b သူရဲကောင်းကြယ်: ဟုတ် အမေ ... ကျွန်တော် အဆင်ပြေပါတယ်။
•Friday, July 23, 2010
အစာအိမ်ရောဂါကြောင့် ဆေးရုံတက်ရမဲ့ရက်မှာပဲ အမေ့ဆီက ဖုန်းလာတယ်။ သားကြီး နေကောင်းလားတဲ့ ။ နေမကောင်းဘူး ပြောလိုက်ရင် မျက်ရည်အဝိုင်းသားနဲ့ စိုးရိမ်တကြီးမေးတော့မဲ့ အမေ့အသံကို မကြားရက်တာနဲ့ ဟုတ် အမေ ကျွန်တော် အဆင်ပြေပါတယ် လို့ ဖြေခဲ့တယ်။

ကျောင်းစာအုပ်တွေနဲ့ Lab ခန်းထဲမှာ တိုင်ပတ်နေတုန်း ညနေစာအဖြစ် အကျင့်မရှိခဲ့တဲ့ ပေါင်မုန့်ကို ထမင်းအမှတ်နဲ့ စားနေခိုက် အွန်လိုင်းမှာ အမေနဲ့ တွေ့တယ်။ သားကြီး စားရသောက်ရတာ အဆင်ပြေလားတဲ့။ အမေ့ ထမင်းဟင်းတွေနဲ့ အမေ့အကြောင်းကို သိထားတာမို့ သူ့ကို စိတ်မဆင်းရဲစေချင်တာနဲ့ ဟုတ် အမေ ကျွန်တော် အဆင်ပြေပါတယ် လို့ ဖြေနေရတယ်။

မြို့ခေါင်ခေါင်မှာ တစ်ယောက်တည်းလာနေရလို့ အမိမြေကို လွမ်းနေခိုက် အမေ့ဆီက စာလာတယ်။ သားကြီး နိုင်ငံခြားမှာ နေရတာ ပျော်ရဲ့လားတဲ့။ ဟုတ် အမေ ပျော်ပါတယ်။ ဒီမှာ အားလုံးအဆင်ပြေပါတယ် လို့ စာပြန်လိုက်တယ်။

စိတ်ညစ်စရာ တပုံတခေါင်းနဲ့ သွေးပျက်ညတွေမှာ တစ်ယောက်တည်း အိပ်စက်ရတဲ့အခါတိုင်း အိမ်ကို သတိရတယ်။ သူငယ်ချင်းတွေကို လွမ်းတယ်။ ကျွန်တော့်စိတ်ခံစားချက်တွေကို အိမ်က မေးတိုင်း ဟုတ် အမေ ... ကျွန်တော် အဆင်ပြေပါတယ် လို့ ပြန်ဖြေတတ်တာ ကျင့်သားရနေပြီဆိုတော့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဒီစကားကလွဲလို့ ဘာမှ ထွက်မလာခဲ့ဘူး။

ဘယ်တော့များမှ ကျွန်တော့် အမေကို အမေ ... ကျွန်တော် အဆင်မပြေဘူးလို့ ပြောဖြစ်မယ် မသိတော့ပါ။

ခင်မင်လေးစားလျက်

herostar


This entry was posted on Friday, July 23, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

7 comments:

On July 23, 2010 at 1:09 PM , Anonymous said...

နေ့စဉ်ရေချမ်း ဆီမီးပန်းဖြင့်
အဝေးရောက်သား
ကျန်းမာစေကြောင်းဆုမွန်တောင်းလျက်
ဖြတ်သန်းလျောက်လှမ်းခရီးလမ်းမှာ
သူတကာထက် ထူးချွန်ထက်မြက်
ခလုတ်မထိ ဆူးမငြိဘဲ...
ကြံတိုင်းအောင် ဆောင်တိုင်းမြောက်
အရာရာ အဆင်ပြေစေဖို့...
အမေ
နေ့စဉ်မေတ္တာပို့လျက်ပါ "အမေ့သား"....

 
On July 23, 2010 at 1:32 PM , johnmoeeain said...

ဟော့တော်...
နေမကောင်းဖူးလား....
ကျန်းမာအောင်နေဦးလေ...။

အမေ့ကို သားသမီးကလိမ်တယ်...
သားသမီးကို အမေကလိမ်တယ်....
စကားလုံးတွေ နှုတ်ဖျားက စီးဆင်းတိုင်း
သိသိရက်နဲ့ နှလုံးသားက ငိုကြတယ်...။

ကဲ...
မငိုနဲ့တော့..
တိတ်တိတ်း)

 
On July 23, 2010 at 3:15 PM , Under Water World said...

Hello,

same life with you. I also alone in europe I do not have burmese friend, I really really miss my friends, my sisters, my parent and our mother land. so sad.

 
On July 27, 2010 at 2:47 PM , ချော(အစိမ်းရောင်လွင်ပြင်) said...

အမေ့အပေါ် အဖြူရောင်မုသားတွေနဲ့ လိမ်လည်ခဲ့သူပေါ့..
အဆင်ပြေတဲ့တစ်ချိန်ချိန်တော့ ရှိလာမှာပါ ..စိတ်မပျက်ပါနဲ့...

 
On August 22, 2010 at 3:35 AM , Anonymous said...

ba wa tu twe par byar

 
On August 22, 2010 at 12:07 PM , manawphyulay said...

အမေ
ဝေးတစ်မြေကနေ
သားအကြောင်းတွေးနေပြီလား?
ဖွေးနေတဲ့ဆံဖြူများနဲ့
သားအတွက် အရင်လိုပူပန်နေဆဲလား?
အရင်လို စိတ်ပုတီးနဲ့
အမေစိတ်ခရီးနှင်ဆဲလား?
သားအတွက် အန္တရာယ်ဖြစ်မလာစေဖို့
မေတ္တာပို့နေဆဲလား?
တရားသံနာပျော်ရင်းနဲ့
သား စာအပြန်မျှော်နေတာလား?
အခုဆိုရင် အမေ့ရင်ခွင်က ခွဲလာတာ
ဘယ်လောက်ကြာနေပြီလဲ အမေ
စာမရေးတာ နှစ်ချို့လို့
အပြစ်ဖို့လို့နေပြီလား အမေ
မနှစ်မြို့စရာလူတွေနဲ့ အတူနေခဲ့ပြီးမှ
ပကာသနဆိုတာတွေ သိလာရပြီ အမေ
ဗလာဘ၀နဲ့ သားအတွက်
အားတက်စရာ အမေ့အေးရိပ်
ချွေးသိပ်ခွင့်ပြန်ရချင်တယ်အမေ........

 
On August 22, 2010 at 12:14 PM , manawphyulay said...

www.manawphyulay.mmsarpay.org