b သူရဲကောင်းကြယ်: ညီမလေး
•Thursday, March 18, 2010

အဖြူရောင် နှောင်ဖွဲ့မှုအောက်မှာ လိပ်ပြာငယ်လေး တစ်ကောင်နဲ့ ဆုံခဲ့တယ်။

သူဟာ ကျွန်တော့် ညီမလေး အဖြစ် ကျွန်တော့် နှလုံးသားရွာငယ်လေးမှာ နန်းတော်လာဆောက်ခဲ့တယ်။

အဲဒီနေ့ကစပြီး ကြည်ပြာရောင်ကောင်းကင်မှာ နေသာခဲ့တယ်။


တစ်သက်စာသိမ်းဆည်းထားတဲ့ နှလုံးသားစုဗူးလေး ကျွန်တော့်မှာ ရှိတယ်။ လိပ်ပြာငယ်လေးရဲ့

တောင်ပံခတ်သံအောက်မှာ စုဗူးလေး ကွဲတဲ့အခါ ကဗျာအဆုပ်လိုက်ကို ပန်းလုပ်ပြီး ကျဲလိုက်တယ်။

တကယ်ဆို ညက်ညောလှပတဲ့ စကားလုံးယဉ်ယဉ်တွေနဲ့ မြို့သားတွေလို ကျွန်တော် စာမတတ်ပါ။


နှလုံးသားရပ်ဝန်းမှာ မြစ်ဖျားခံတဲ့ ကြင်နာခြင်းတွေ အရှိန်နဲ့ စီးတဲ့အခါ ကျွန်တော် စာရေးဖြစ်ပါတယ်။

တစိမ့်စိမ့်ယိုဖိတ်လာတဲ့ မြတ်နိုးမှုတွေကို အက္ခရာတွေအဖြစ် အသွင်ပြောင်းခိုင်းတဲ့အခါ ညီမလေး

အပျင်းပြေဖတ်ဖို့ ကဗျာလေးတွေ ဖြစ်လာခဲ့တယ်။


ညီမလေးရယ်...ကဗျာမသီ၊ စာမစီတတ်ပေမဲ့ ရင်ထဲမှာ မင်းအမြဲ ရှိနေပါတယ်။


herostar

This entry was posted on Thursday, March 18, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

5 comments:

On March 18, 2010 at 11:32 PM , "Learning is sharing" said...

့ရင်ထဲမှာထည့်ထားရင် လေးမှာပေါ့နော်...အနည်းဆုံး ကီလို ၅၀ကျော်မှာဆိုတော့လေ..ဟိ..စတာ..ဝေါင်း..အော်စမ်း...အမေဇင်း...No doubt that the one it may concern will move into tears...lub it so much.. :)

 
On March 19, 2010 at 8:35 AM , Unknown said...

စုဗူးဆိုတာ ရည်မှန်းချက်တစ်ခုနဲ့ တစ်နေ့ နဲနဲ နေ့တိုင်းနေ့တိုင်း မှန်မှန် စုလာခဲ့ပြီး ဒီစုဗူးလေးပြည့်မယ့်ရက်ကို ရင်ခုန်ခြင်းနဲ့ စောင့်ခဲ့ ရတယ်လေ... စုဗူးလေး ကိုလှုပ်ကြည့်လိုက်..ချောက်ချောက်သံလေး နားစွင့်လိုက်နဲ့...
စုဗူးလေးပြည့်သွားခဲ့ပေမယ့်လဲ တကယ်တမ်းမှာ မဖောက်ရက်ပြန်ဘူး..
ူဒီလိုဘဲမြတ်နိုးစွာနဲ့ တစိမ့်စိမ့် ကြည့်ရင်း ပီတိဖြာနေရမလား .. ဒါမှမဟုတ်...?
ညီမလေးအတွက်...
ဂျာမနီကထုတ်တဲ့
Bruno Banani တံဆိပ်ထဲက
Magic Woman ရေမွှေးလေး တစ်ပုလင်းကို
ကိုယ်နဲ့တွေ့တဲ့အခါ
ကိုယ်သင်းရနံ့လေးပါ သင်းနေစေဖို့......

 
On March 19, 2010 at 10:38 AM , Unknown said...

ကြိုက်တယ်ကောင်းတယ်နော်..........ညီမလေးတဲ့
အရုပ်လေးနဲ့ထင်ပ

 
On March 19, 2010 at 6:58 PM , shwe said...

အို ကောင်းလိုက်တာ..တကယ်ပါ...

 
On March 25, 2010 at 3:55 PM , Unknown said...

နာသိတယ်နော်ဒုကိုပြောလဲဆိုတာ