b သူရဲကောင်းကြယ်: ဖျတ်ဖျတ်လူး အလွမ်း
•Saturday, April 10, 2010
ပျော်ပျော်နေ သေခဲ မော်တော်တွေ ရေထဲဆိုတာ ကျွန်တော့်ရဲ့ လက်သုံး စကားတစ်ခုပေါ့ဗျာ။ ခုတော့ မော်တော်တွေ ကုန်းပေါ် ရောက်ကုန်ပေါ့။ အချစ်ဆိုတာ စိတ်ကို အနူးညံ့ဆုံးဖြစ်စေတဲ့ ဘုရင်တစ်ပါး ဖြစ်မယ်ထင်ပါတယ်။ အရင်က အဲ့လောက်ထိ ခံစားလွယ်တဲ့ လူမှ မဟုတ်တာ။ ကမ္ဘာဦးကျမ်းထဲက အာဒံနဲ့ ဧဝ ပန်းသီးစားမိသလို ကျွန်တော်လည်း ဒီအသီးကို စားမိသွားပေါ့။ သူနဲ့ တွေ့ရတဲ့အခါတိုင်း ပျော်သလိုလို ကြည်နူးသလိုလို ရင်ထဲမှာ တလှပ်လှပ်နဲ့ ပြည့်စုံမှုကို ခံစားရတယ်လေ။

ခဏတာ တွေ့ဆုံမှုလေး ပြီးတဲ့နောက်မှာ သူထွက်သွားတော့မယ်လည်းဆိုရော ရေပျော်ငါးလေး တစ်ကောင်ကို ကုန်းပေါ် ဆွဲတင်ထားလိုက်သလို ကျွန်တော့်ခမျာ ဖျတ်ဖျတ်ကို လူးနေတော့တာပါပဲဗျာ။ သူတို့ပျော်ကြမဲ့ ငါးရက်တာ ကာလလေးဟာ ငါး ကမ္ဘာခြားသွားသလို ခံစားနေရပေါ့။ လိပ်ကလေးကို ပက်လက် လှန်လိုက်သလို ယက်ကန်ယက်ကန်နဲ့ ယောင်ချာချာ ဖြစ်နေတော့မှာ အသေအချာပါပဲ။ မြန်မာပြည်က သင်္ကြန်ပွဲကို သွားလည်မဲ့ သိကြားမင်းကြီး ဥရောပကို ရောက်လာပြီး ကျွန်တော့်ချစ်သူကို မလွမ်းရဘူးလို့ လာတားတောင် ကျွန်တော်ကတော့ ဗူးဆို ဖရုံမသီးဘူးပဲ။

လွမ်းဖြစ်အောင်ကို လွမ်းနေမိမှာ အသေအချာပေါ့ဗျာ။ သူ့ကို ခေါင်းတခါခါ လည်တဆန့်ဆန့်နဲ့ မျှော်လွမ်းရင်း ကျွန်တော့် လည်ပင်းကြီး ပြင်သစ်က အီဖဲ မျှော်စင်နဲ့ တိုက်မိလို့ အရေးယူခံရလည်း ကျွန်တော်က မှုမှာ တော့မဟုတ်ပါဘူး။ တယုတယနဲ့ တသိမ့်သိမ့် လွမ်းနေပါ့မယ်။ မျက်ရည်တွေ သွင်သွင်စီးလာလို့ ရေတံခွန်တွေ အားကောင်းလာပြီး မြေထဲပင်လယ်ကြီး လျှံသွားမှာ စိုးရတယ်။ ဥရောပတိုက်သာ ရေမြုပ်သွားရင် အဓိက တရားခံဟာ ကျွန်တော့်ချစ်သူလေးပဲ ဖြစ်ပါလိမ့်မယ်။


ပန်းသီးတစ်လုံးရဲ့ ကောက်ကြောင်းကို ပုံမဖော်တတ်ပေမဲ့ ချစ်တဲ့သူကို ချစ်ကြောင်း ပြောဖို့ တော့ကျွန်တော့်ရင်ဘတ်က အလွမ်းတွေ တစိမ့်စိမ့်ထွက်ပါတယ်။

ဒီနှစ်လည်း လွဲပြန်ပေါ့ ချစ်ရတဲ့ ချစ်သူ သင်္ကြန်ရယ်။

သင်္ကြန်မှာ အားလုံးပျော်ရွှင်ကြပါစေ။

ခင်မင်လေးစားလျက်

herostar
This entry was posted on Saturday, April 10, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 comments:

On April 11, 2010 at 6:31 PM , Anonymous said...

As the sentences of
"For men may come and men may go,
But I go on for ever.."
(by Alfred Lord Tanyson from the poem
"The Brook,")
whoever miss or not, she has been enhacing and keeps on her loyalty through out her life and never ends by bloomimg gracefully.
ချစ်ရတဲ့ ချစ်သူ သင်္ကြန်နဲ့လွဲပြန်ပေမယ့်
သင်္က်ြန်မိုးနဲ့အတူ ပန်းပိတောက်ဝါလေးကတော့ သစ္စာရှိစွာ ရာသီအချိန်မှီ ဖူးပွင့်လျက်,
ပန်ဆင်ဖို့ ချစ်သူ့လက်ဆောင် ပိတောက်တစ်ခက်ကိုမျော်လင့်လျက်....
မျော်လင့်ရင်း...နှစ်သစ်ကူးပြန်ဦးမယ်ထင်ပါတယ်...

 
On April 12, 2010 at 6:35 AM , Anonymous said...

ပန်းသီးထဲက နာရီစက္ကန့်တံလေး chit chat မြည်ပြီးတရွေ.ရွေ.လည်ပတ်တဲ့ အချိန်တိုင်းဟာ
ချစ်သူမကြားနိုင်တဲ့ ရင်ထဲကလွမ်းခြင်းတွေဖြစ်ပါလိမ့်မယ်ထင်ပါတယ်...

 
On May 4, 2010 at 6:11 PM , Unknown said...

တစ်ယုတစ်ယ တသိမ့်သိမ့်ေ၇တံခွန်
စာသားတွေကမိုက်တယ်အစ်ကိုေ၇ေ၇လည်လည်
လန်းတယ်
ညီမလေးတို့တော့သင်္ကြန်ကောင်းကောင်းမပျော်လိုက်ရဘူးနှစ်ရက်အပြည့်တောင်မပက်လိုက်ရဘူး၊အကျနေ့နဲ့
အကြတ်နေ့ကြတော့ဗုံးပေါက်လို့ပိတ်လိုက်တာမန်းတပ်ကိုနီးနီးလေးရယ်ညီမလေးတို့ပက်တဲ့နားနဲ့...အတက်
နေ့ကြတော့အိမ်ကမသွားခိုင်တော့ဘူး။အစ်ကိုချစ်သူနဲ့
မြန်မြန်အတူတူလည်နိုင်ပါစေသင်္ကြန်ကိုနော်။