b သူရဲကောင်းကြယ်: အလွမ်းရယ်တဲ့ ၁၂ ထွေ
•Sunday, September 20, 2009
လွမ်းတယ်ဗျာ...
တွေ့နေမြင်နေကြအရာတွေနဲ့
မတွေ့ရမမြင်ရတော့တဲ့အခါ
လွမ်း လာတယ်ထင်ပါတယ်...

အဆောက်အဦးတစ်ခုထဲမှာ
သက်တောင့် သက်သာနေခွင့်ရတယ်
ဇိမ်ခံပစ္စည်းမျိုးစုံရှိတယ်..
ခက်တာက အဲဒါ အိမ်မဟုတ်ဘူး..

ငါနေတဲ့ အခန်းထဲမှာ
ငါတစ်ယောက်ပဲရှိတယ်....
ငါနေတဲ့ မြို့မှာလည်း
ငါတစ်ယောက်ပဲရှိတယ်...

မြန်မာကို မြင်ချင်တဲ့အခါ
မှန်ကြည့်ယူရတယ်...
ငါ တစ်ယောက်ယောက်ကို
လွမ်းနေတယ်..


ငါ့ကို ဘယ်သူများ လွမ်းနေသလဲ
ငါ့အိမ်ကတောင် ငါ့ကို ပုံမှန်လာမတွေ့အားကြပါ..
ငါ့ရဲ့ တစ်ယောက်သောသူကလည်း
တစ်လတစ်ခါ တွေ့ရဖို့တောင်
တော်တော်ပြောယူရတယ်..

ငါကပဲ လွမ်းတတ်လွန်းနေတာလား
မိုးတွေရွာနေတယ်
လေပြင်းတွေ တိုက်နေတယ်
လျှပ်စီးတွေလည်း လက်နေတယ်...

ငယ်ငယ်ကဆို ငါ
မေမေ့ရင်ခွင်မှာ အိပ်စက်ခဲ့ဖူးတယ်..
ခုတော့ တိတ်ဆိတ်ခြောက်ခြားဖွယ်
ညတွေအလယ်ထဲ ငါ့မှာ
စကားပြောဖော်လေးတောင် မရှိ
ရှင်သန်နေရတယ်

အထီးကျန်ညတွေ မြန်မြန်လွန်မြောက်ပါစေလို့
တစ်ယောက်တည်း ဆုတောင်းနေမိတယ်..

Herostar
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On October 15, 2009 at 4:24 AM , shwe said...

အေးပါဟာ........
ဒီလိုအလွမ်းမျိုးတွေက ပေးဆပ်မှုတွေ အများကြီးလုပ်ခဲ့ပြီးမှ ရတာမို့ ခါးသက်ပေမဲ့ တန်ဖိုးရှိပါတယ်လေ နော်.... :)

 
On January 22, 2010 at 4:40 PM , Aye said...

မြန်မာမျက်နှာမြင်ချင်ရင် မှန်ကြည့်မှရတယ်ဆိုတာကို
စာနာသနားမိပါတယ်... ရေးတတ်တာကို သဘောကျမိတယ်