•Sunday, September 20, 2009
'' မိခင်သောက" ကို သင်ခဲ့ရတုန်းက စာရေးဆရာကို ပိုတယ်လို့ထင်ခဲ့မိတယ်... စကားလုံးတွေပြောင်မြောက်လို့လေ။ မနှိုင်းအပ်ပေမဲ့ ခံစားချက်တွေက မီးပွိုင့်လွတ်လာတဲ့ ရန်ကုန် BUS ကားကျနေတာပဲ အရှိန်အဟုန်တွေပြင်းနေလို့ ခုလို ဖွင့်ချလိုက်ပါတယ်။
ခုတော့ ညီမလေးနဲ့ တွေ့တော့မှ ခံစားရတဲ့ သောကတွေက ရင်ထဲမချိအောင် ဖြစ်လာတော့ စာရေးဆရာကို စာနာတတ်တော့တယ်...အသက်ကြီးမှ ကြုံရပြီဆိုရင် အချစ်က ကို့လို့ကန့်လန့် နိုင်လွန်းပါတယ်...
ငိုပြရအောင်ကလည်း ကျွန်တော်က ကျောင်းဆရာ...ဖွင့်ပြောရအောင်ကလည်း ဂုဏ်သိက္ခာက ထိန်းရ
ညီမလေးက ကျနော့် ကို ရွဲ့ပြီး ကောင်လေးတစ်ယောက်နဲ့ အခန်းတံခါးပိတ်ပြီး စန္ဒရား များ နှိပ်နေမလား
စိုးရိမ်တာပါ... သူမက....ဂီတ ဖန်တီးတာ ဝါသနာမပါဘူးလို့တော့ ပြောပါတယ်...
"တောအုပ်ညိုညို တက္ကသိုလ်" လို့ ပြောနေသံတွေကြားရရင် ရင်ထဲမချိဘူးဗျာ...တကယ်လည်း တောထဲမှာနေနေရတာဆိုတော့လေ ကျွန်တော့် ရုပ်ကလပ်ကတော့ စုတ်ပြတ်နေတယ်လို့ မပြောချင်ပါဘူးဗျာ...သားနာပါတယ်..စာသင်နေရချိန်တွေ ဆိုရင်ပေါ့။ နီကိုရဲ့ တူတော်တယ်လို့ ပြောရမလား...အရပ်က ၅ ပေ ၃ အဝေးကကြည့်ရင် သစ်ငုတ်တိုလေး အတိုင်းပါ့...
ဒါကြောင့် စိုးရိမ်တာပေါ့...ရုပ်ကိုလည်းမကြိုက်မှာ ... အသက်ကို လည်းမကြိုက်မှာ... ကျောင်းမှာသာ ဆရာဆိုပေမဲ့ အချစ်မှာတော့ "ဝ"လုံးလေးတောင် ဝိုင်းအောင် မရေးတတ်သေးသူပေါ့..
ချစ်ရတဲ့ ကောင်မလေးက ဝလုံး မသင်ခင် ထဆင်ထူး သင်ပြီး ထားသွားမှာလည်း အကြောက်ဆုံးပေါ့
လူပျိုကြီးဖြစ်ရတဲ့ အကြောင်းအရင်းတွေကို တော့ နောက်မှပဲ ရင်ဖွင့်ပါတော့မယ်လေ
ခံစားချက်ကို စာစီခွင့်ရနေတာကိုပဲ အင်တာနက်ကို ကျေးဇူးတင်ရမယ်... မှားရင်လည်း ဖျက်ရတာလွယ်လို့လေ...ဘဝမှာတော့ မလွယ်ဘူးဗျ...ဌာနက ဆရာမ အပျိုကြီးတွေက မျက်လုံးဒေါက်ထောက်ကြည့်နေကြတာ...ခုတောင် သူတို့ လစ်တုန်းလေး လျှော့ချနေတာ...ခံစားချက်တွေ...
herostar
1 comments:
ကောင်း ပါတယ်ဗျာ...