b သူရဲကောင်းကြယ်: လူပျိုသိုး
•Sunday, September 20, 2009
လူပျိုသိုး

ပန်းတစ်ပွင့်ကို
ဝတ်ရည်စုပ်ကျတာခြင်း အတူတူ
ပျားက စုပ်တော့ ပျားရည် ဖြစ်ပြီး
ပိတုန်းက စုပ်တော့ အဆိပ် ဖြစ်တတ်တာ
လူပျိုသိုး တစ်ယောက်ရဲ့
ကံကြမ္မာ လို့ ပဲ
မှတ်ယူလိုက်ပါ့မယ်

လူပျိုသိုး ကျွန်တော်
ဒီအဆိပ်ခွက်ကို လက်လှမ်းမမှီပေမဲ့
လက်ကမ်းခဲ့ဖူးပါတယ်

ချစ်လွန်းလို့ လှမ်းခဲ့မိတဲ့ ဒီ ခြေလှမ်း တွေကို
စကားလုံးတွေနဲ့ ရိုက်ချိုးခံခဲ့ရတာ အခါခါပါ

အပယ်ခံ ဘဝမှာ
ပန်းကလေးကို ကြည့်ရင်း
ကြည်နူးတတ်အောင်
ကြိုးစားနေပါ့မယ်

လူပျိုသိုး တစ်ယောက်မှာ ခပ်သိုးသိုး
အတွေးတွေ ရှိနေတတ်ပေမဲ့
"အချစ်" တွေ ဘယ်တော့မှ
မသိုးခဲ့ဘူးဆိုတာ ယုံပါ

ခုတော့လေ....
ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေးပဲ
လွမ်းနေတော့မယ်နော်...

herostar
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: