b သူရဲကောင်းကြယ်: မေမေ
•Sunday, May 09, 2010


မေတ္တာကိုရှာ
ဝင်္ကပါအကွေ့
လေအဆန် အပြန်လမ်းမှာ
သောက်ရေချို အမေ ကမ်းမှ
ဝမ်းမြောက်စွာတွေ့။

အမေ့နေ့မှာ ဒီကဗျာလေးကို
တိုးတိုးလေး ရွတ်မိတယ်။
ရေချိုတွေကမ်းနေမဲ့ အမေ့ဆီ ရောက်ဖို့
ရေငန်ပင်လယ်တွေ ခြားနေခဲ့တယ် အမေ။

ဒီတခါ အမေနဲ့ တွေ့ရင်
ငယ်ငယ်တုန်းကလို မုန့်မကျွေးလည်း
အမေ့ကို ချစ်တယ် လို့ ပြောမယ်နော်။

သားကြီး မောင်လူပေ

herostar
This entry was posted on Sunday, May 09, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

6 comments:

On May 9, 2010 at 12:47 PM , johnmoeeain said...

ရေငန်ပင်လယ်တွေ ဘယ်လိုပဲခြားခြား
အမေရဲ့ မေတ္တာရေလှိုင်းတွေက
အကွာအဝေး အတိုင်းအတာအနန္တကို
ဖြစ်သန်းရောက်ရှိနေဆဲလေ..
ဒီလိုပဲ...
အစ်ကို့ ရင်တွင်းစကားတွေ
မပြောဖြစ်လဲ အမေသိမှာပါ....

 
On May 9, 2010 at 1:37 PM , Anonymous said...

“Hundreds of dewdrops to greet the dawn, Hundreds of bees in the purple clover, Hundreds of butterflies on the lawn, But only one mother the wide world over.The heart of a mother is a deep abyss at the bottom of which you will always find forgiveness.”

 
On May 10, 2010 at 1:18 PM , Unknown said...

အမေ့ကို ချစ်တယ်ချစ်တယ်လို့ ချွဲပြီး မိန်းမလိုက်တောင်းခိုင်းမယ်မဟုတ်လား.. သိနေတယ်နော်.. သိနေတယ်

 
On May 12, 2010 at 6:22 PM , Unknown said...

ခစ်ခစ်...heinnlinn ပြောသလိုပဲနေမှာပေါ့
ချစ်တယ်ချစ်တယ်နဲ့မေ မေ ကို

 
On May 13, 2010 at 5:43 PM , သူရဲကောင်းကြယ် said...

ဟီးးးး...တခါတည်း လိုက်တောင်း ခိုင်းရုံလေးပါ။

 
On May 17, 2010 at 2:14 PM , AlOn3LyG!RlLiN$p@ce said...

ကောင်းတယ်ဗျို့.... ဆက် လုပ်..အဟီး
ကဗျာ လေးကိုပြောတာပါနော်... :D