b သူရဲကောင်းကြယ်: လွမ်းတယ် မြန်မာရယ်
•Sunday, September 20, 2009
လွမ်းတယ် အချစ်ရယ်
မြန်မာပြည်ဟာ ဘယ်ဆ်ီရှိမယ်ဆိုတာတောင် မှန်းရခက်တဲ့အခါ
ရေဝေးကြာလို ဖြစ်ရပါတယ်

ချယ်ရီတွေ လမ်းတလျှောက်သင်းနေပေမဲ့
ပိတောက်ရနံ့ကိုပဲ မြတ်နိုးမိတယ်
တမာရနံ့ကိုပဲ တွယ်တာနေမိတယ်

အုတ်ခင်းလမ်းတွေနဲ့ သန့်ရှင်းနေတတ်တဲ့
မြို့ပြက လမ်းတွေကို လျှောက်နေရပေမဲ့
အတူ လျှောက်ခဲ့ဖူးတဲ့ မြေနီလမ်းလေးကိုပဲ
သတိရနေမိတယ်

ချစ်သူရှိရာ ချစ်သူ့နယ်မြေသည်သာ
ကိုယ့်ဘဝရဲ့ နားခိုရာဆိုတာ
ကြာလေ ပိုသိလာလေပဲ

ရုပ်ပိုင်းဆိုင်ရာတွေ အဆင်ပြေနေပေမဲ့
စိတ်ထဲမှာ မပျော်ဘူး...
မရောက်တာ အတော်ကြာနေပြီဆိုတော့
အိမ်ရှေ့က ပိတောက်ပင်ကြီးကတောင်
ကိုယ့်ကို သူစိမ်းတစ်ယောက်လိုများထင်နေမလားပဲနော်

ကလေးဆန်တယ်လို့ပဲဆိုချင်ဆို
ချစ်သူရဲ့လက်ကလေးကို ယုယုယယ
ဆုတ်ကိုင်ခွင့်ရနေရတာလောက်
ဘယ်အရာကမှ ကိုယ့်ရဲ့စိတ်ကို
မနွေးထွေးစေဘူး။

ဆွေးမိတယ်
ချစ်ရတဲ့ မြန်မာပြည်ရယ်။
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: