b သူရဲကောင်းကြယ်: အောက်တိုဘာ ၂၁
•Monday, October 19, 2009
၁။ ကမ္ဘာ့နိုဘယ်ဆုတွေကို ပေးဖို့ စတင် ခဲ့သူ ဆွီဒင်လူမျိုး သိပ္ပံ ပညာရှင်
အဲဖရက်နိုဘယ် (Alfred Nobel) ဟာ ငါ မဟုတ်ဘူး။

၂။ အီတလီစာရေးဆရာ Giuseppe Giacosa ဟာ ငါ မဟုတ်ဘူး။

၃။ အမေရိကန် ဂီတပညာရှင် Steve Cropper ဟာ ငါ မဟုတ်ဘူး။

၎။ အမေရိကန် ဘောလုံးသမား Brian Piccolo ဟာ ငါ မဟုတ်ဘူး။

၅။ နိုဗယ်ဆုရ သြစတြီးယား စာရေးဆရာ Elfriede Jelinek ဟာ ငါ မဟုတ်ဘူး။

၆။အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ဟာ ငါ မဟုတ်ဘူး။

၇။ အမေရိကန် သရုပ်ဆောင် စာရေးဆရာ Carrie Fisher ဟာ ငါ မဟုတ်ဘူး။

၈။ နိုဗယ်ဆုရ ဂျာမန် ရူပဗေဒပညာရှင် Wolfgang Ketterle ဟာ ငါ မဟုတ်ဘူး။

၉။ အမေရိကန် နိုင်ငံရေးသမား John William Snow ဟာ ငါ မဟုတ်ဘူး။

၁၀။ တင့်ကားကို တီထွင်ခဲ့တဲ့ အိန္ဒိယမြေဖွား Sir Ernest Dunlop Swinton ဟာ ငါ မဟုတ်ဘူး။

သူတို့ အားလုံးရဲ့ မွေးနေ့ က အောက်တိုဘာ ၂၁

A/ ချင်းတွင်းမြစ်အရှေ့ ကမ်းက မုံရွာမြို့ လေးမှာ မွေးခဲ့တာ ငါ။

B/ ဘုန်းကြီးကျောင်းသား ဘဝနဲ့ ကျောင်းတက်ခဲ့ဖူးတာ ငါ။

C/ ဘုန်းကြီးတွေကို ကတုံး တုံးပေးခဲ့ဖူးတာ ငါ။

D/ ခွေးပိန်လေးတစ်ကောင်နဲ့ သူငယ်ချင်း ဖြစ်ခဲ့ဖူးတာ ငါ။

E/ ဘောလုံးကန်တိုင်း အရိုက်ခံခဲ့ရဖူးတာ ငါ။

F/ အင်တာနက်ပေါ်မှာ ဟိုလျှောက်ရေး ဒီလျှောက်ရေး လုပ်တတ်တာ ငါ။

G/ ခုချိန်ထိ ဘယ်သီချင်းမှ တစ်ပုဒ်လုံး အလွတ်မရတာ ငါ။

H/ ကဗျာလိုလို စာလိုလိုနဲ့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိတာ ငါ။

I/ အိပ်မက်တွေထဲမှာ အိပ်စက်နေခဲ့ဖူးတာ ငါ။

J/ M.I.T ကျောင်းရှေ့ က ဦးရှည်ကြီးဆိုင်မှာ အကြွေးသောက်ခဲ့ဖူးတာ ငါ။

K/ ယုန်တစ်ကောင်နဲ. ချက်ထဲမှာ စကားပြောခဲ့ဖူးတာ ငါ။

L/ လမ်းဘေးမှာတောင်းနေတဲ့ ဂျာမန်က လူတစ်ယောက်ကို ငွေ ၃ ယူရို ထည့်ခဲ့ဖူးတာ ငါ။

M/ ၁ ကနေ ၁၀ ထိရေးထားတဲ့ ကမ္ဘာကျော်တွေနဲ့ ( အောင်တိုဘာ ၂၁ ရက်) ဆိုတဲ့

မွေးနေ့ ကလွဲလို့ ဘာမှ မတူခဲ့တာ ငါ။

ငါ့ကိုလည်း အောက်တိုဘာ ၂၁ မှာ မွေးခဲ့တယ်။


herostar


This entry was posted on Monday, October 19, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

4 comments:

On October 20, 2009 at 6:04 PM , johnmoeeain said...

Today is your special day,
that day is your birthday,
So it's the perfect time to say,
you are always thought of
in a very special way,
Your birthday is a special day,
A time to have new hopes and dreams,

And now I'd like to take the time to say,
You are very special in every way,
So, I wish you a very Special
Happy Birthday! Bro HERO!

John Moe Eain

 
On October 20, 2009 at 6:05 PM , johnmoeeain said...

Today is your special day,
that day is yout birthday,
So it's the perfect time to say,
you are always thought of
in a very special way,
Your birthday is a special day,
A time to have new hopes and dreams,

And now I'd like to take the time to say,
You are very special in every way,
So, I wish you a very Special
Happy Birthday! Bro HERO!

John Moe Eain

 
On October 21, 2009 at 5:56 AM , shwe said...

သက်ရင်းလေးရေ.....
ဒီနေ့ OCT(21) ...
(၂၈) နှစ်မြောက် မွေးနေ့ရောက်ခဲ့ပြန်ပြီပေါ့နော်....
သူငယ်ချင်းရေ မင်္ဂလာရှိသော မွေးနေ့မွေးရက်မှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင်..... စိတ်၏ချမ်းသာခြင်း... ကိုယ်၏ကျန်းမာခြင်းနှင်ပြည့်စုံပါစေသောဝ်...
ချစ်သောသူနဲ့ ပေါင်းစုံဖက်နိုင်ပါစေသောဝ်...
လိုအင်ဆန္ဒအပေါင်း ပြည့်စုံပါစေသောဝ် ...

 
On March 28, 2010 at 12:32 PM , Unknown said...

N/စကားကျယ်ကျယ် ပြောတာလည်း နင်O/ရည်းစားများခဲ့တာလည်းနင်