b သူရဲကောင်းကြယ်: နင်တို့ ပျော်ရွှင်ပါစေ
•Sunday, September 20, 2009
နင့်ချစ်သူကို ဘယ်လောက်ထိချစ်ကြောင်းတိုင်တာပြဖို့
ငါ ဟာပေတံလေးတစ်ချောင်းဖြစ်ခဲ့ရတယ်

အကယ်ဒမီ ဆုပေးပွဲ မစခင်မှာပဲ ငါဟာ အကာင်းဆုံး ဇာတ်ပို့ဆု ချီးမြှင့်ခံရတယ်
နင်တို့အချစ်တွေ ခိုင်မြဲဖို့အတွက် ငါ့ကို တံတားခင်းသွားခဲ့ကြတယ်

နင်က ချစ်လားလို့ မေးရင် ငါ နင့်ကို သိပ်ချစ်တဲ့ အကြောင်း
ဘယ်လောက်ထိချစ်လဲလို့မေးရင် ပင်လယ်ကြီးလောက်ချစ်ပြီး သမုဒ္ဒရာကြီးလောက် နက်ရှိုင်းကြောင်း ငါဖြေမိမှာပါ

ခုတော့...နင်က တစ်ပါးသူရင်ခွင်မှာ ခိုလှုံတော့မယ် ဆိုတော့ အင်းလေ...ရပါတယ် ငါ့ကို ဘာမှ မစိုးရိမ်ပါနဲ့
ငါ ဘာမှ မဖြစ်ပါဘူး...နင်သာ သူနဲ့ အဆင်ပြေအောင်နေနော်လို့ ဖြေဖြစ်လောက်အောင် ချစ်ပါတယ်

လမ်းမှာ နင်တို့အတွဲနဲ့ ဆုံတဲ့အခါ ကလေးတစ်ယောက်လို ချိုမိုင်မိုင် ကမပြတော့ပေမဲ့
ငါ့ရဲ့ ဂစ်တာသံလေးနဲ့ ပိုပြီးကြည်နူးရတယ်ဆိုရင် ငါဆိုနေကြ အလွမ်းတေးလေးကို ခံစားချက်အပြည့်နဲ့ ဖျော်ဖြေပေးပါ့မယ်

ငါနင့် ပေါ်ပေးအပ်ခဲ့တဲ့ ငါ့အချစ်တွေဟာ တသက်လုံး မမုန်းတဲ့ ချစ်ခြင်းတွေပါဟာ
ကောင်းကင်တစ်ခုစာလောက် ကျယ်ပြန့်နေမှာပါ

ဒါပဲနော် နင်တို့ ပျော်ရွှင်ပါစေ
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: