b သူရဲကောင်းကြယ်: ဖေဖေါ်ဝါရီ ၁၄
•Sunday, September 20, 2009
လေလုံတဲ့ ငါ့အခန်းထဲကို
အချစ်က တံခါးကြားကနေ
မတရားတိုးဝင်လာခဲ့ဖူးတယ်

တံခါးတချပ်ပွင့် အသွားမှာ
အချစ်နဲ့ အတူ
အလွမ်းရယ် သတိရခြင်းရယ်က
မဖိတ်ခေါ်ပဲ အလည်လာကြတယ်

ဖေဖေါ်ဝါရီ ၁၄ မတိုင်ခင်မှာပဲ
အချစ်က ခဏ ဆိုပြေးထွက်သွားပြီး
ငါ့ အခန်းတံခါးကို
ပိတ်ထားခဲ့တယ်

လေလုံအခန်းထဲမှာ ကျန်ခဲ့တဲ့ငါ
သတိရခြင်းတွေကို နေ့စဉ်
ရှူရှိုက်ရင်း အလွမ်းတွေနဲ့ပဲ
အိပ်စက်နေရတော့တယ်

အချစ်ကတော့ ခုထိ ပြန်မလာတော့ဘူး။
ချစ်သူရဲ့ ခဏဆိုတာ
တဘဝတာ ကြာလိမ့်မယ်လို့
မထင်ခဲ့မိဘူးလေ။.....။

သတိရနေတတ်တဲ့

herostar
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: