b သူရဲကောင်းကြယ်: အချစ် ခါးပိုက်နှိုက်မလေး
•Monday, September 28, 2009
နှလုံးသား ကို ခေါင်းလောင်းထိုးတဲ့အခါ
အချစ် အားလုံး ကျောင်းလာတက်ကြတယ်
သောက ကို အင်္ကျီ ချုပ်ဝတ်နေရတာနဲ့
"အချစ်" ကို ယောင်လို့ တောင် လှဲ့ မကြည်ခဲ့ဘူး။

ဒီလိုနဲ့ ပဲ ... .... ....
ကျောင်းကြီး ဆွေးမဆွေးတော့ မသိဘူး။
ငါတော့ အသက် ၃၀ နားကပ်လာတာတောင်
ကျောင်းက မပြီးသေးဘူး။

သုံးကျောင်း မက ပြောင်းခဲ့ရတဲ့ "အညာသား ငါ"
ရန်ကုန် ရောက်မှပဲ "အချစ်ကို ခါးပိုက်နှိုက်ခံလိုက်ရတယ်"
သက်တမ်းတစ်ဝက်ကျိုးတဲ့ထိ စာသင်ခန်းထဲမှာပဲ
ကြီးပြင်းလာခဲ့လို့ "ငါ နုနယ်ပါတယ်" ရန်ကုန်သူရယ်

နင့်အချစ်တွေနဲ့ ရောထွေးနေမဲ့
ငါ့အချစ်တွေကို မျှော်လင့်နေတာပါ
ငါ့ အချစ် ခါးပိုက်နှိုက်မလေးရယ်...
စာနာတတ်ရင် ပြန်လာပေးပါနော်။ ။

herostar
This entry was posted on Monday, September 28, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On October 4, 2009 at 5:01 PM , naymon said...

ko hero,
very nice poem.
I like it. :)