b သူရဲကောင်းကြယ်: Plaxis Software မိတ်ဆက်
•Tuesday, September 22, 2009
Geotechnical Engineering မှာ မသိမဖြစ်လိုအပ်တဲ့ plaxis ဆော့ဝဲအကြောင်း မိတ်ဆက်ပြောပြချင်လို့ ပါ။ မြေစွမ်းအားကို တွက်ချက်တဲ့နေရာမှာ အများဆုံးအသုံးပြုကြပါတယ်မြန်မာအင်ဂျင်နီယာဖိုရမ်မှာ ခေါင်းစဉ်တစ်ခုထုတ်ပြီး ဆွေးနွေးချက်တွေကနေ စိတ်ဝင်စာတဲ့သူရှိလာရင် အလွယ်တကူဖတ်လို့ ရအောင် မျှဝေလိုက်ပါတယ်။

Plaxis မှာ ပုံစံ နှစ်မျိုး ရှိပါတယ်။ အဲဒီ နှစ်မျိုး ထဲကမှ ကိုယ့်၇ဲ့ project နဲ့ ကိုက်ညီမဲ့ ပုံစံ (analysis model) ကို ရွေးချယ်ပြီး model တည်ဆောက်၇ပါတယ်။

(1) Plane strain (direction တစ်ခုမှာ ရှည်လျားတဲ့ excavation လိုမျိုး)
တူးမြောင်းလို ရှည်လျား တဲ့ excavation မျိုးကို analysis လုပ်တဲ့အခါမျိုးမှာ Plane strain ကိုရွေး၇ပါတယ်။ ရှည်လျား တဲ့ excavation မျိုးဆိုပေမယ့် စတု၇န်းပုံ, ထောင့်မှန်စတုဂံပုံ တို့ကိုလဲ analysis လုပ်လို့၇ပါတယ်။

(2) Axisymmetry (အလယ်က ဝင်ရိုးကို ဗဟိုပြုပြီး စက်ဝိုင်းလို ဖြစ်နေတဲ့ excavation လိုမျိုး)
ရေတွင်းလို ဖြစ်နေတဲ့ excavation မျိုးကို analysis လုပ်တဲ့အခါမျိုးမှာ Axisymmetry ကိုရွေး၇ပါတယ်။ ဥပမာ - pile တစ်ချောင်းကို analysis လုပ်တဲ့ အခါမျိုး, escape shaft ကို analysis လုပ်တဲ့အခါမျိုးမှာ သုံးပါတယ်။ (ဒီနေ၇ာမှာ Axisymmetry နဲ့ symmetry ၇ဲ့ အဓိါပယ် မတူတာကို သတိပြု စေချင်ပါတယ်။ section တစ်ခုရဲ့ dimension တွေ ခေါက်ချိုးညီ တူနေတာကို Symmetry လို့ခေါ်ပါတယ်။ ထောင့်မှန်စတုဂံပုံ excavation ရဲ့ section တစ်ခုမှာ သူရဲ့ dimension တွေ ခေါက်ချိုးညီနေလို့ analysis လုပ်တဲ့အခါ တစ်ဝက် ပဲ anaysis လုပ်ချင်၇င်လဲ ၇ပါတယ်။ ဒါပေမဲ့ ထောင့်မှန်စတုဂံပုံ ဖြစ်တဲ့အတွက် Plain strain နဲ့ analysis လုပ်၇ပါမယ်။
Scale နဲ့ပတ်သက်လို့ကတော့ Auto Card မှာလိုပဲ ကိုယ်ဆွဲမည့် ပုံကိုကြည့်ပြီး သတ်မှတ်တာပါ...အချိုးနဲ့ ပတ်သက်လို့ကတော့ ပုံသေ အချိုးမရှိပါဘူးခင်ဗျ... ကျနော့်အတွေ့အကြုံအရကတော့ လိုချင်တဲ့ အကျယ်တွေ အနက်တွေကိုယူပြီးဆောက်မဲ့နေရာမှာရှိတဲ့ Soil Behavior ကိုလေ့လာပါတယ်။

ပြီးတော့မှ..... သုံးမဲ့ material တွေနဲ့ Software မှာတင်ပြီး Run ကြည့်ပါတယ်....Settlement တွေကို တွေ့တဲ့အခါ ဘယ်ကောင်ကို အတိုးအလျှော့လုပ်ရမလဲ စဉ်းစားရပါတယ်. .အချိုးကိုပြင်လို့ရနိုင်မလား.Material ကိုပိုသုံးရင် Eco နဲ့ကိုက်မလား စသဖြင့်ပေါ့..

Model ပိုင်းမှာကတော့ အဓိကအားဖြင့်

1. Mohr- Coulomb model ,MC model (perfect plasticity)

2. Jointed Rock model (anisotropy)

3. Hardening Soil model (isotropic hardening)

4. Soft Soil Creep model (Time dependent behavior)

5. Soft Soil model နဲ့

6. User Defined Soil Model ဆိုပြီး ခွဲခြားထားပါတယ်...

ဒီနေရာမှာ ဘယ် Model နဲ့ Design လုပ်သင့်တယ်ဆိုတာကတော့ Soil ပေါ်မူတည်ပါတယ်..
ဥပမာ MC model ကို သုံးမယ်ဆိုရင်..Soil Elasticity, E နဲ့ V, Soil plasticity, C နဲ့ ဖိုင် , angle of dilatancy ဒါတွေကို သိရပါမယ်...ပြီးတော့ K အိုတန်ဖိုး , ဘာတွေသိနိုင်လဲ ဆိုတာပေါ်မူတည်ပြီး..ဘယ်model နဲ့ Design လုပ်သင့်လဲလို့ စဉ်းစားရတယ်ဆိုပါစို့...

Mesh တစ်ခုရဖို့အတွက် Clusters ကို triangle ပုံစံတွေခွဲပါတယ်...ပြီးတဲ့နောက်မှ 15 nodes နဲ့ စဉ်းစားမလား 6 nodes နဲ့ စဉ်းစားမလားလို့ ဆုံးဖြတ်ရပါတယ် load displacement curves Ux, Uy တွေပေါ်မူတည်ပြီးရွေးတာပါ လိုရင်းကိုပဲ ပြောလိုက်ရတဲ့အတွက် အားမရပါဘူးခင်ဗျ...သေသေချာချာနားလည်နိုင်ဖို့အတွက် ဒါလေးကိုဖတ်လိုက်နော်


This entry was posted on Tuesday, September 22, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: