ်ရက်က လေယာဉ်ပျံကြီး စီးရတယ်လို့ ပြောရမှာပဲ...မြန်မာပြည်မှာ လေယာဉ်စီးရဖို့ က ကျနော့်အတွက်တော့ တော်တော်လေး ခက်ခဲခဲ့ဖူးပါတယ်...လေယာဉ်စီးပြီး လည်လည်သွားခွင့်တွေကြုံရတော့ ရိုက်မိခဲ့သမျှ ဓာတ်ပုံလေးတွေမျှဝေချင်တာကြောင့် ဒီပို့ စ်ကို ရေးမိတာပါပဲ...ရောမမြို့တော်ကြီးကို တစ်ရက်တည်း ဆောက်ခဲ့တာ မဟုတ်ဘူးလို့ ပြောခဲ့ကြတာကို ကြားခဲ့ဖူးပါတယ်...ရောမဆိုတာ ငယ်ငယ်တုန်းကတော့ ပုံပြင်ထဲက မြို့တော် တစ်ခုပေါ့ဗျာ...ဘဝမှာ မျှော်လင့်မထားတာတွေ ကိုယ်တွေ့ ကြုံရတဲ့အခါ တကယ်ပဲ ဝမ်းသာကြည်နူးခဲ့ပါတယ်...ဒီပုံလေးကတော့ လေယာဉ်ပေါ်ကနေ ရိုက်လိုက်မိတဲ့ တိမ်တွေပေါ့ဗျာ..



ရောမမြို့ ရဲ့ သင်္ကေတများစွာထဲက လူသိများတဲ့ ကျွန်တွေကို အချင်းချင်းသတ်ဖြတ်ခိုင်းတဲ့ RomaColosseo ဆိုတဲ့ အဆောက်အဦးကြီးပေါ့လေ...ဟိုတချိန်တုန်းကတော့ ဒီနေရာကြီးဟာ ကျားတွေ ခြင်္သေ့တွေနဲ့ ကျွန်တွေကို သတ်ဖြတ်ခိုင်းပြီးဘုရင်က ဒါကို အရသာခံပြီး ကြည့်ရှုတဲ့နေရာဆိုတော့ တော်တော်စက်ဆုတ်ဖွယ် ကောင်းတဲ့နေရာ ဖြစ်မှာပေါ့လေဒါကတော့ RomaColosseo ရဲ့ ပုံပါ ....... ဒါကတော့ ဘေးတိုက်မြင်ရတဲ့ ပုံပေါ့



ခရစ်ယာန်ကျောင်းတော်ကြီးကလည်း ရောမမြို့ လယ်ခေါင်မှာပေါ့လေ..Vatican City ရဲ့ အထင်ရှားဆုံး ကမ္ဘာကျော် ”St. Peter’s Basilica” Church ကြီးပေါ့။ ကမ္ဘာပေါ်မှာ အကြီးဆုံး Church လို့ ပြောတာပဲ။ ရိုမန်ကက်သလစ် ဘာသာရဲ့ အမြင့်မြတ်ဆုံးလို့ သတ်မှတ်တဲ့ Church ကြီးလည်း ဖြစ်ပါတယ်။လူပေါင်း ၆ သောင်း ကျော် တချိန်တည်း ၀င်ပြီး ၀တ်ပြုနိုင်တယ်ဆိုလား...ဒါကတော့ ဒီ ချပ်ကျောင်းကြီးပေါ်တက်ခွင့် ရတုန်းလေး ရိုက်ခဲ့တဲ့ပုံပါ



ဒါကတော့ ဝေးဝေးက မြင်ရတဲ့ ပုံပေါ့ စိန့်ပီတာဒီကျောင်းကြီးရဲ့ ခေါင်မိုးဘုံဆင့်ကြီးမှာ အချင်း ၁၃၈ ပေရှိ၍ အမြင့်ပေ ၁၅၁ ပေရှိတယ်တဲ့လေ.. မြေကြီးမှ နေ၍ဆိုရင် အားလုံး ၃၃၄ ပေမြင့်တယ်တဲ့.. ဒီကျောင်းတော်ကြီးကတော့ ယနေခေတ် ခရစ်ယာန်ဘာသာဝင်တွေတွက် မြတ်နိုးကြည်ညို အားထား သဒ္ဒါပွားစရာ အဖြစ် ရှိနေတော့တာပေါ့လေ. ဒီကျောင်းကြီးထဲက နံရံဆေးရေး ပန်းချီတွေနဲ့ ဒီဘုံအဆင့်ကြီးကို ဆောက်လုပ်ခဲ့တဲ့ မိုက်ကယ်အိန်ဂျလို ကတော့ အသက် ၈၉ နှစ်အရွယ် ခရစ်နှစ် ၁၅၆၄ မှာ ဒီရောမမြိုကမှာပဲ ကွယ်လွန်ခဲ့ရှာပါတယ်...သူ့လက်ရာတွေနဲ့ နာမည်ကတော့ ယနေ့ထိတိုင် ကျော်ကြားနေဆဲပေါ့ဗျာ..
နှစ်ပေါင်း ၅၀၀ ကျော်လာတဲ့အထိ သူ့လိုထူးချွန်တဲ့ ပန်းချီပန်းပုဆရာကတော့ ယနေ့ထက်တိုင် ပေါ်ပေါက်မလာသေးဘူးလို့ ဆိုကြတာပဲဗျ....ဒါနဲ့ စကားမစပ် ဒီလူကြီးက အလုပ်ကလွဲပြီး ဘာမှ စိတ်မဝင်စားပဲ လူပျိုကြီးအဖြစ် နေသွားခဲ့တာနော်...အံ့ပါ့။



သူလေးကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ စစ်သားလေးပေါ့...


ဒါကတော့ ပုပ်ရဟန်းမင်းကြီးနေတဲ့ အိမ်လေ..တော်တော်မိုက်တယ်နော်


ဒါကတော့ ယခုလက်ရှိ ပုပ်ရဟန်းမင်းကြီးရဲ့ ပုံပေါ့..နာမည်က ပုပ် Pope Benedict XVI တဲ့လေ။ သူလည်း ဂျာမနီကပဲဗျ။


မြန်မာတွေဆို ဗုဒ္ဓဂါယာလိုဟာမျိုးနေရာကို ရောက်ရင် အတော်ပီတိဖြစ်ကြမှာပဲနော်...ခုလည်း ခရစ်ယာန်ဝင်တွေသာ ဒီဘုရားကျောင်းကို ရောက်ရင် သူတို့ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားမိကြမှာ သေချာပါတယ်...ကိုယ်တောင် ဘာမဆိုက် ညာမဆိုင် ကြည်နူးမှုတွေ ခံစားမိပါတယ်...မိုက်ကယ်အိန်ဂျလို ဒီဇိုင်းရေးဆွဲထားတဲ့ ကျောင်းတော်ကြီးဆိုတော့ ဗိသုကာလက်ရာမှာတော့ တကယ့်ကို အံ့မခန်းပါပဲဗျာ..
ဒီနေရာလေးပေါ့ဗျာ..ပိုက်ဆံကို နောက်ပြန်ပစ်ရင် နှစ်ခေါက်ပြန်ရောက်တယ်ဆိုတဲ့ နေရာလေးပေါ့..



ပြီးတော့ ဘုရားကျောင်းထဲက ရေကို သောက်ရင် နောက်တစ်ကြိမ်ပြန်ရောက်တယ်လို့ ယုံကြည်ကြတယ်လေ..ကျနော်လည်း ဘယ်ရမလဲ ရေလည်း ဆာနေတာနဲ့ ခပ်သောက်လိုက်တာပေါ့လေ..နောက်တစ်ခေါက် အခွင့်အရေးများရခဲ့ရင် မိသားစုနဲ့ တစ်ခေါက်ပြန်လာရပါစေပေါ့..ဆုတောင်းကလည်း အံ့မခန်းပါပဲဗျာ..ချက်ချင်းကို ပြည့်သွားခဲ့ပါတယ်..အကြောင်းကတော့ ကျနော်တို့ အဖွဲ့ တွေလည်း ပြန်ကြလို့ ဘူတာရုံရောက်ခါနီးတော့ လူပြန်စစ်တဲ့အခါ အစ်မတစ်ယောက်က လိုနေပါလေရော...ဒါနဲ့ အဲဒီနေ့ ချက်ချက်းပဲ ဒီဘုရားကျောင်းကြီးထဲ အဲဒီအစ်မကို ပြန်ရှာရပါတော့တယ်...ဒုတိယအကြိမ်ပြန်ရောက်တော့ ခုမဟုတ်သေးဘူးနော်..နောက်တစ်ကြိမ် မိသားစုနဲ့ ပြန်လာချင်တာပါလို့ ပြောပြီး အဲဒီရေကို ထပ်သောက်ခဲ့ပါတယ်..
ဒီခွက်ထဲကရေကို သူတို့ က Holy Water လို့ ခေါ်ပါတယ် မြန်မာမှုပြုရမယ်ဆိုရင်တော့ ရေစင်သောက်တယ်ပေါ့လေ..တချို့ ကတော့ ခေါင်းလောက်ပဲ ဆွတ်ကြတာပါ..ကျနော်ကတော့ ရေဝယ်သောက်ရင် ဈေးကြီးတာရော..မြင့်မြတ်တဲ့ ရေဆိုတော့ သောက်ချင်တာရောပေါ့လေ..ဟဲဟဲ..ဒီမှာ သောက်လိုက်တာပါ

ပြီးတော့ ကောင်မလေးတစ်ယောက်ပေါ့

ပြီးတာနဲ့ ရှာလို့ လည်းတွေ့ ရော ပြန်လာရာ လမ်းတလျှောက်က ပုံတွေကတော့ ဒီမှာပါ


ဒီပုံလေးတွေကတော့ ဘုရားကျောင်းကို သွားရာလမ်းတစ်လျှောက်မှာ ရှိတဲ့ ပုံတွေပေါ့..ပုံတွေမှာ သမိုင်းကိုယ်စီနဲ့ အဓိပ္ပါယ်ကိုယ်စီတော့ ရှိမှာပေါ့ဗျာ...ခက်တာက ကျနော်လည်း ကောင်းကောင်းမသိပါ...ဝီကီမှာ ရှာလို့ ရသမျှနဲ့ ကိုယ်နားလည်သလောက်သာ ပြောနေမိတာပါ...ပြောသာပြောရ မသိတာက ခပ်များများဆိုတော့ အားတော့ အနာသား
နောက်မှပဲ စိတ်ဝင်စားမဲ့သူလေးတွေ ရှိရင် ဆက်တင်ပေးပါ့မယ်...ဒါပဲနော်

Tags:

Share
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: