b သူရဲကောင်းကြယ်: ကလေးဆိုးကြီး
•Monday, August 30, 2010

အချစ်နဲ့ သဝန်တိုစိတ်က
ညီအစ်ကို တော်သလား မသိပါဘူး။


ခုဆို သူ့သူငယ်ချင်း

ကောင်လေးတွေအကြောင်း ပြောလာရင်

အလိုလို စိတ်တိုနေမိပေါ့။

ချစ်သူက အချစ်အကြောင်း သင်တယ်။
ကျွန်တော်က သဝန်တိုခြင်းကို နားလည်တယ်။


ကလေးဆိုးကြီးလို့ပဲ ပြောပြော

ချစ်သူ့အနားမှာ ဝဲနေတဲ့ လိပ်ပြာလေးဟာ

အထီးကလေးဖြစ်နေရင်တောင် သဝန်တိုတယ်။

ဘာပဲ ဖြစ်ဖြစ် သဝန်တိုတယ်ဗျာ။



herostar
This entry was posted on Monday, August 30, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On September 1, 2010 at 5:15 PM , Anonymous said...

"ကလေး" ကဆိုးပေမယ့် ၀န်တိုခြင်း ကိုနားမလည်
ကလေးဆိုးကြီးက ၀န်တိုတယ်....
ဒါကလဲ ချစ်ရသူကို လက်လွတ်ဆုံးရှုံးရမှာစိုးရိမ်လို့
ဖြစ်တည်လာတဲ့မနှစ်သက်ခြင်း စိတ်ခံစားမှုပေါ့လေ...

 
On September 1, 2010 at 5:36 PM , သူရဲကောင်းကြယ် said...

ဟုတ်ပါ့ဗျာ..မွှေးက အချစ်အကြောင်း ဖတ်ထားပုံရတယ်။ ကျွန်တော်လည်း ဖတ်ထားတဲ့အတိုင်း ပြန်ရေးလိုက်တာ.. :) :)