b သူရဲကောင်းကြယ်: လိပ်ပြာလေး
•Saturday, March 20, 2010

နင့် အပြုံး တစ်ပွင့် ကြောင့်

ငါ့ နှလုံးသားကျောက်တောင်တွေ

ပြိုကုန်ပြီ လိပ်ပြာလေး။


ငါ့ Mail Box ကို ဖွင့်လိုက်တာနဲ့

အမြင်ချင်ဆုံးက နင့် e mail တွေပါ။

ဆယ်တန်းကျောင်းသား အောင်စာရင်း

ကြည့်သလို နင် ဘာတွေရေးထားမယ်ဆိုတာ

ကြည့်ရင်း ရင်တွေ ခုန်တတ်နေပြီ။


Chatting မှာ လက်နဲ့ ရေးပြောတော့လည်း

နင့်နှလုံးသားက မဖတ်တတ်။

ဖုန်းခေါ်ပြီးပြောတော့လည်း

လိုင်းမကောင်းလို့ မကြားဘူးလို့ နင်ပဲပြော။


အကောင်လိုက်ပြတာတောင်

အရိပ်မမြင်လိုက်တဲ့ အချစ်မျက်ကန်းမလေးရေ...

ငါသာ လူပျိုကြီး ဖြစ်သွားရင်

တရားခံအစစ်ဟာ နင်ပဲ ဖြစ်မယ်။


အိပ်ပျော်နေတဲ့ နှလုံးသားကို

အပြုံးတစ်ပွင့်နဲ့ လာနှိုးပြီးမှ

နှလုံးသား အစစ်တစ်ခုနဲ့

နိုးထလာချိန်မှာ ပုန်းမနေပါနဲ့နော်။


ခုဆို နင် On Line လာမဲ့ရက်တွေကို လက်ချိုးမျှော်ရင်း

ငါတော့ သစ်ကုလားအုပ် ဖြစ်တော့မယ်။

နင် တစ်ယောက်ယောက်နဲ့ တွဲသွားတာကို မြင်လိုက်တာနဲ့

သစ်ကုလားအုပ်တစ်ကောင် ဘိုင်းကနဲ လဲသွားရင်

အဲဒါ ငါပဲလို့ နင် သိထားနော်။


အပြော မချို၊ အရေးမကောင်းပေမဲ့

နင့်ကို ချစ်ကြောင်း စာတစ်ကြောင်း လောက်တော့

ငါရေးတတ်ပါသေး တယ်ဟ။


herostar

This entry was posted on Saturday, March 20, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

4 comments:

On March 21, 2010 at 6:43 AM , Unknown said...

ဘာရယ်မဟုတ် "ကိုင်ဇာ နဲ့ မေဆွိရဲ့ လိပ်ပြာတွေ ရစ်ဝဲ နေ...ပန်းလေးတစ်ပွင့်လိုပါဘဲလေ...ချူချင်သူများကမ်းလင့်နေ..." ဆိုတဲ့တေးသွားလေးကို တိုးတိုးလေးညည်းတွားမိတယ်...
you ရဲ့ အချစ်စာကြောင်းလေးကို ပျံရင်းဝဲရင်း..လိပ်ပြာလေး ဖတ်မိမယ် ထင်ပါတယ်...

 
On March 22, 2010 at 3:24 PM , Unknown said...

လိပ်ပြာလေးလာပြီနော်
ဟားဟားဟားစတာနော်အစ်ကို
မိန်းကလေးဆိုတာအဲလိုရီရဘူးတဲ့
အစ်ကိုကညီမလေးသူငယ်ချင်းလိုမေးက
နေခေါ်နေတာလားမှမသိတာအစ်ကိုရ
မေးကနေခေါ်ရင်တော့မရဘူး...အစ်ကို
လိပ်ပြာလေးကိုဘယ်လိုခေါ်လည်းတော့မသိလာလာ
လား၊ဟိစတာနော်အစ်ကို။
ေ၇းတာတွေကအရမ်းကောင်းတယ်အစ်ကိုေ၇............
မိုက်တယ်ကြိုက်တယ်စာသားလေးတွေက..

 
On March 23, 2010 at 5:43 PM , shwe said...

အေးပေါ့ဟယ်..
ရေးဖွဲ့နိုင်လောက်တဲ့ ခံစားချက် အစွမ်းတွေက ရှိနေလေတော့လည်း..ဖွဲ့ပေါ့ဟာ..
ငါတို့ကတော့ ဖတ်ပီး ကွန်းမက်ပေးရုံက လွဲ ဘာတက်နိုင်မလည်းလေ...
ဖြစ်နိုင်မယ်ဆိုရင်..ပြောပြပေးပါလား..
လိပ်ပြာအပြုံးက ဘယ်လိုဆိုတာ...

 
On March 26, 2010 at 6:38 AM , Unknown said...

Nice...
By Grace