b သူရဲကောင်းကြယ်: ခိုင်မြဲတဲ့ အချစ်
•Tuesday, May 11, 2010


အချစ် ဆိုတာ
ငါ့အတွက်တော့
တစ်ကြိမ်သာ ပွင့်သောပန်းပါ။

နင့်အတွက်တော့
အကြိမ်ကြိမ် ပွင့်သောပန်းဖြစ်ချင် ဖြစ်နေပါစေ။
ငါ့ အချစ်ပမာဏကို ငါ အသိဆုံးမို့
ငါ မကြောက်ဘူး။

နင်နဲ့ ငါ ကြားမှာ ဂုဏ်တံတိုင်း ငွေတံတိုင်းတွေ
ဘယ်လောက်ပဲ ခြားနေပါစေ။
ငါ့ ယုံကြည်ချက် တွေကြောင့် ဖြတ်ကျော်ဖို့
ငါ မကြောက်ဘူး။

တခါတခါ နင်ပြောတတ်တဲ့ မုန်းတယ် ဆိုတဲ့ လက်နက်က
ငါ့ အချစ်မိုးကောင်းကင်ကို ပြိုအောင် ဖြို မပစ်နိုင်ဘူး။

နင် ငါ့ကို နည်းမျိုးစုံနဲ့ အကြိမ်ကြိမ် ထိုးနှက်ပါ။
နင့် ရှေ့မှာ လဲကျရှုံးနိမ့် မှာကို
ငါ မကြောက်ဘူး။

ငါ ကြောက်တာ တစ်ခုပဲ ရှိတယ်။

ငါ သိပ်ချစ်ရတဲ့ နင်က ငါ့ အချစ်တွေကို
နားလည်မှုလွဲ သွားမှာပဲ ကြောက်တာ။

herostar
This entry was posted on Tuesday, May 11, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

4 comments:

On May 12, 2010 at 5:58 PM , Unknown said...

ကဗျာလေးကကောင်းတယ်အစ်ကိုေ၇...
ယုံရင်ကြည့်တယ်တဲ့
ကောင်မလေးတွေကမုန်းတယ်လို့ပြောတတ်တာ
တစ်ကယ်မုန်းလို့မဟုတ်ဘူးအစ်ကိုရစိတ်ဆိုးရင်
လည်းပြောတတ်ကြတယ်သိဘူးမုန်းတယ်မုန်းတယ်
ပေါ့။ထိုးနှက်ချက်ဆိုရင်တော့ကိုယ့်ကိုတစ်ကယ်ယူမဲ့
သူလို့သတ်မှတ်ထားလို့နေမှာဒီလူကကိုယ့်အပေါ်ကို
ဘယ်လောက်ထိကောင်းနိုင်သလဲလို့စမ်းသပ်နေတာနေ
မှာပါ။နားလည်မူလွဲမှာအကြောက်ဆုံးဆိုတာတော့
ထောက်ခံတယ်အစ်ကိုေ၇.....

 
On June 15, 2010 at 9:09 PM , Unknown said...

hnin hnin zawyork

 
On June 15, 2010 at 9:11 PM , Unknown said...

I likes this .Thank you.

 
On August 8, 2010 at 6:50 PM , rap.chanchan said...

ကောင်းတယ်ပြောစရာကိုမရှိတော့ဘူဗျာ