b သူရဲကောင်းကြယ်: ကော်ဖီခါးခါး
•Monday, March 22, 2010
ကဗျာတွေက လျှို့ဝှက်ချက်တွေကို
ဖော်ထုတ်တတ်သတဲ့လေ။
ငါက ရင်ဘတ်တုနဲ့ ရေးတဲ့သူ
မဟုတ်ဘူး ကောင်မလေး။

ထဆင်ထူးနဲ့ ထိန်းနေတာကို
ပစောက်နဲ့ ပိန်းတယ်လို့ မပြောလိုက်ပါနဲ့။
ချစ်တယ်ဆိုတဲ့ စကား လွယ်လွယ်မပြောတတ်တဲ့
ယောက်ျားတွေထဲမှာ ငါလည်း ပါနေလို့ပါ။

တခုတ်တရ နေ့ရက်တွေကို
တယုတယ သိမ်းဆည်းခဲ့တာ
ခုဆို ငါ့ရင်ထဲမှာ
တခမ်းတနားကြီး ဖြစ်နေပြီ ကောင်မလေး။

အဆိုးဆုံးကို ကြိုတွေးထားမိတော့
လက်တွေ့ဘဝမှာ
ကော်ဖီခါးခါး
နေ့တိုင်း သောက်ဖြစ်တယ်။

herostar
This entry was posted on Monday, March 22, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

5 comments:

On March 23, 2010 at 12:54 PM , Anonymous said...

"ခါးသက်ခြင်း" ရဲ့နောက်မှာ"ချိုမြိန်ခြင်း"ဆိုတဲ့အရသာကိုအားလုံးက
သတိမပြုမိကြဘူး...
တစ်ကယ်တမ်းသတိပြုပြီးအရသာခံသောက်ကြည့်ချိန်မှာ
ခါးတယ်လို့ ထင်ခဲ့မိတဲ့
"ကော်ဖီခါးခါး"ကိုဘဲ တစ်စိမ့်စိမ့် နှစ်ချိုက်စွဲလန်းစွာသောက်ဖြစ်နေခဲ့တယ်လေ...

 
On March 23, 2010 at 2:13 PM , Anonymous said...

စာဖတ်ရင်း ဒုတိယ အကြိမ် ဖွင့်ဖြစ်ခဲ့တယ်..
အံ့သြစွာနဲ့..
ကော်ဖီရနံ့လေးသင်းပျံ့ လာသလိုခံစားမိတယ်..

 
On March 23, 2010 at 5:35 PM , shwe said...

ကော်ဖီဆိုရင် ခါးခါးသောက်မိတယ်...
( ချစ်ကောင်းသီချင်းလေးပါ)
လန်းတယ်ဟေ့ အရေးအသားတွေကတော့..
ပန်းလေးတွေကြွေကျမယ်နော်..
တဖြုတ်ဖြုတ်နဲ့... :)

 
On March 27, 2010 at 2:31 PM , Unknown said...

ဟိုက်ရှားပါအလွတ်နီးပါးရတော့မဲ့blogလေးတွေအစ်ကို
ကိုကော်မက်ပေးတာထက်အပေါ်ကမမနှစ်ယောက်ပေးထားတဲ့ကောက်မက်ကပိုစိတ်ဝင်စားစရာကောင်းသွား
ပြန်ပြီ................
မမနှစ်ယောက်လုံးေ၇းထားတာအရမ်းလန်းတာပဲ...
ပန်းလေးတွေကြွေကျမယ်နော်..
တဖြုတ်ဖြုတ်နဲ့... :)
"ခါးသက်ခြင်း" ရဲ့နောက်မှာ"ချိုမြိန်ခြင်း"ဆိုတဲ့အရသာကိုအားလုံးက
သတိမပြုမိကြဘူး...
တစ်ကယ်တမ်းသတိပြုပြီးအရသာခံသောက်ကြည့်ချိန်မှာ
ခါးတယ်လို့ ထင်ခဲ့မိတဲ့
"ကော်ဖီခါးခါး"ကိုဘဲ တစ်စိမ့်စိမ့် နှစ်ချိုက်စွဲလန်းစွာသောက်ဖြစ်နေခဲ့တယ်လေ
စာဖတ်ရင်း ဒုတိယ အကြိမ် ဖွင့်ဖြစ်ခဲ့တယ်..
အံ့သြစွာနဲ့..
ကော်ဖီရနံ့လေးသင်းပျံ့ လာသလိုခံစားမိတယ်..

 
On September 25, 2010 at 4:33 PM , Unknown said...

အခါးဆိုတာလူနဲ့တည့်ပေမဲ့ ကော်ဖီကတော့ ကျန်းမာရေးနဲ့ မကိုက်ညီ ဘူး ဒါပေမဲ့ ဆိုင်မှာထိုင်လိုက်တိုင်း မှာမိတာက black coffee တွေပဲ ဖြစ်နေတော့ ရင်မှာလွမ်းလို့ ကောင်းတုန်း