b သူရဲကောင်းကြယ်: ပဲရစ်သို့ အလည်တစ်ခေါက်
•Monday, September 21, 2009
ဥရောပ သမိုင်းကို ရေးမယ်ဆိုရင် ဂျာမနီနဲ့ ပြင်သစ်အကြောင်းမပါဘဲ ရေးလို့ ရမည်မထင်ပါ...ပဲရစ်သည် ပြင်သစ်နိုင်ငံရဲ့ မြို့ တော်ပေမို့ လားမသိပါ ...စိမ်းမြစ်ပေါ်မှာ တည်ရှိနေပုံကိုက ကမ္ဘာလှည့် ခရီးသည်များကို တော်တော်လေး ဖမ်းစားနိုင်သည်ဟု ထင်မြင်မိပါသည်။

ပဲရစ်ကို စဝင်လိုက်ပြီ ဆိုတာနဲ့ ကျွန်တော်အမောတကော ရှာနေမိတာကတော့ အီဖဲတာဝါကြီးပေါ့ဗျာ... စိတ်ကူးထဲမှာ တော်တော်မြင့်တဲ့ မျှော်စင်ကြီးဆိုတော့ ဘယ်ကကြည့်ကြည့်မြင်ရလိမ့်မယ်လို့ အပိုင်တွက်ထားတာပေါ့ဗျာ...ဒါပေမဲ့ အဆောက်အဦးတွေနဲ့ ကွယ်နေတာနဲ့ ပဲရစ်အောက်ခြေရောက်မှပဲ မြင်ရပါတော့တယ်...

ဒါကတော့ စစ်ဘုရင် နပိုလီယံရဲ့ အုတ်ဂူပါ...သူ့ အုတ်ဂူအပြင် အခြားစစ်သားတွေရဲ့ အရိုးတွေကိုလည်း အဲဒီထဲမှာ တွေ့ နိုင်ပါသေးတယ်

ဒါကတော့ မိုနာလီဇာပန်ချီကားနဲ့ ဗီးနပ်စ်ရဲ့ ရုပ်ထုတည်ရှိရာ ပြတိုက်ရှေ့က ပုံတစ်ခုပဲဖြစ်ပါတယ် Louvre Museum လို့ ခေါ်ပါတယ်

စိမ်းမြစ်ဘေးမှာတည်ရှိနေတဲ့ ဒီအီဖဲတာဝါဟာ ကျွန်တော်တို့ ရောက်တဲ့ အချိန်မှာတော့ နှစ်ပေါင်း ၂၀၀ တိတိပြည့်တဲ့ နှစ်ပေါ့ဗျာ...ညဘက်မှ အီဖဲက ပိုလှတယ်ထင်ပါတယ်...City of Light လို့ ခေါ်ဆိုရလောက်အောင်ပင် မီးရောင်စုံတွေနဲ့ လှနေတဲ့ အီဖယ်နဲ့ တကွ ပဲရစ်မြို့ ကို ကြည့်ရင်း အားကျမိတာတော့အမှန်ပဲဗျာ...နောက်မှ ဆက်ရေးတာပေါ့...ဒါကတော့ အများပြောနေကြတဲ့ ဗီးနပ်စ်ပေါ့ဗျာ...Louvre Museum ကြီးထဲမှာ ရှိတာပါ

လေးစားလျက်
herostar
This entry was posted on Monday, September 21, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: