•Sunday, September 20, 2009
စံပယ်တစ်ပွင့် လေလွင့်လာသလို
ပင့်သက်ကို မရှိုက်ခင်မှာပဲ
မြင်ကွင်းရှေ့မှာ ပီပြင်လာတယ်
ဟုတ်ပါတယ် ဆင်မယဉ်သာ
ခြေလှမ်းတွေနဲ့ သူ ကျွန်တော့်ရှေ့
ရောက် လာတာပါ
ဒီနေ့ ခေတ်မှာ တွေ့ ရခဲတဲ့
သနပ်ခါး ဘဲကြားလေး လိမ်းထားပြီး
မပွင့်တပွင့်လေး ပြုံးလိုက်တဲ့အခါ
ရေတံခွန် အသီးသီးက
အရှိန်ပြင်းစွာ ကျလာတဲ့ရေတွေလို
အချစ်တွေကို ထိန်းမရတော့ဘူး
တမာရနံ့ကို အနိုင်ယူပြီးထွက်လာတဲ့
ရွှေဘိုသနပ်ခါးနံ့လေးက ကျွန်တော့်အာရုံတွေကို
လျှပ်တပြက်အတွင်းမှာ ဖမ်းစားသွားတယ်
သေချာစိုက်ကြည့်ရင်လည်း ရိုင်းမှာထင်
မျက်လုံးလေးထောင့်ကပ်ကြည့်တော့လည်း
အားမရနဲ့...ပိုးစိုးပက်စက်လှနိုင်လွန်းတဲ့
သူ့ အလှတွေကို ကျွန်တော် ဘယ်လို အံတုရမယ်မသိ
ဒါနဲ့ ပဲ
ကဗျာတစ်ပုဒ်
ကောက်ရေးပစ်လိုက်တယ်
စံပြဆိုဒ်က Admin ဆီမှာ
စာမူခလေးများ ရမလားဆိုပြီး။
လေးစားလျက်
herostar
ပင့်သက်ကို မရှိုက်ခင်မှာပဲ
မြင်ကွင်းရှေ့မှာ ပီပြင်လာတယ်
ဟုတ်ပါတယ် ဆင်မယဉ်သာ
ခြေလှမ်းတွေနဲ့ သူ ကျွန်တော့်ရှေ့
ရောက် လာတာပါ
ဒီနေ့ ခေတ်မှာ တွေ့ ရခဲတဲ့
သနပ်ခါး ဘဲကြားလေး လိမ်းထားပြီး
မပွင့်တပွင့်လေး ပြုံးလိုက်တဲ့အခါ
ရေတံခွန် အသီးသီးက
အရှိန်ပြင်းစွာ ကျလာတဲ့ရေတွေလို
အချစ်တွေကို ထိန်းမရတော့ဘူး
တမာရနံ့ကို အနိုင်ယူပြီးထွက်လာတဲ့
ရွှေဘိုသနပ်ခါးနံ့လေးက ကျွန်တော့်အာရုံတွေကို
လျှပ်တပြက်အတွင်းမှာ ဖမ်းစားသွားတယ်
သေချာစိုက်ကြည့်ရင်လည်း ရိုင်းမှာထင်
မျက်လုံးလေးထောင့်ကပ်ကြည့်တော့လည်း
အားမရနဲ့...ပိုးစိုးပက်စက်လှနိုင်လွန်းတဲ့
သူ့ အလှတွေကို ကျွန်တော် ဘယ်လို အံတုရမယ်မသိ
ဒါနဲ့ ပဲ
ကဗျာတစ်ပုဒ်
ကောက်ရေးပစ်လိုက်တယ်
စံပြဆိုဒ်က Admin ဆီမှာ
စာမူခလေးများ ရမလားဆိုပြီး။
လေးစားလျက်
herostar
0 comments: