b သူရဲကောင်းကြယ်: ပိန်ချင်ရင်အလွယ်လေး
•Saturday, May 17, 2008


အခုကျနော်ရေးမယ့်ဘလော့ဂ်က ပိန်ချင်တဲ့မမ၀၀တွေအတွက်ရော၊ဘော်ဒီထိန်းချင်တဲ့သူတွေအတွက်ရော၊၀ိတ်တက်ချင်တဲ့လူတွေအတွက်ရောအကျုံးဝင်ပါတယ်။
အခုကျနော်တို့မြန်မာနိုင်ငံမှာပေါ့နော်...လူအများစုစားနေကြတဲ့အစားအစာတွေကိုကယ်လိုရီတွက်ချက်ထားပါတယ်...။
စိုးပိုင်မှူးရေ...နင်အရမ်းပိန်သွားတာပဲလို့ပြောကြလို့မျှဝေပေးလိုက်တာပါ။်တစ်လလောက်အတွင်းပေါင်သုံးဆယ်လျော့ပါတယ်။

အစားအစာ ပမာဏ ကယ်လိုရီ

  • ထမင်း တစ်ဇွန်း(ဟင်းခပ်ဇွန်း) ၂၅
  • ပေါင်မုန့် တစ်ချပ်(လက်တစ်လုံးထူ) ၅၀
  • အသား တစ်တုံး(လက်သုံးလုံးခန့်) ၅၀
  • ငါး တစ်တုံး(လက်သုံးလုံးခန့်) ၇၀
  • ပဲဟင်း တစ်ခွက် ၁၀၀
  • ငှက်ပြောသီး တစ်လုံး ၅၀
  • ခေါက်ဆွဲပြုတ် တစ်ထုပ် ၂၀၀
  • မုန့်ဟင်းခါး+အကြော် တစ်ပွဲ ၁၀၀
  • ဟင်းရွက်ကြော် တစ်ပန်းကန် ၅၀
  • ဘီစကစ် တစ်ချပ် ၅၀
  • ကော်ဖီကြမ်း တစ်ခွက် ကယ်လိုရီလုံးဝမရှိပါ
  • လက်ဖက်ရည်(ချိုပေါ့) တစ်ခွက် ၅၀
  • နွားနို့(သို့)အိုဗာတင်း တစ်ခွက် ၅၀

အခုဖော်ပြခဲ့တာတွေကိုချင့်ချိန်ပြီးစားသုံးမယ်ဆိုရင်ပိန်ချင်ရင်လဲအလွယ်လေးဝချင်ရင်လဲအလွယ်လေးပါပဲ။
ပိန်ချင်တယ်ပိန်ချင်တယ်ဆိုပြီင်္းမနက်အစောကြီးထ၊ကန်တော်ကြီးတစ်ပတ်ပတ်ပြီးတော့ကယ်လိုရီ(၃၀၀)လောက်ဖြုန်းလိုက်တယ်
ဆိုပါတော့။ပြီးတော့လက်ဖက်ရည်ဆိုင်လေးထိုင်ပြီးလက်ဖက်ရည်တစ်ခွက်၊ပေါက်စီနဲ့ဟဲလိုက်ပြီးမှမတင်းတိမ်သေးဘဲနောက်ထပ်
မုန့်ဟင်းခါးတစ်ပွဲထပ်ဆွဲလိုက်ဦးမယ်ဆိုရင်တော့...။အင်း...ဖြုန်းခဲ့တဲ့ကယ်လိုရီက(၃၀၀)မောမောဆာဆာနဲ့ဟဲလိုက်တာက(၄၀၀)
လောက်ဖြစ်သွားတာပေါ့။အဲဒီတော့ခင်ဗျားဆီမှာကယ်လိုရီ(၁၀၀)လောက်စုမိသွားတော့တာပေါ့။
ပြီးတော့သတိထားရမှာတစ်ခုက ဗိုက်ဆာတယ်ဆိုပြီးစားလိုက်တာ ထမင်းတစ်ပန်းကန်လောက်တော့ပြိုက်ကနဲ
ပဲ။ငါးမိနစ်လောက်တောင်ကြာရဲ့လားမသိဘူး။တကယ်တော့ခင်ဗျားဗိုက်ဆာပြီ။စားလိုက်ပြီ။အဲလိုစားလိုက်လို့ဗိုက်ဝသွားပြီလို့
ဦးနှောက်ကသိတာက မိနစ်၂၀လောက်ကြာမှသိတာတဲ့ဗျာ....။အဲဒီတော့ထမင်းစားရင်ဖြည်းဖြည်းလေးစားဖို့အရေးကြီးပါတယ်။
ဗိုက်မ၀သေးဘူးဆိုပြီးနင်းကန်စွတ်ဟဲနေလို့ကတော့.........။

ကဲ.....ဒါလောက်ဆိုကိုယ့်ဟာကိုယ်ကယ်လိုရီဘယ်လောက်စားသုံးရမယ်ဆိုတာချင့်ချိန်နိုင်ကြမယ်ထင်ပါတယ်...။
သိပြီးသားဆိုရင်လဲခွင့်လွှတ်ကြပါ...။ဒီပို့စ်လေးကိုမသိသေးတဲ့လူတွေအတွက်တင်တာပါခင်ဗျာ...။
လှနိင်ပနိုင်ကြပါစေ.....။

အခုဒေါက်တာရဲနိုင်ရေးတဲ့(၇)ရက်အမြန်ဝိတ်ချနည်းကိုဖော်ပြပေးပါ့မယ်
(လေ့ကျင့်ခန်းနဲ့တွဲလုပ်နိုင်ရင်တစ်ပတ်ကိုဆယ်ပေါင်ကျပါသတဲ့)
စား၇မယ့်အစီအစဉ်တွေက..
အဆီကျဟင်းရည်
ကြက်သွန်နီဥကြီး ခြောက်လုံး
ငရုတ်ပွ အစိမ်းနှစ်တောင့်
ခ၇မ်းချဉ်သီး ခြောက်လုံး
တရုတ်နံနံ တစ်စည်း
ဂေါ်ဖီတစ်ထုတ်
အသီးအရွက်တွေကို အနေတော်တုံးပြီး အိုးထဲရေမြုတ်အောင်ထည့် အဖုံးဖုံးပြီး
ပွက်ပွက်ဆူအနေအထားမှာ ၁၀မိနစ်ထား နောက်မှမီးကို
လျော့ပြီးအသီးအရွက်နူးတဲ့အထိ ချက်၇ပါမယ်...
အဲဒီအရည်တွေကို ၀ိတ်ချတဲ့ တစ်ပတ်လုံးသောက်၇ပါမယ်...
တတ်နိုင်၇င် အ၇ွက်တွေပါစား၇င်ပိုကောင်းတယ်။အရသာတွေထည့်နိုင်ပါတယ်။
ပထမနေ့

အဆီကျဟင်းရည်ကို ဗိုက်ဆာတိုင်းသောက်ပါ တွဲဖက်စားလို့၇တဲ့အစာတွေက လိမော်သီး
ပန်းသီး သစ်တော်သီး
မာလကာသီး ကျွဲကောသီး ကျန်တာ
ဘာမှစားခွင့်မ၇ှိပါဘူး....အသီးတွေဘဲစားလို့၇ပါမယ်...ငှက်ပျောသီးမပါ

ဒုတိယနေ့

ပင်တိုင်အဆီကျဟင်းရည်အပြင် ဟင်းသီးဟင်းရွက်အားလုံး အစိမ်းဖြစ်ဖြစ်
ကျက်ပြီးသားဖြစ်ဖြစ် စားခွင့်၇ှိပါတယ်
သစ်သီးကို စားခွင့်မရှိပါဘူး ကင်ထားတဲ့ အာလူးကြီး တစ်လုံး စားခွင့်ပြုပါတယ်

တတိယနေ့

ပထမနေ့နဲ့ ဒုတိယနေ့က ခွင့်ပြုထားတဲ့
အစာတွေအားလုံးစားလို့ရပါတယ်....အာလူးကင်မပါ...

စတုတနေ့

အဆီကျဟင်းရည်အပြင် တစ်နေ့လုံးအတွက် ငှက်ပျောသီးရှစ်လုံး အဆီထုတ်ထားတဲ့
နွားနို့ ကြိုက်သလောက်သောက်ခွင့်ရှိပါတယ်...
ငှက်ပျောသီးနဲ့နွားနို့ မဖြစ်မနေသောက်၇ပါမယ် ကိုယ်ထဲက ပိုတက်ဆီယမ်
ပရိုတင်းနဲ့ ကယ်လ်စီယမ်တို့လိုအပ်နေပြီမို့ပါ

ပဉ္စမနေ့

ပင်တိုင်အဆီကျဟင်းရည်အပြင် ၁၀ ၂၀ အောင်စရှိ ငါး သို့မဟုတ် အမဲသား
ဆိတ်သားဆို အဆီမပါ ကြက်သားဆို၇င် အရေပြားဆုတ်ပြီးသား ကို ဆီမပါတဲ့နည်းနဲ့
ကင်ပြီး စားလို့ရပါတယ် ငံပြာရည် ဆနွင်း ဆား သုံးလို့၇ပါတယ်
ခရမ်းချဉ်သီးခြောက်လုံး အထိတွဲဖက်ပြီး ကြက်သွန်နဲ့သုပ်ပြီးဖြစ်ဖြစ်
သူ့ကြီးဖြစ်ဖြစ်စားလို့၇ပါတယ်...ကိုယ်ထဲက Uric Acid တွေကို ဆေးချဖို့
ဒီနေ့မှာ ရေ အနည်းဆုံး ရှစ်ဖန်ခွက် သောက်ပေးဖို့လိုပါတယ်

ဆဋ္ဌမနေ့

ပင်တိုင်အဆီကျဟင်းရည်အပြင် အဆီလွတ်အသားများကင်ပြီးဖြစ်ဖြစ်
ဟင်းသီးဟင်းရွက်တွေနဲ့ေ၇ာပြုတ်ပြီးဖြစ်ဖြစ်
စားခွင့်ရှိပါတယ်

သတ္တမနေ့

နောက်ဆုံးနေ့မှာ ဆန်လုံးညိုစားခွင့်ပြုပါတယ် ၀ယ်၇ခက်ရင် ပေါင်မုန့်ကြမ်းကို
အာသာပြေ၇ုံ စားခွင့်၇ှိပါတယ် အချိုဓါတ်မပါတဲ့ သစ်သီး ဟင်းသီးဟင်းရွက်တွေ
ကြိုက်သလောက်စားခွင့်ပြုပါတယ် ဟင်းရည်ကိုတော့ သောက်ပေး၇ပါမယ်...


အထူးသတိပြုရန်

ဒီခုနစ်ရက်အတွင်း အရက်လုံးဝသောက်ခွင့်မပြုပါ...ကော်ဖီဆိုရင် သကြားတုနဲ့ ကြိုက်သလောက်သောက်ခွင့်ပြုပါတယ် လက်ဖက်ရည်ကြမ်း ဆီမပါတဲ့
လက်ဖက်အသားချည်းစားနိုင်ပါတယ်...Slim Aid တို့လို
အမျှင်ဓါတ်ပါတဲ့ဆေးတွေသောက်ခွင့်ရှိပါတယ်....တခြားပိန်ဆေးတွေ
သောက်ခွင့်မ၇ှိပါ...ဆေးလိပ်သောက်ခွင့်၇ှိပါတယ်...ဗီတာမင်ဆေးတွေလည်းဖြတ်ဖို့မလိုပါဘူး

ခုနစ်ရက်ပြည့်လို့ သိသိသာသာ ကိုယ်အလေးချိန်ကျလို့ အားတက်ပြီးဆက်မလုပ်ပါနဲ့ တစ်ပတ်လောက်ပုံမှန် ပြန်စားပြီးမှပြန်စပါ ရည်၇ှည် ဒီနည်းကိုကျင့်သုံး၇င်
အဟာရဓါတ်ချို့တဲ့မှုဖြစ်ပွားနိုင်ပါတယ် တော်ကြာချတ်တင်တောင်လာမထိုင်နိုင်ပဲဖြစ်သွားပါလိမ့်မယ်။

ပိန်ချင်တဲ့သူငယ်ချင်းတွေရှိရင်မျှဝေပေးလိုက်ကြပါဦး။

from http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A758671&xgs=1&xg_source=msg_share_post
This entry was posted on Saturday, May 17, 2008 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: