b သူရဲကောင်းကြယ်: အိမ်အလွမ်း
•Wednesday, February 18, 2009
မျက်စိကို မှိတ်ထားပါလျက်
အိမ်ကို သတိရတဲ့အခါ
အမေ့မျက်နှာလေးကို ပြေးမြင်မိတယ်

လေပြေတွေကသာ
ကျွန်တော့်ရဲ့ အိမ်အလွမ်းတွေကို
သယ်ဆောင်ပေးနိုင်မယ်ဆိုရင်ပေါ့

ငယ်ငယ်က မေမေပြောနေကြ
''သားကြီး အိမ်ပြန်မိုး မချုပ်စေနဲ့နော်''
ဆိုတဲ့စကားလေးတစ်ခွန်းကို
ကျွန်တော်နားလည်ပါပြီလို့

အိမ်မဟုတ်တဲ့နေရာတွေမှာ
မိုးချုပ်ရတဲ့အခါ...
အမေ့ရင်ခွင်ကို..
လွမ်းလွန်းလို့ပါဗျာ..

သားကြီး မောင်လူပေ

herostar
This entry was posted on Wednesday, February 18, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: