b သူရဲကောင်းကြယ်: “ဟုတ်ကဲ့ ဆရာမ”
•Sunday, September 20, 2009
“ဟုတ်ကဲ့ ဆရာမ”

“မင်္ဂလာပါ
ဆရာမ”
“အားလုံး မတ်တပ်ရပ် သေချာနားထောင်
နားမလည်ရင် မမေးနဲ့
ပြောသလိုလုပ် ကျက်ခိုင်းတာကျက်
အပိုတွေမရှင်းတာတွေ
လာမမေးနဲ့

ခိုင်းတာပဲလုပ် မရိုမသေမလုပ်နဲ့
ငါဆရာလုပ်တာ မင်းတို့ထက်တတ်လို့
စာမေးပွဲအောင်ချင် ငါ့ကျူရှင်တက်
စာမရရင် ဒီထားဝယ်ကြိမ်လုံး
ဝအောင်နမ်းထား ကျူရှင်မတက်ရင်
ကျမှာပဲ ငါ့မှာ မိသားစုရှိတယ်
စီးပွားရေးရှိတယ်

အခုဒါပဲ မသင်တော့ဘူး
အိမ်ကိုလာခဲ့  နားလည်လား
ပြန်မမေးနဲ့ ကြားလား ...”

“ဟုတ်ကဲ့ပါ ဆရာမ”
ကော့တော့ ကော့တော့နှင့်
ထွက်သွားလေသတည်း။

ကိုချစ်မောင်
မှတ်ချက်။ ။ဖတ်ရင်းနှစ်သက်မိလို့ နတ်သဘင် မှ ကူးယူဖော်ပြပါသည်။
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: