b သူရဲကောင်းကြယ်: ဆောင်းဦးရွက်ကြွေ
•Monday, November 30, 2009
တစ်ဆောင်းသစ်လေပြီ

ရာသီစက်ဝန်းတွေ အလီလီပြောင်းခဲ့ပေမဲ့
မဟောင်းသေးတဲ့ အချစ်တွေနဲ့
မင်းကို ချစ်နေလျက်ပါပဲ။

ရွက်ကြွေဘဝမို့
ခပ်ဖွဖွလေးပဲ နင်းလျှောက်ပါနော်
လေအဝှေ့မှာ သူတို့
ငါ့ကို ခေါ်ဆောင်တဲ့အခါ
အလိုက်သင့်လေး ပါသွား ချင်လို့ပါ။

ပုဇွန်ဆီရောင် ထနေတဲ့
ဒီရော်ရွက်ဝါလေးတွေဟာ
ငါ့ အချစ်တွေပါ ချစ်သူရယ်။

ကြွေကျသွားတဲ့ ရွက်ဝါလေးတစ်ခုလို
ငါ့ကို ချစ်သူခြေရင်းမှာ ဝပ်ဆင်းခွင့်ပေးပါ။
မင်းမလိုအပ်တော့ပေမဲ့ ငါ့ဆန္ဒနဲ့ ငါ
အဝေးကို ထွက်မသွားချင်ပါဘူး။

ငါ့ရဲ့ တည်ရှိမှုဟာ မင်းဘဝရဲ့
အိုမင်းမှုကို ဖော်ကျူးနေတယ်ထင်ရင်သာ
လေအဝှေ့မှာ ခဏတာလိုက်ပါရင်း
ဝေးဝေးကနေ ခစားနေမယ်နော်။

herostar

This entry was posted on Monday, November 30, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On March 29, 2010 at 12:34 AM , Ko Ba Tint said...

အသက်ဝင်နေသောကဗျာလေးပါ။