b သူရဲကောင်းကြယ်: သူငယ်တန်း ဖတ်စာ
•Sunday, September 20, 2009
အလွမ်းနွံထဲ ကျွံနေသည်။
ကူ၍ လွမ်းပေးကြပါ။
လွမ်းလွန်း၍ မရုန်းနိုင်ဘူးလား.
ပြိုင်တူလွမ်းလျှင် လွတ်နိုင်ပါသည်။

ငါချည်းပဲ လွမ်းနေရတာ
မမျှတဘူးထင်မိတယ်
စိတ်ပါလက်ပါ
နင်လည်း တစ်ရက်တော့ လွမ်းဟာ..

ငါ ငိုပြီး ထပ်လွမ်းရင်
ငါတို့ တိုင်းပြည်
မုန်တိုင်းနောက်တစ်ခါ
ထပ်ကျမှာစိုးလို့ ။

herostar
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: