b သူရဲကောင်းကြယ်: ဘာလဲလို့ မမေးနဲ့
•Sunday, September 20, 2009
ဟိုနေ့က ပေါင်မုန့်ကို ငပိချက်နဲ့တို့စားလိုက်တယ်...
ဒီနေ့တော့ ယမ်ယမ်ကို ဒီတိုင်းကောက်ဝါးလိုက်တယ်...
နောက်နေ့တော့ ထမင်းချက်စားဖို့ စိတ်ကူးထားတယ်...

ဟိုနေ့က ဝတ်ပြီးသားမို့ အင်္ကျီက အနံ့ထွက်နေတယ်...
ဒီနေ့တော့ ဒါလေးပဲ ထပ်ဝတ်ရမှာပဲလေ...
နောက်နေ့တော့ လျှော်ဝတ်မှ ဖြစ်တော့မယ်...

ဟိုနေ့ကတည်းက ဒီအခန်းကျဉ်းလေးထဲက မထွက်ဖြစ်ဘူး....
ဒီနေ့လည်း ဘယ်မှ သွားစရာမရှိတာနဲ့ ဒီမှာပဲနေတာကောင်းပါတယ်
နောက်နေ့တော့ အပြင်ထွက်ဦးမှပဲ....

ဟိုနေ့က စာမကြည့်ဖြစ်ခဲ့ဘူး...
ဒီနေ့တော့ စာကြည့်ရင် ကောင်းမယ်လို့ တွေးနေမိတယ်...
နောက်နေ့တော့ ကြည့်ဖြစ်အောင်ကြည့်ရမယ်...

ဟိုနေ့က ကောင်မလေး အွန်လိုင်းကို ရောက်မလာဘူး...
ဒီနေ့တော့လာမယ်ဆိုလို့ မျှော်နေသေးတယ်...
နောက်နေ့တော့ လာမည်ထင်ရတာပဲ...

ဟိုနေ့က မလုပ်ဖြစ်တာတွေ
ဒီနေ့တော့လုပ်ရင် ကောင်းမယ်..မဖြစ်တော့ဘူး ကြိုးစားပြီး လုပ်ရဦးမယ်...
အင်း..ခုတော့ အိပ်လိုက်ဦးမယ်။
နောက်နေ့ပေါ့...

ဤသို့ဖြင့် လူပျိုသိုးတစ်ယောက် Looping ပတ်နေသည်။

herostar
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On April 25, 2010 at 7:53 PM , အလင်းငြိမ် said...

ဟေ့ အစ်ကို...

ကိုယ့်ကိုကိုယ် လူပျိုသိုးလို့ မပြောပါနဲ့လေ...
ငယ်ငယ်လေး ရှိသေးတာကိုးဝ)
အချစ်စစ် ရှာဖွေသူ လို့ပြော... ဟိဟိ