b သူရဲကောင်းကြယ်: လောကဓံကာ အင်္ကျီတစ်ထည်
•Wednesday, October 14, 2009
ဟာသလေးတစ်ပုဒ် ဖတ်ဖူးတယ်။

သေနတ်နဲ့ အဆုံးစီရင်တော့မယ့် လူတစ်ယောက်ကို တရားသူကြီးက "မင်းရဲ့ နောက်ဆုံးဆန္ဒကို ပြောပါ" လို့ မေးလိုက်တယ်။ အကျဉ်းသား ပြန်ဖြေလိုက်တာက "ကျည်ကာအင်္ကျီ ဝတ်ချင်တယ်" ဟူတည်း။

ခုတလော ငါလည်း ဘာဖြစ်နေမှန်းကို မသိ။ ဟိုဟာအဆင်မပြေ ဒီဟာအဆင် မပြေနဲ့။ ကျန်းမာရေးကလည်း မကောင်း၊။ ဒီကြားထဲ ဟိုတနေ့ က ဘူတာရုံက အပြန် လှေကားပေါ်က ခြေခေါက်လဲလို့ ခု လမ်းလျှောက်ရတာ ထော့နဲ့ ထော့နဲ့ ။ တော်တော်လည်း စိတ်ပျက်မိပါတယ်။ ဒုက္ခဆိုတာ အပေါင်းအသင်းတွေနဲ့ လာလည် တတ်တယ်ဆိုတာ ဟုတ်လောက်တယ်။

ငါလည်း လောကဓံကို ကြံကြံခံနိုင်တဲ့ "လောကဓံကာ အင်္ကျီတစ်ထည်" လောက်လိုချင်တယ်။ ချစ်လှစွာသော ငါ့ရဲ့ အရင်းနှီးဆုံးလူတွေကလည်း သူတို့ လိုအပ်တာကို ငါ ဖြည့်ဆီးပြီးကတည်းက ပေါ်မလာတော့တာ ခုထိပဲ။ ငါလည်း ဘယ်သူ့ တိုင်တည်ရမှန်းမသိတာနဲ့ လောကကိုပဲ တိုင်တည်ပြီး ဒီ ဒိုင်ယာရီကို ရေးမိတယ်။
This entry was posted on Wednesday, October 14, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On October 18, 2009 at 2:59 AM , wildflower-အရိုင်းပန်း said...

သူငယ်ချင်းရေ .... ဘဝရဲ့ နာကျင်မှု နာမကျန်းမှု ပျော်ရွှင်မှု ဘာပဲဖြစ်ဖြစ် ခံစားနေရတာကိုက လောကဓံလေ။ ဒီလောကဓံကြောင့်ပဲ မင်းရဲ့ အတွေးအခေါ်ကောင်းတွေ ဆန်းသစ်တဲ့အမြင်တွေ ကို မင်းနဲ့ အတူ ငါတို့  share ခွင့်ရတာကြောင့် အဲဒီအင်္ကျီ မယူချင်ပဲနဲ့  ပိုပြီး ကြံ့ကြံ့ခံ ရပ်တည်ပါ။ :)