b သူရဲကောင်းကြယ်: ချစ်သူများနေ့ တဲ့လား
•Saturday, February 13, 2010
ကိုယ်နဲ့ မဆိုင်သလိုပဲနော်...

ချစ်ခွင့်ကြုံခဲ့ ရင်တော့
ဖြူဝင်းနေတဲ့ ချစ်သူ့မျက်နှာလေးကို
ချယ်သဖို့ မိတ်ကပ်ရည်ကျဲလေး
L'Oréal Perfect Match K-3 ကို
ဝယ်ပေးလိုက်မယ်။

ချစ်စကားတီတီတာတာ ဆိုတတ်တဲ့
ချစ်သူ့နှုတ်ခမ်းလေးအတွက်
ပြင်သစ်ကထုတ်တဲ့
L'Oréal Paris တံဆိပ်ထဲက
Hot Chocolate No. 277 လေးကို
ဝယ်ပေးလိုက်မယ်။

ကိုယ်နဲ့တွေ့တဲ့အခါ
ကိုယ်သင်းရနံ့လေးပါ သင်းနေစေဖို့
ဂျာမနီကထုတ်တဲ့
Bruno Banani တံဆိပ်ထဲက
Magic Woman ရေမွှေးလေး တစ်ပုလင်းကို
ဝယ်ပေးလိုက်မယ်။

အလှကိုင်လို့ရအောင်
Paris ကလာတဲ့
La Diva
Leather အိတ်လေး
ဝယ်ပေးလိုက်မယ်။

ကိုလုံမြို့ရဲ့ နာမည်ကြီးတစ်ခုဖြစ်တဲ့
4711 အော်ဒီကလုန်းလေးလည်း
ဝယ်ပေးလိုက်မယ်။

အဲလိုလေး အိမ်မက်ထဲမှာ
စိတ်ကူးယဉ်လို့ကောင်းနေတုန်း
ရေနွေးပွက်သံကြားလို့ လန့်နိုးလာတာနဲ့
ပြုတ်ထားတဲ့ ယမ်ယမ်လေးကို
သတိရသွားတယ်။

အင်း ဒါလေးကို အသက်ဆက်ဖို့
စားရင်း ဒီလူပျိုကြီးဘဝကလွတ်အောင်
သူတို့ အကြိုက်လေးတွေ ရှာဖတ်ထားဦးမှလို့
တစ်ကိုယ်တည်း ရေရွတ်နေမိလေရဲ့။

ခင်မင်လေးစားစွာဖြင့်

herostar
This entry was posted on Saturday, February 13, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

4 comments:

On February 16, 2010 at 7:00 AM , september rainbow said...
This comment has been removed by the author.
 
On February 27, 2010 at 8:03 PM , "Learning is sharing" said...

အိမ်မက်မို့ တော်သေးတာပေါ့..ဟုတ်ရင်ကုန်ရချည်သေးရဲ့ .. :P

 
On March 2, 2010 at 2:07 PM , Unknown said...

i want to b a lady from ur dream.. hehe

 
On March 27, 2010 at 4:09 PM , Anonymous said...

မဖတ်ဖြစ်တဲ့ကဗျာများဟာ
ကျွန်မအတွက် အသစ်ဖြစ်နေခဲ့တယ်...
ချစ်တဲ့သူဟာကိုယ့်ချစ်သူကို အလှဆုံးဖြစ်စေချင်ခဲ့သလို..
ချစ်ရသူကလည်းကိုယ့်ချစ်တဲ့သူရှေ့မှာ
အလှဆုံးဖြစ်နေချင်ခဲ့တယ်...
စိတ်ကူးယဉ်အိပ်မက်နဲ့တင် ကြည်နှူးစရာကောင်းလှပါတယ်...
လက်တွေ့ဘ၀မှာ သနပ်ခါးရေကျဲလေးနဲ့
သင်းပျံ့လှပနေမယ့် .....