b သူရဲကောင်းကြယ်: တစ်ဆယ်
•Sunday, September 20, 2009
ဆယ်တန်းကို
ဆယ်ခါကျတာတောင်
ဆယ်ရေးတစ်ရေးလို့ သဘောထားခဲ့တဲ့ကောင်

ဆယ်ရက်နေ့မှာ
ဆယ်စောင်မြောက်စာကို
ဆယ်လီမကျေသေးတဲ့ နှလုံးသားနဲ့
ဆယ်ခါပေးမိပါတယ်

ဆယ်ဆမက ချစ်ခဲ့ရတဲ့
ဆယ်ကျော်သက် အချစ်တွေကို
ဆယ်ယူခဲ့တဲ့ ဆရာမကြီးပေါ့

ဆယ်ယောက်မြောက်ချစ်သူဖြစ်နေတာကို
ဆယ်လပိုင်း ဆယ်ရက်နေ့မှာ
ဆယ်ကြိမ်ပြန်ကြားတဲ့အခါ
ဆယ်ဘီးကားမောင်းနေရပေမဲ့
ဆယ်လီစိတ်လောက်တောင် စိတ်ဓာတ်မကျခဲ့ဘူး

ဆယ်ပြားးတောင် မတန်တဲ့ကောင်လို့ ပြောပြီး
ဆယ်သန်းတန်ကားကြီးပေါ်ကို တက်သွားတော့မှ
ဆယ်ချောင်းသောလက်တွေနဲ့ သတ်ပစ်ချင်လောက်အောင်
ဆယ်ခါ နောင်တ ရမိပါတယ်။

herostar
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: