b သူရဲကောင်းကြယ်: Boundary Condition
•Sunday, September 20, 2009
စိတ်ခံစားချက်တွေကို
စကားလုံးအဖြစ် အသွင်ပြောင်းခွင့်ရနေလို့
တော်သေးတယ်…

တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးနေတဲ့
အချိန် တွေက ငါ့ကို တိုက်စား နေလိုက်တာ
ပါးသိုင်းမွှေးဗလပွနဲ့ တောပုန်းရုပ်တောင် ပေါက်လို့နေပြီ
တကယ်တော့ ငါဟာ မြို့လယ်ခေါင်မှာနေရပေမဲ့
စိတ်ဓာတ်တွေ တောထဲ ရောက်နေခဲ့တာကြာပါပြီ

ငါ ဖတ်နေတဲ့ စာအုပ်ထဲက
Boundary Condition ယူယူပြီးတွက်နေတဲ့
ပုစ္ဆာတွေကို အရင်က နားမလည်ခဲ့ဘူး

တကယ်တော့ ငါလည်း ဘယ်နေရာမှာ ဖြစ်ဖြစ်
ကန့် သတ်ချက် တစ်ခုအောက်မှာ ဖြေရှင်းသင့်တာပဲလေ

ခက်တာက ငါ ခံစားနေရတဲ့ အထီးကျန်ဆန်မှုဟာ
ဘယ်ခေါင်းစဉ်အောက်မှာ
ရှိနေမှန်း မသိသေးတာပဲ..

မိသားစု လား…
အချစ် လား…
မိတ်ဆွေ လား…

သေချာတာ တစ်ခုကတော့ အားလုံးနဲ့ ဝေးတဲ့ နေရာတစ်ခုကို
ငါရောက်ရှိနေခြင်းပါပဲ…

Hero star
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: