b သူရဲကောင်းကြယ်: ရောမမြို့ မှ ပုံရိပ်များ (၂)
•Saturday, September 19, 2009
အီတလီနိုင်ငံရဲ့ မြို့ တော် ရောမမြို့ ကို Romulus and Remus ဆိုတဲ့ အမွှာညီနောင်နှစ်ဦးက BC 753 မှာ စတင်တည်ထောင်ခဲ့ တာတဲ့လေ..တကယ့်မြို့ တော်ဟောင်းကြီးပေါ့ဗျာ...ဒီ ညီနောင်က ဝံပုလွေတစ်ကောင်ရဲ့ နို့ ကို စို့ ပြီး ကြီးပြင်းခဲ့တယ်ဆိုပဲ...ဒီပုံကို ကြည့်ရင် သိနိုင်ပါတယ်..

ယောက်ျားလေးအများစုစိတ်ဝင်စားတဲ့ စစ်တုရင် Chess ဆော့တဲ့ နေရာမှာ ပါလေ့ရှိတဲ့ ကာဆယ်ကြီးပေါ့ဗျာ..ဒီရဲတိုက်ကြီးကတော့ ဒီမှာပါ Castel Sant'Angelo လို့ ခေါ်ပါတယ်..ဆလင်ဒါပုံစံရှိပြီး မြစ်ဘေးမှာ ဆောက်ထားတဲ့ ခံတပ်ကြီးပေါ့ဗျာ..

ဒါကတော့ ဘုရင်တွေ အဖူးအမြော်ခံတဲ့ နန်းတော်ကြီးပါတဲ့...တော်တော်လေးသားနားပါပေတယ်..

ဒါတွေကတော့ မြို့ ပျက်ကြီးကို တူးဖော်ပြီး မူရင်း မပျက်ထားထားတဲ့ ပုံတွေပါ

ဒီမှာရောပဲ

ရုပ်တုကြီးတွေကလည်း ထီးထီးမားမားတည်ရှိနေပါသေးတယ်..


ဗိသုကာမေဂျာက မမတစ်ယောက် အဆောက်အဦး ဒီဇိုင်းတွေအကြောင်းလေ့လာချင်တယ်ဆိုတာနဲ့ Pantheon ဆိုတဲ့ အမိုးပေါက်ကြီးရှိရာကို ရောက်ဖြစ်ခဲ့ကြပါတယ်...ခရစ်နှစ် ၁၂၆ ခုက ဆောက်ခဲ့တာဆိုတော့ နှစ်ပေါင်း ၂၀၀၀ နီးပါးရှိနေပြီ ဖြစ်ပေမဲ့ ဒီနေ့ ထိ ခိုင်ခံ့စွာတည်ရှိနေတာကို အံ့သြမိပါတယ်...ထူးခြားတာကတော့ ဆောက်အဦးရဲ့ အလယ်တည့်တည့်နေရာကြီးက အပေါက်ကြီး ဖြစ်နေတာပါပဲ...အပေါ်မှာ သာနေတဲ့ နေကို ကောင်းကောင်း မြင်နေရပေမဲ့ မိုးရွာတဲ့ အခါ ရေမဝင်ဘူးဆိုတာကြီးကို ယုံရခက်နေတာပေါ့လေ...အဆောက်အဦးရဲ့ ဒီဇိုင်းကြောင့်လား..အဆောက်အဦးထဲမှာ ရှိနေတဲ့ လေရဲ့ ပင့်တင်အားကြောင့် မိုးရေ
မဝင်နိုင်တာလား..စတဲ့ သို့ လော .. သို့ လော အတွေးများနဲ့ သာ ဒီအဆောက်အဦးကြီးရဲ့ ပုံကို ဓာတ်ပုံရိုက်ပြီး ယူခဲ့မိပါတော့တယ်

ဝီကီက ပုံပါ ဒါကတော့ ကျနော်ကိုယ်တိုင် ရိုက်ခဲ့တဲ့ပုံပါ

ပေါက်နေတဲ့ အမိုးကြီးရဲ့ ပုံ

ခုမြင်ရမှာကတော့ Tiber မြစ်ပေါ်မှာ ဆောက်လုပ်ထားတဲ့ တံတားတွေနဲ့ ညနေခင်း မြင်ပြင်ရဲ့ အလှအပလေးတွေပေါ့

ဒါကတော့ မြစ်ထဲက ရှုခင်းတချို့ ပါ

ဒါလေးကတော့ ညနေခင်းနေရောင်အောက်မှာ လှပနေတဲ့ Castel Sant'Angelo ရဲတိုက်ရဲ့ ပုံလေးပါ..ဒီရဲတိုက်ကြီးရှေ့ မှာ ကျောက်ရုပ်လို ဝတ်စုံမျိုးတွေ ဝတ်ပြီး ပိုက်ပိုက်တောင်းနေတဲ့ လူတစ်ချို့ ကိုလည်းတွေ့ မြင်နိုင်ပါတယ်

ဒါလေးကတော့ စိန့် ပီတာ ဘုရားကျောင်းကို သွားတဲ့လမ်းမှာ ရှိတဲ့ ရုပ်တုတစ်ခုပေါ့

ကောင်းနိုးရာရာ ပုံလေးတွေကို တင်ပေးလိုက်ပါတယ်




ဗင်းနစ်မြို့ မှ ပုံများအကြောင်းကိုလည်း အလျင်းသင့်တဲ့အခါ တင်ပြပေးပါ့မယ်..ဥရောပ အကြောင်း မိတ်ဆက်ကို မြန်မာလို အားပါးတရ ရေးလိုက်ချင်ပေမဲ့ အချိန်ဆင်းရဲ နေသေးတာကြောင့် နောက်မှပဲ ရေးတော့မယ်ဗျာ။

ခင်မင်လေးစားစွာဖြင့်

့herostar
This entry was posted on Saturday, September 19, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: