b သူရဲကောင်းကြယ်: စုဗူးလေး
•Sunday, March 07, 2010
နေသာတဲ့ တစ်ရက်မှာ
အိမ်အပြင်ကို ထွက်ကြည့်မိတယ်။

တွေ့တဲ့သူတိုင်းက
ဘိုးတော် လို့
ခေါ်နေကြပြီ။
ငါ့ ကျောင်းသားဘဝက
တစိမ့်စိမ့်ကြာလွန်းနေပြီ ထင်တယ်။

ဘယ်ဘက်ရင်အုံ စေလို့သာ
ဒီနေရာကို ရောက်ဖြစ်ခဲ့တယ်
ဘာမှန်းတော့ မသိခဲ့။

နောက်ကျတဲ့ အသိမှာ
ပီပြင်လာတဲ့ ထူးခြားမှုက
အချစ် ဆိုတဲ့ အရာတွေကိုတယုတယ ငါ စု နေခဲ့မိတယ်

အသိတရားက ရင်ခုန်ခြင်းကို
သော့ခတ်ထားနိုင်ခဲ့ပေမယ့်
ကဗျာဆန်တဲ့ နှလုံးသားကတော့
.....ကို လွမ်းတယ်။

herostar
This entry was posted on Sunday, March 07, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 comments:

On March 7, 2010 at 10:26 AM , shwe said...

အလွမ်းကဗျာလေးပေါ့လေ...
ငါလည်း ဘာလိုလိုတောင် ဖြစ်မိပါရဲ့.. :P

 
On March 19, 2010 at 11:12 AM , Unknown said...

ပြောဒို့အစ်ကိုကြီးဘယ်သူ့ကိုလွမ်းလည်းပြော
ညီမလေးပြောပေးမယ်လေ....
အလွမ်းဆိုတာမစားကောင်းတဲ့အသီးလိုပဲခံရခက်တယ်
ဟိလျှောက်ပြောကြည့်တား)))))))))

 
On March 27, 2010 at 12:54 PM , Unknown said...
This comment has been removed by the author.