b သူရဲကောင်းကြယ်: ထာဝရကျောင်းသား
•Sunday, September 20, 2009
ငါ့ရင်ထဲကို
လာမကြည့်နဲ့
ဘာမှမရှိဘူး အဟောင်းသား

နင်ကလည်း
တွေးနေလိမ့်မယ်
တစ်ယောက်ပြောင်းရင် ကောင်းမလား

ဒီလိုနဲ့ပဲ
အချစ်စစ်နဲ့
မဆုံနိုင်လောက်အောင် ချောင်းခြား

ဘဝနဲ့ ရင်းပြီး
ကြိုးစားတာတောင်
မရေမရာနဲ့ ခေါင်းစား

သေချာတာက
မိဘတစ်ကွဲ သူငယ်ချင်းတစ်ကွဲ
ဖြစ်နေရတဲ့ အကြောင်းများ

ဘဝထဲကို
အထီးကျန်ငှက်တွေ
ကျူးကျော်တာတောင် မမောင်းအား

တကယ်တော့
ငါဟာ ထာဝရကျောင်းသား။ ။

့herostar
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: