b သူရဲကောင်းကြယ်: အချစ်မျှားမိသူ
•Monday, September 21, 2009
အချစ်မျှားမိသူ

စာကလေး တစ်ကောင်ဟာ
ကြောင်တစ်ကောင်ရဲ့ မျက်လုံး နဲ့
မဆုံမိမချင်း လွတ်အောင် ပျံသန်းနိုင်ကြတယ်

မျက်လုံးချင်းဆုံမိသွားရင်တော့
ကြောင်ရဲ့ ညှို့ဓာတ်ကို ခံရပြီး
အသက်ဆုံးရှုံး ရတော့တယ်

ကျွန်တော်လည်း မျက်လုံးချင်းမဆုံအောင်
ကြိုးစားခဲ့ဖူးပါတယ်
သူ့ အပြုံးလေး တွေကို မရှောင်နိုင်တော့တဲ့
တနေ့ မှာ မျက်လုံးချင်း ဆုံမိပါတော့တယ်

အဲဒီနောက်မှာ
ဘဝကို ချိတ်မှာ တပ်ပြီး
အချစ် ကို ရအောင် မျှားနေမိပါတော့တယ်

အချိန် ကို ဘူဖေးလုပ်ပြီး ကြိုးစားခဲ့ပေမဲ့
ဘဝသာ လုံးပါးပါး သွားတယ်

"အချစ်" ကတော့ ဒီနေ့ ထိ
လှိုင်းကလေးတစ်ချက် ထအောင်တောင်
ပွက်မပြခဲ့တော့ဘူး။

herostar
This entry was posted on Monday, September 21, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On September 21, 2009 at 4:24 PM , ဂျာမုန်းဒန် said...

အချစ်မျှားမိသူ...ကဗျာလေးကိုလာဖတ်တယ်။
တကယ်အသက်ဝင်တဲ့ကဗျာလေးပါ။
အမြဲအားပေးမယ်နော်။
ခင်တဲ့အစ်မ
ဂျာမုန်း