b သူရဲကောင်းကြယ်: မမ
•Tuesday, March 30, 2010
အဆုံးသတ်ကို ကြိုသိထားရင်

ဒီဇာတ်လမ်းက ဒီလောက်ထိ စိတ်ဝင်စားစရာ

ကောင်းမယ် မထင်ဘူး။


မမရယ်...

ကျွန်တော့် အချစ်တွေကို မ,ယူနေသလား အောက်မေ့ရတယ်။

စက္ကန့်တံလေးနဲ့ အတူ ရှေ့တိုးနေတဲ့ ကျွန်တော့် အချစ်တွေမှာ

Back Gear မပါဘူး မမ။


အသက်က ကျွန်တော့်ထက် နှစ် နှစ်ငယ်ပေမဲ့

အချစ်မှာ နှစ်တန်းကြီးနေလို့ မမလို့ပဲ ခေါ်လိုက်ပါတယ်။

မမရိုက်နေကျ ကြက်တောင်လေးလို မမအားကုန်လွှဲရိုက်ဖို့

ကျွန်တော် လူဖြစ်လာခဲ့သလား ထင်နေမိတယ်။

အနီးအဝေး အကြီးအသေးတွေက အချစ်ကို တိုင်းတာတဲ့ ယူနစ်

မဟုတ်မှန်း ကျွန်တော်တို့ လက်ခံထားမယ်ဆိုရင်

ရှောင်လင်ပညာတွေ ခဏခဏသုံးပြီး

အချစ်နဲ့ ဝေးရာကို ပုန်းမနေပါနဲ့တော့ဗျာ။


ဘဝက စိတ်ကို ရင့်ကျက်ဖို့ ဖိအားမပေးခင်မှာ

စိတ်ကြိုး နှစ်စကို အချစ် နဲ့ ထုံးကြရအောင်နော်။

သစ္စာ လည်ဆွဲလေး ထာဝရ မြဲဖို့

ယုံကြည်ခြင်း ပုလဲကုံးတွေ မမကို ပေးမယ်။


ကမ်းလင့်နေတဲ့ လက်တစ်စုံအတွက်

ကန္တာရမှာ မိုးရွာပေးပါနော်...မမ။ ။


herostar

This entry was posted on Tuesday, March 30, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 comments:

On March 31, 2010 at 5:02 AM , စန္ဒကူး said...

ချစ်တဲ့မမနဲ့အမြန်အဆင်ပြေပါစေနော်။

 
On March 31, 2010 at 6:50 AM , Anonymous said...

ကြက်တောင် ဆိုတာ
စည်းတစ်ဖက်စီကနေ နှစ်ဦးနှစ်ဖက်အနိုင်အရှုံးအတွက်
ရှိသမျှခွန်အားနဲ့ အားကုန်လွဲရိုက်လိုက်တဲ့အခါ
အနိုင်ရသူ အတွက် လက်ခုပ်သြဘာ ဆူညံသွားပေမယ့်
ရှံးနိမ့်သူရဲ့ ရင်ထဲက မျက်ရည်ကို
နှစ်သိမ်ဆု နဲ့ အစားထိုးဖြေသိမ့်ပေးလို့ရော...
ကျေနပ်ရမှာလား...
ဒါမှမဟုတ်
နောင် ကစားပွဲအတွက် အတွေ့အကြုံလို့ ဆိုရမှာလား?
(တစ်ခါကရှုံးခဲ့ဖူးတဲ့ ကြက်တောင်ပွဲမှာ
ကျခဲ့ဖူးတဲ့မျက်ရည်များအတွက်အမှတ်တရ)

 
On April 14, 2010 at 7:00 PM , min min san said...

OK, NOT BAD BUT STILL A BIT CHILDISH FEELING WHICH IS NOT MATCH FOR EVERYBODY WHO ARE READING UR POST. THANKS U.