b သူရဲကောင်းကြယ်: အင်တာနက် အသုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် တကယ့်ရန်သူ
•Friday, February 12, 2010
အင်တာနက်ခေတ်ကို ရောက်လာတဲ့အခါ ဘာမဆို သိချင်တာကို google မှာရှာ၊ လိုချင်တာကို ဒေါင်းလုပ်ဆွဲနဲ့ အစစအရာရာ အဆင်ပြေနေတာတော့ ဟုတ်တာပေါ့လေ။ ဒါပေမဲ့ ကောင်းကျိုးအပြင် ဆိုးကျိုးတွေပါ လိုက်လာတယ်လေ။ ဒီအကြောင်းကို အတန်းထဲမှာ ဆရာရှင်းပြခဲ့တာလေးကို လိုက်ခဲ့တဲ့ Lecture စာရွက်လေးနဲ့ တကွ ပြောပြချင်လို့ အခုလို အင်တာနက် အသုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် တကယ့်ရန်သူ လို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။


အပေါ်မှာ ပြထားတဲ့ပုံလေးက ဒီနေ့ခေတ်မှာ ရေပန်းစားလာတဲ့ မီဒီယာတွေအကြောင်း တစ်ယောက်တစ်မျိုးစီ ပြောပြီးရေးထားတာလေးပါ။ အဓိကက ကွန်ပျူတာပေါ့ဗျာ။ ဒီနေ့ခေတ်မှာ ကလေးတွေကအစ လူကြီးတွေ အဆုံး အင်တာနက်ကိုပဲ သုံးချင်လာတော့တယ်လေ။ အင်တာနက်မှာက ဂိမ်းဆော့မယ်။ Chatting ပြောမယ်။ ဟိုသတင်းဒီသတင်းဖတ်မယ်။ အရင်တုန်းကလို ရုပ်ရှင်တို့၊ ဗွီဒီယိုရုံတို့ကို မသွားချင်တော့ဘူးလေ။ အိမ်မှာသာ ကွန်ပျူတာရှိလို့ကတော့ အဲဒီရှေ့ကကို မခွာတော့ဘူး။

လူကြီးတွေကတော့ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်တဲ့သူတွေဆိုတော့ တော်သေးတာပေါ့လေ။ ကလေးတွေကျတော့ မရသေးဘူးလေ။ ကျွန်တော့်ဆရာက သူ့သား ၁၂ နှစ်သားလေးကို သူ့လိုပဲ ဘောလုံးကန်စေချင်တယ်။ အားကစားလိုက်စားစေချင်တယ်လေ။ ခုတော့ ကလေးတွေက အားကစားကို ကွန်ပျူတာလောက် စိတ်မဝင်စားတော့ဘူး ဖြစ်နေတယ်တဲ့။ ဂျာမနီမှာက ကွန်ပျူတာဆိုတာက လမ်းဘေးမှာ ပုံထားတာတွေ သွားကောက်ရင်တောင် သုံးလို့ ရနေတတ်တာမျိုးဆိုတော့ အခက်သားလား။ မြန်မာကျောင်းသားပီပီ အဆောင်အောက်မှာ ပစ်ထားတဲ့ တီဗွီတစ်လုံးနဲ့ ကွန်ပျူတာ Desktop ကို အခန်းထဲ ထည့်ထားဖြစ်တယ်။ တီဗွီကတော့ သတင်းကြည့်ချင်လို့ပါ။ Desktop Monitor ကတော့ စားပွဲအောက်မှာ ခြေထောက်တင်ဖို့ထားတာပါ။ အဲလောက်တောင် ပေါလေတော့ သူတို့တွေ ကွန်ပျူတာနဲ့ ရင်းနှီးတာ အဆန်းလား။

ဆန်းတာက ကလေးတွေ ဂိမ်းစွဲတဲ့ရောဂါဗျ။ ဘာဖြစ်လို့လဲဆိုတော့ 11 March 2009 Wednesday နေ့က Stuttgart မြို့နားမှာ ၁၇ နှစ်အရွယ် ဂျာမန်အထက်တန်းကျောင်းသားလေးတစ်ယောက်က လူ ၁၅ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့လို့ပါပဲ။ ဘာရန်ငြိုးရန်စမှ မရှိဘဲ ဘာ့ကြောင့် ပစ်သတ်ခဲ့တယ်ဆိုတာကို တော်တော်နဲ့ မသိခဲ့ကြဘူး လေ။ ဖြစ်ရပ်မှန် သတင်းကို အသေးစိပ်ဖတ်ချင်ရင်တော့ ဒီမှာ ဖတ်လို့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ဂျာမနီနိုင်ငံအတွက် ဝမ်းနည်းကြေကွဲဖွယ်နေ့တစ်နေ့ ကို ဖြစ်စေခဲ့တယ်လို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာမာဂယ် ကိုယ်တိုင် ပြောကြားခဲ့ပါတယ်။

ဒီကျောင်းသားလေးက အတန်းဖော်သူငယ်ချင်းတွေကို သေနတ်နဲ့ ပစ်မသတ်ခင် တစ်လလောက်အတွင်းမှာ သူ့အိမ်မှာ တစ်ယောက်တည်း အခန်းပုန်းနေခဲ့တယ်တဲ့။ ပြီးတော့ Counter Strike လိုသေနတ်ပစ်တဲ့ ဂိမ်းတွေကို အလွန်အကျွံဆော့ခဲ့တယ်လို့ နောက်မှ သိရတယ်။ တကယ့် လူမှု ပတ်ဝန်းကျင်နဲ့ ဝေးကွာနေခဲ့ပြီး အွန်လိုင်းကနေ စကားပြော တစ်ယောက်တည်းနေတာတွေ များလာတော့ စိတ်ဓာတ်တွေ ပျက်ပြားလာတယ် ထင်မိပါတယ်။ အချိန်အများစုကို ဝါးမျိုတတ်တာ အင်တာနက်လေ။ ဒါ့ကြောင့် မသုံးတတ်ရင် တကယ့်ရန်သူပါဆို။

နောက်တစ်ခုက VZO တို့၊ Skype တို့မှာ ရုပ်တွေ အသံတွေနဲ့မြင်နိုင်ပြောနိုင်နေပြီဆိုတော့ သူတို့ဆီမှာလည်း ပိုဆိုးတာပေါ့လေ။ အောက်မှာပြထားတဲ့ ပုံလေးက Themen Aktuell 3 , B-1 ထဲမှာ သင်ခဲ့ဖူးတဲ့ ပုံလေး တစ်ပုံ ဖြစ်ပါတယ်။
ဒီပုံလေးမှာက အသံသွင်းလို့ရတဲ့ တယ်လီဖုန်းလေးထဲမှာ Voice Mail ချန်ထားခဲ့တာလေး ရေးထားတာက ပါ။ သားဖြစ်တဲ့လူက ဒီနေ့ညနေပိုင်းမှာ ချိန်းထားတာလေး နှစ်ခုရှိလို့ သူ့အဖွားလာတဲ့အခါ သူ့အတွက် ဗွီဒီယိုလေး ရိုက်ပေးထားပါလို့ ပြောထားခဲ့တာလေးပါ။ ဒါကို သူမှာတဲ့သူက မတွေ့ဘဲ သူ့အဖွားကတွေ့သွား တာလေးကို ဒီပုံလေးမှာ ပြထားတာဖြစ်ပါတယ်။ ဆိုလိုတာက အပြင်မှာ လူကိုယ်တိုင် ဝမ်းသာအယ်လဲတွေ့ဆုံ ရမဲ့ ကိစ္စပါ။ ခုတော့ မိသားစုတွေ့ဆုံဖို့အတွက် အချိန်မရှိကြဘဲ သူ့အဖွားပြန်သွားမှ ဗွီဒီယိုလေးပြန်ကြည့်ပြီး ဖုန်းဆက်နှုတ်ဆက်မဲ့ သဘောမျိုးပေါ့လေ။

အင်တာနက်တွေ ပေါ်လာတာကောင်းပါတယ်။ တစ်ဖက်မှာကလည်း ခင်မင်ရင်းနှီးမှုတွေက ခပ်ပါးပါး ဖြစ်သွားတာ မျိုးတွေလည်း ဖြစ်လာတတ်တယ်။ အကောင်းဆုံးကတော့ အင်တာနက်ကို အပန်းဖြေဖို့ အပျော်သက်သက်ပဲ အလွန်အကျွံမသုံးမိနေစေဖို့ဆိုပါတော့။ အချိန်နဲ့အမျှ စီးပွားဥစ္စာ၊ ပညာကို ရှာဖွေနေကြတဲ့ သူငယ်ချင်းအားလုံးအတွက် စဉ်းစားဆင်ခြင်စရာလေး တစ်ခုတလေ ရသွားနိုင်ပါစေလို့ ဆန္ဒပြုလျက်...

ခင်မင်လေးစားစွာဖြင့်

herostar
This entry was posted on Friday, February 12, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On February 13, 2010 at 11:17 AM , johnmoeeain said...

Students killed in German school shooting တဲ့လားအစ်ကိုရယ်
ဒီလို အဖြစ်မျိုးတွေ့ရင် အရမ်းစိတ်နာတယ်
ကိုယ်တိုင်လည်း မိသားစုဆွေမျိုးတွေထဲမှာ ကြုံဖူးပါရဲ့...။
စိတ်အမှောင် တစ်ခုရဲ့ နောက်ကွယ်မှာ မဆိုင်သူတွေက ကံကြမ္မာဆိုးတွေ ကြုံရတာက ဘယ်သူကို တရားခံလို့ဆိုရမှာလဲနော်....
ကံ ကံရဲ့ အကျိုးဆိုပေမယ့် .....

 
On March 10, 2010 at 5:58 PM , သွယ်လင်းဆက် said...

ဟုတ်တယ်ဗျ။ သုံးတတ်မှ။ ကျွန်တော်တောင် ကြောင်တောင်တောင် တစ်ခါဖြစ်သွာဖူးတယ်။ အိပ်ချိန်ကလွဲပြီး ကွန်ပြူတာပဲ သုံးနေရတာဆိုတော့ တတ်နိုင်သမျှတော့ လျှော့သုံးနေပါတယ်။