b သူရဲကောင်းကြယ်: ဂျာမနီနိုင်ငံ ပညာရေးစနစ်
•Friday, December 04, 2009
၂၀၁၅ တွင် ကလေးတိုင်း မူလတန်းပညာ အခမဲ့သင်ယူခွင့်ရရှိမည် ဟူသည့် မြန်မာသတင်းတစ်ပုဒ်ကို ဖတ်ပြီးနောက် ဝမ်းသာမိသည်။ ဂျာမနီနိုင်ငံ၏ ပညာရေး စနစ်ကို သိချင်တာနဲ့ Lab ခန်းမှာ အတူတူလုပ်နေတဲ့ ဂျာမန်သူငယ်ချင်း တစ်ယောက်ကို မေးဖြစ်သည်။ သူက ၈ တန်းကျောင်းသားတစ်ယောက်ပါ။ အသက်က ၁၆ နှစ်သာ ရှိသေးသည်။ မိဘနှင့် အတူမနေတော့ဘဲ သူ့ ကောင်မလေးနှင့် အတူနေသတဲ့လေ။ သူ Grade 8 (မြန်မာလို ၈ တန်း) ပြီးတော့ ကုမ္ပဏီတစ်ခုမှာ ဝင်လုပ်သတဲ့။ ကုမ္ပဏီရဲ့ လိုအပ်ချက်အရ သူ့ကို ကျွန်တော့်တို့ မြေစွမ်းအားစမ်းသပ်ခန်းမှာ ဓာတ်ခွဲခန်း အကူအဖြစ် လုပ်ရင်း တစ်ဖက်က ကျောင်းတက်နေခြင်းဖြစ်သည်။

သူပြောပြသည့် ဂျာမနီ ပညာရေး အကြောင်းကို စိတ်ဝင်စားစရာ ကောင်းတာမို့ အားလုံးကို မျှဝေချင်တာနဲ့ ဗဟုသုတအဖြစ် ရေးဖြစ်ပါသည်။ သူတို့နိုင်ငံတွင် အစိုးရအခြေခံကျောင်းမှန်သမျှ (State schools are free of charge.) ဘာမျှ ပေးစရာမလိုသည်မှာ ကြာပြီ ဖြစ်သည်။ ကျောင်းဝင်ကြေး ပေးရန်မလိုသည့်အပြင် စာရေးကိရိယာ စာအုပ်က အစ အခမဲ့ ဖြစ်သည်ဟု ပြောပါသည်။

ကျုရှင်ယူစရာ လိုသေးလားလို့ မေးမိသောအခါ အံ့သြစွာ ပြန်ဖြေသည်။ ကျုရှင်တွေက ကျောင်းတွေလောက်မှ မကောင်းတာတဲ့လေ။ သူတို့ဆီမှာ အခြေခံပညာတန်း၌ ကျုရှင်မရှိပါ။

ဂျာမနီနိုင်ငံ၏ ပညာရေးစနစ်ပြ ကားချပ်လေးအကြောင်းကို ပထမဦးစွာ ရှင်းပြသည်။

ဤကားချပ်လေး၌ အောက်ဆုံးတွင် ရှိသော GrundSchule အဆင့်တွင် အသက် ၆ နှစ်မှ ၉ နှစ် (သို့မဟုတ်) ၁၁ အတွင်း မူလတန်း မဖြစ်မနေတက်ရပါသည်။ တော်လွန်း၊ ညံ့လွန်းသော ကျောင်းသား/ သူ များကတော့ Special School ကို တက်ရပါသည်။

မူလတန်းအောင်ပြီးသောအခါ ကလေးငယ်၏ အရည်အချင်းကို ကြည့်ပြီး သူနှင့် သင့်တော်သည့် ကျောင်းကို မိဘနှင့် ဆရာက ပူးပေါင်းပြီး ရွေးချယ်ပေးရသည်။ဤ အဆင့်တွင် ကလေးငယ်အတွက် ရွေးချယ်စရာ (၄) ခု ရှိလာသည်။

၁။ Gymnasium ဟု ခေါ်သည့် တက္ကသိုလ် ပညာရေးထိ ဦးစားပေးသင်သည့် အဆင့်မြင့်ကျောင်း၊
၂၊ Realschule ဟု ခေါ်သည့် စီးပွားရေး နှင့် နည်းပညာကို ဦးစားပေးသင်သည့် အလယ်အလတ်ကျောင်း။
၃။ Hauptschule ဟု ခေါ်သည့် အလုပ်သင်ပညာရေး ကျောင်း( အနိမ့်ဆုံးအဆင့် ကျောင်း)။
၎။ Gesamtschule ဟု ခေါ်သည့် အထက်ပါ ကျောင်း ၃ မျိုးလုံးကို ပေါင်းပြီး သင်တဲ့ ကျောင်း။

မိဘတိုင်းကတော့ ကိုယ့်သားသမီးကို အဆင့်မြင့်ကျောင်းမှာပဲ ထားချင်ကြတာ သဘာဝပဲ ဖြစ်သည်။ သို့သော်ဤနိုင်ငံတွင်တော့ သားသမီးက ညံ့နေလျှင် သင့်တော်သည့် ကျောင်းကိုသာ တက်ခိုင်းသည်။ အဆင့်မြင့် ကျောင်းမှာ ထားပြီး ကျလျှင်လည်း အလယ်အလတ်ကျောင်းသို့ ပြန်ပြောင်းရသည်။

ပုံတွင် ပြထားသည့် အတိုင်း အစိမ်း၊ အနီ၊ အဝါ ကျောင်း (၃) ကျောင်းလုံးသည် တစ်ကျောင်းတွင် ကျပါက အခြားတစ်ကျောင်းသို့ ပြောင်းတက်ရသည်။ တက္ကသိုလ် ပညာရေးထိ စိတ်မဝင်စားပါကလည်း Hauptschule ဟု ခေါ်သည့် အလုပ်သင်ပညာရေး ကျောင်းတွင် Hauptschuleabschluss စာမေးပွဲ အောင်လက်မှတ်ယူပြီး ကျောင်းပြီးလို့ ရသည်။ ထိုလက်မှတ်သည် အပြင်ကုမ္ပဏီများ၌ ဝင်ရောက်လုပ်ကိုင်နိုင်ပြီ ဖြစ်သည်။ သူတို့ အခေါ် Grade 9 ( ကျွန်တော်တို့ အခေါ် အလယ်တန်းအောင်) လျှင် အလုပ်တစ်ဖက်ဖြင့် ကျောင်းဆက်တက်ချင်စိတ်ရှိသေးလျှင်လည်း အလုပ်လုပ်ရင်း ကျောင်းတက်နိုင်သည်။ အောက်တွင် နှစ်အလိုက် ပြသထားသည့်စာရင်းကို ဖတ်ရှုနိုင်ပါသည်။

Percentage of jobholders holding Hauptschulabschluss, Realschulabschluss or Abitur in Germany [1]:

1970 1982 1991 2000
Hauptschulabschluss 87,7 % 79,3 % 66,5 % 54,9 %
Realschulabschluss 10,9 % 17,7 % 27 % 34,1 %
Abitur 1,4 % 3 % 6,5 % 11 %


Abitur ဟု ခေါ်သည့် အခြေခံပညာအထက်တန်းကျောင်းပြီးသွားပါမှ တက္ကသိုလ်တက်ခွင့်ရှိသည်။ တက္ကသိုလ်မှာ ဘွဲ့တစ်ခုခုရချင်လျှင် ဖော်ပြထားသော ကျောင်း ၄ ကျောင်းမှ ဘယ်ကျောင်းမှာမဆို ကြိုးစားပြီး ကျောင်းပြောင်းယူရသည်။ သတ်မှတ်ထားသည့် Grade 12 စာမေးပွဲ အောင်မြင်ပါမှ တက္ကသိုလ် ကျောင်းသားအဖြစ် ဂုဏ်ယူနိုင်ကြသည်။ တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရပြီးပါက အလုပ်လုပ်မည် ဆိုရင် ပိုကောင်းသော အလုပ်ကို ရရှိနိုင်သောကြောင့် ကျောင်းသားတွေမှာ အလယ်တန်းက စပြီး မနားတမ်းကြိုးစားကြရသည်။အတန်းတစ်တန်းတန်းတွင် ကျသွားပါက ကျောင်းပြောင်းမလား၊ တစ်ကြိမ်ပြန်ကြိုးစားမလား တစ်ခါတော့ ရွေးချယ် ခွင့်ရှိသည်။ သူတို့ဆီမှာ ကိုယ်နှင့် သင့်တော်မည် ကျောင်းများကို ရွေးချယ်ခွင့် ရနေခြင်းကို သဘောကျသည်။

တခါတခါ ဘွဲ့ရပြီးတာတောင် အလုပ်က မဲမဲရရ မရှိဖြစ်နေသော ကျောင်းသားအချို့ကို တွေ့ဖူးသည်။ ဘွဲ့ရတွေလောက် စာမတတ်ဘဲ ကားဝါးရှော့တစ်ခုမှာ ၄၊ ၅ နှစ်လောက် ကျွန်ခံပြီး သင်ထားတဲ့သူကမှ အလုပ်အကိုင်မယ်မယ်ရရ ရှိနေတာမျိုး၊ ကိုယ့်ရှေ့မှာ ငါ့မှာ အလုပ်နဲ့ကွလို့ လာပြောတာမျိုး ကြားရသည့်အခါ ခံစားရ ခက်လှသည်။ ကိုယ် ညံ့တာလည်း ဖြစ်နိုင်သည်။ ပြီးတော့... ....

ခင်မင်လေးစားစွာဖြင့်

herostar

အောက်ပါ ဆောင်းပါးတစ်ခုကိုလည်း ကောင်းတာနဲ့ မျှဝေလိုက်ပါသည်။


ငွေကြေးနဲ့ပညာရေး

ပညာရေးနဲ့ ငွေကြေ



ကျွန်တော် သတင်းစာတွေ၊ ဂျာနယ်တွေမှာ မပြီးဆုံးနိုင်တဲ့ စစ်ပွဲအကြောင်းတွေ၊အသေခံ ဗုံးခွဲမူသတင်းတွေ၊ AIDS ရောဂါဟာ အခုချိန်ထိ ထိန်းချုပ်လို့ မရသေးဘဲ နိုင်ငံအများအပြာမှာ ကူးစက်ပျံနှံနေတာ တွေကို ဖတ်ရူမိရင်း လူတွေဟာ ဒီပြသာနာ တွေကို အမှန်တကယ်ပဲ မဖြေရှင်းနိုင်တော့ဘူးလားလို့ တွေးမိပါတယ်၊တကယ်တော့ နိုင်ငံခေါင်းဆောင်တွေ ငြိမ်းချမ်းရေးအတွက် လူပ်ရှားနေသူတွေနဲ့ ပရဟိတ အလုပ်တွေကို အားကြိုးမာန်တက် ဆောင်ရွက်နေသူတွေ အများအပြားရှိနေပါလျက်နဲ့ ဘာကြောင့်ဒီပြသာနာတွေဟာ လျှော့ နည်းမသွားတဲ့အပြင် တိုးပွားနေတာလဲလို့တွေးကြည့်မိပါတယ်။လူတွေဟာ အသိပညာ မပြည့်ဝကြသေးလို့ ဒီပြသာနာတွေရှိကြာတာလားလို့ တွေးမိပါတယ်။တကယ်တော့ လူတန်းစားအလွှာတစ်ခုလောက်ပဲ ပညာတတ်နေလို့ မရပါဘူး။ လူတန်းစားအလွှာအသီးသီးက လူတွေ ပညာပြည့်ဝကြပါမှ ကမ္ဘာကြီး အဆင်ပြေပါလိမ့်မယ်။သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက်ပဲဖြစ်ဖြစ်၊ H1N1 တုပ်ကွေးရောဂါ ကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် အခြေခံလူတန်းစားတွေက အစ အသိပညာပြည့်ဝကြပါမှ အောင်မြင်အောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ဒီနေရာမှာ နိုင်ငံခေါင်းဆောင် အများစု မှားယွင်းပြီး ထင်မြင်နေတဲ့ အချက်တစ်ခုကတော့ ပညာရေးစနစ် ထဲကို ငွေအမြောက်အမြားပုံအောပြီး ထည့်လိုက်ရုံနဲ့ ကျောင်းသားတွေရဲ့ ပညာရေး အဆင့်အတန်းမြင့်တက်လာလိမ့်မယ်လို့ ထင်မြင်ယူဆနေခြင်း ဖြစ်ပါတယ်။ အမေရိကန် ပညာရေးဝန်းကြီး အာနီဒန်ကန်က “ကျွန်တော်တို့ အင်းအားကောင်းတဲ့ စီးပွားရေးကို ပြန်လည်တည်ဆောက်ချင်တယ်ဆိုရင် ပညာတတ်လုပ်သမားထုတစ်ရပ် ရှိဖို့ပဲလိုအပ်ပါတယ်” လို့ဝါရှင်တန်အစိုးရကို ရှင်းပြခဲ့ပါတယ်။ဒါကြောင့်လဲ စီးပွားရေးနိုးဆွစီမံကိန်းထဲမှာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ဒေါ်လာ ဘီလီယံ ၁၀၀ ထည့်သွင်းးရေးမှာ ငွေအများအပြား သုံးစွဲနေသူနေတာ အမေရိကန်တင်မဟုတ်ပါဘူး။ ဗြိတိန်၊ ဂျာမနီ ၊ ကနေဒါ ၊တရုတ် ၊ ယူအေအီးနဲ အခြားနိုင်ငံအများအပြားဟာ ဒီလမ်းကြောင်းအတိုင်းပြုလုပ်နေပါတယ်။ ဒီငွေတွေ အကုန်လုံး အမှန်တကယ်လိုအပ်တဲ့နေရာ၊ တစ်နည်းပြောရရင် လူ့အဖွဲ့အစည်း ကိုအကောင်းဆုံး ရလဒ်တွေ ပြန်ပေးနိုင်မယ့် နေရာတွေမှာ အသုံးချရဲ့လားဆိုတာ လေ့လာကြည့်ဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ဂျာမနီ မှာဆိုရင် ပညာရေး အသုံးစရိတ် အတွက် အစိုးရထုတ်ပေးတဲ့ ငွေထဲက ယူရိုငွေ ကုဋေတစ်ထောင် ( ၁၀ ဘီလီယံ) လောက်ကျောင်း အဆောင်အအုံတွ အသစ် ပြန်လည်မွမ်းမံ တဲံနေရာမှာ သုံးစွဲနေပါတယ်။ နောက်ဆုံးပေါ် ဗိသုကာ ဒီဇိုင်း အဆန်းများနဲ့ ကျောင်းသစ်တွေ တည်ဆောက်တဲ့ ပညာရေး စီမံကိန်း မှာ ဆောက်လုပ်ရေးကုမ္ပဏီ တွေ အတွက်တော့ ရတနာပုံ ဆိုက်သလို ပွပေါက်တိုးစေပါတယ်။ ကျောင်းသားတွေနဲ့ ဆရာတွေလည်း စာသင်ခန်း အသစ်တွေမှာ စာသင်ရတော့သဘောကျကြပါတယ်။ ဒါပေမဲ့ ဂျာမနီ ကျောင်းသား တွေရဲ့ပညာ အရည်အချင်း က ထူးထူး ခြားခြား တိုးတက်လာခြင်း မရှိလှပါ။ ဗြိတိန်နိုင်ငံမှာလည်း ၀န်ကြီးချုပ် ဂေါ်ဒန် ဘရောင်းက ကျောင်းတွေမှာ ကွန်ပျူတာနဲ့အင်တာနက်ဆက်သွယ်မူတွေ တိုးပြီးထားရှိဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ပညာရှင်အများစုကတော့ သိပ်ပြီး ထိရောက်မှာ မဟုတ်ဘူးလို့ ခန့်မှန်းနေကြပါတယ်။

ထိရောက်အောင် ဘယ်လို သုံးစွဲမလဲ

ကမ္ဘာ့ဘဏ်က ပြုလုပ်တဲ့ လေ့လာမူတစ်ရပ်မှာ နိုင်ငံအတော်များများရဲ့ ခေါင်းဆောင်တွေဟာ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်အသစ်တွေဆောက်လုပ်ဖို့ ငွေတွေပုံအောသုံးနေတယ်လို့ သိရပါတယ်။ ဒီလေ့လာမူရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဂျမေးဆမ်မီက ပညာရေးအတွက် ငွေသုံးစွဲရာမှာ ပိုပြီးထိရောက်အောင် ပြုလုပ်ကြဖို့ သတိပေးလိုက်ပါတယ်။ အစိုးရတွေမှားပြီး လုပ်မိတဲ့ကစ္စတစ်ခုကတော့ ကောင်းမွန်ပြည့်စုံပြီးသား နေရာတွေမှာ ငွေအများကြီး သုံးစွဲနေတာပါပဲ။

ဥပမာ - ဆော်ဒီ အာရေးဗီးယားဆိုရင်ဆိုရင် စာသင်ကျောင်းတစ်ခုတည်းအတွက် ဒေါ်လာ ၁၃ ဘီလီယံခန့် သုံးစွဲနေပါတယ်။ ဒီသုံးစွဲမူတွေက သင့်တော်ကောင်းမွန်တယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ IFO အင်စတီကျူ့နဲ့ စတန်းဖို့ဒ် တက္ကသိုလ်တို့က ပြုလုပ်တဲ့ လေ့လာမူတွေအရ ငွေသုံးစွဲသလောက် ထိရောက်မူမရှိလှဘူးလို့ သိရပါတယ်။ လွန်ခဲ့သော ဆယ်စုနှစ်တွေမှာ အမေရိကန်၊ ပြင်သစ်နှင့် ဂျာမနီတို့ဟာ ပညာရေးအတွက် ငွေအမြောက်အမြားသုံးခဲ့သော်လည်း ပညာရေးစနစ်ကို အဓိက ထား ပြောင်းလဲခဲ့တဲ့ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့လို့် ပညာအရည်အသွေး တိုးတက်လာမူကို မတွေ့မမြင်ရပါ။



တကယ်လိုအပ်တဲ့နေရာ



အမေရိကန်အပါအ၀င် နိုင်ငံအတော်များများ အဓိကထား အာရုံစိုက်ကြတာက အဆင့်မြင့် ပညာရေး အီလိုက်တက္ကသိုလ်ပညားရေး ဖြစ်ပါတယ်။ နိုင်ငံရဲ့ အီလိုက်တက္ကသိုလ်တွေ ကမ္ဘာ့ အဆင့်သတ်မှတ်ချက်မှာ ထိပ်ပိုင်းရောက်နေဖို့ကိုပဲအလေးထားနေကြတယ်လို့ ပညာရှင်တစ်ဦးက ဝေဖန်ပါတယ်။တကယ်တမ်းလိုအပ်နေတဲ့ နေရာကတော့ အခြေခံပညာရေးဖြစ်ပါတယ်။ အထူးသဖြင့်မူလတန်းနှင့် မူကြို အဆင့်တွေမှာ ကလေးတွေကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ ဆင်းရဲ့မွဲတေမူကြောင့် ကျောင်းမတက်နိုင်တဲ့ ကလေးများနှင့် ကျောင်းစောစော ထွက်ရမယ့် ကလေးတွေကို ပညာသင်ကြားစရိတ် ထောက်ပံခြင်းဟာ ငွေကုန်ကြေးကျမများဘဲ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

“စီးပွာရေးအဆင်မပြေတဲ့ မိသားစုတွေက ကလေးများအတွက် မူကြိုပညာရေး ဖော်ဆောင်ပေးခြငးဟာ လူ့ အဖွဲ့အစည်းအတွက် ၊ နိုင်ငံစီးပွားရေးအတွက် ကောင်းကျိုးများစွာဖြစ်တွန်းတဲ့အပြင်…..ရာဇ၀တ်မူနှင့် ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မူဖြစ်စဉ်ကိုပါလျှော့ကျစေပါတယ်” လို့နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျမ်းဟက်မန်က ပြောဆိုပါတယ်။ လက်ရှိချိန်မျာမူကြိုပညာရေးကို အဓိက ဆောင်ရွက်နေတဲ့နိုင်ငံကတော့ ချီလီ နိုင်ငံပဲ ဖြစ်ပါတယ်။ ကလေးသူငယ်တွေကို ဆေးကုသ ပေးရလေ့ရှိတဲ့ဆရာဝန်မလေး မီရှဲဘတ်ချလက် ၂၀၀၆ ခုနှစ်မှာ ချီလီသမ္မတဖြစ်လာတဲ့အခါ နိုင်ငံအနှံ မူကြိုကျောင်း အမြောက်အမြားဆောက်လုပ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံရဲ့အနာဂတ်အတွက် အရေးပါတဲ့ ရင်းနှီးမြှပ်နှံမူဖြစ်ပါတယ်လို့ ပညာရေးသုတေသီ အောတစ်က ချီးကျူးပြောဆိုပါတယ်။



ဆရာတွေရဲ့ အရေးပါမူ



နောက်ထပ်ပြုလုပ်ရမယ့် အရေးကြီးကစ္စတစ်ခုမှာ ဆရာ၊ ဆရာမတွေရဲ့ ရည်အချင်းစမ်းသပ်စစ်ဆေးဖို့ ဖြစ်ပါတယ်။ စာသင်ခန်းအရွယ်အစား၊ သင်ရိုးညွန်းတမ်း ၊ ကျောင်းရဲ့ ဘဏ္ဍာရေးငွေ စတာ တွေအားလုံးက ကျာင်းတစ်ခုအောင်မြင်ဖို့သိပ်အရေးမပါလှပါ။ အရေးကြီးဆုံးက ကျောင်းမှဆရာ၊ ဆရာမကောင်းတွေ ရှိဖို့ဖြစ်ပါတယ်။ ဖင်လန် နှင့် တောင်ကိုရီးယားတို့မှာ ကမ္ဘာ့အတော်ဆုံးကျောင်းသားများက ဒီနိုင်ငံတွေက ဆရာ၊ ဆရာမအပေါ် အဓိက အားရုံစိုက်လို့ ဖြစ်ပါတယ်။ ဖင်လန်မှာဆိုရင် ကျောင်းဆရာအလုပ်ဆို ဂုဏ်ယူစရာ အကောင်းဆုံးအလုပ်တစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။အဲဒီနိုင်ငံတွေမှာ ဆရာ၊ ဆရာမများကို အရည်းအသွေး ပြည့်မီမူ ရှိမရှိ စစ်ဆေးကြည့်တယ်။ ပြီးတော့ လိုအပ်တဲ့ လေ့ကျင့်သင်ကြားမူများ ပြုလုပ်ပေးတယ်။ ဒါဆိုရင် အခြားနိုင်ငံတွေက ဘာလို့ သူတို့ရဲ့နည်းလမ်းတွေကို အတုခိုးပြီး သူတို့ရဲ့ ပညာရေးစနစ်မှာ အသုံးမချကြတာလဲ။ ဒီမေးခွန်ရဲ့ အဖြေကတော့ နိုင်ငံရေး ဖြစ်ပါတယ်။ အစိုးရတွေက သူတို့ရဲ့ပညာရေးအစီအစဉ်တွေ ချမှတ်တဲ့အခါ မှာ ရေရှည်မှာ ကောင်းကျိးရှိစေမယ့် စီမံကိန်းထက် လတ်တလော ပေါ်ပြူာလာ ဖြစ်နေတဲ့၊ ဒါမှမဟုတ် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ကျောင်းအဆောင်အအုံတွေ ဆောက်တာ၊ ဆရာ၊ ဆရာမ အသစ်တွေ ခန့်ထားတာ စတဲ့ ပြည်သူလူထုကို လက်တွေ ပြနိုင်တဲ့ နေရာတွေမျာ ပိုပြီး ငွေကြေးထောက်ပံ့ချင်စိတ် ရှိကြပါတယ်။

ကျောင်းကောင်းဆိုတာဘာလဲ

ဗြိတိန်၊ နော်ဝေ နဲ့အမေရိကန် ပြည်နယ် အတော် များများမှာ ကျောင်းရဲ့ အရည်းအချင်း ကို စမ်းသပ်စစ်ဆေးဖို့ ပြုလုပ်ကြပါတယ်။ သူတို့ စမ်းသပ်စစ်ဆေးတဲ့နည်းကတော့ ကျောင်းတစ်ခုဟာ ကျောင်းသားတစ်ဦးးကို ဘယ်လောက်အရည်အသွေး၊ ပညာ တွေ ထပ်ဖြည့်ပေးနိုင်မလဲဆိုတဲ့အချက်နဲ့ တိုင်တားကြပါတယ်။ အရင်တုန်းက ယူဆခဲ့သလို ကျောင်းတစ်ကျောင်းက တော်တဲ့၊ အရည်အချင်ရှိတဲ့ ကျောင်းသားတွေ မွေးထုတ်ပေးနိုင်ရုံနဲ့ ကျောင်းကောင်းလို့ မယူဆတော့ပါဘူး။ နာမည်ကြီးတက္ကသိုလ်တွေ ထိပ်ပိုင်းက ကျောင်းကြီးတွေက ကျောင်းသားလက်ခံတဲ့နေရာမှာ အတော် ဆုံးဆိုတဲ့ ကျောင်းသားကို ရွေးချယ်လက်ခံလေ့ရှိပါတယ်။ ဒီတော့ နာမည်ကြီးတက္ကသိုလ်တွေက ထွက်တဲ့ကျောင်းသားတွေက တော်ကြတာ၊ အောင်မြင်ကြတာဟာ ကျောင်းသားတွေကကိုနဂိုထဲ တော်ကြလို့၊ ကြိုးစားကြလို့ ဖြစ်ပါတယ်။ တကယ်တော့ ကျောင်းကောင်းဆိုတာ နဂိုက အရည်းအချင်းမရှိတဲ့သူကို အရည်အချင်းရှိလာအောင် ပြုလုပ်ပေးနိုင်တဲ့ ကျောင်းမျိုးကို ခေါ်တာပါ။ ဒါကြောင့် ကျောင်းတွေကို စမ်းသပ်တဲ့နည်းလမ်းသစ်ကတော့ ကျောင်းသားတစ်ဦးကျောင်းသို့မရောက်ခင် ရှိတဲ့ အရည်အချင်းနဲ့ ကျောင်းပြီးသွားတဲံအခါ ရှိတဲ့ အရည်အချင်းကို နိုင်းယှဉ်ကြည့်ဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်းသစ်နဲ့ စမ်းကြည့်တဲ့အခါ အံသြစရာကောင်းတဲ့ ရလာဒ်တွေ ထွက်ပေါ်လာပါတယ်။ ဖလော်ရီဒါ ပြည်နယ်က ယခင် အကောင်းဆုံးကျောင်းတွေလို့ သတ်မှတ်ခဲ့တဲ့ ကျောင်းတွေက ကျောင်းသားတွေ အရည်အချင်းတက်အောင် မလုပ်နိုင်၊ သာမန်ကျောင်းကလေးတွေကတော့ ညံ့ဖျင်းတဲ့ ကျောင်းသားတွေကို အလယ်အလတ် အဆင့်လောက်ရောက်အောင် သင်ကြားပေး နိုင်တာကိုတွေ့ရပါတယ်။ ဒါဆိုသာမန်ကျောင်းလေးတွေက ပိုပြီး တော့ ကျောင်းသားတွေကို အရည်အချင်း ထပ်ဖြည့် ပေးနိုင်တာကို ကြည့်ရင် ဒီကျောင်းတွေကို ပိုပြီး ကောင်းတဲ့ ကျောင်းလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒီနေ့ခတ်ဟာ ပညာခတ်ဖြစ်တယ်ဆိုတာ အစိုးရတွေ အတော်များများ နာလည်း သဘောပေါက်လာကြပါပြီ။ ပညာရေးအတွက် ငွေကြေး ရင်နှီးမြှပ်နှံမူ အများအပြား လုပ်ဆောင်နေကြတာ ကမ္ဘာ့နေရာအနှံမှာ တွေ့နေရပါတယ်။ အစဉ်အလာအားဖြင့်ပညာရေးကို သိပ်အလေးမထာတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေတောင် ရေနံမှ ရတဲ့ ငွေအမြောက်အမြား ကိုပညာရေးထဲကိုထည့်သွင်းမြှပ်နှံနေကြပါတယ်။ အဘူဒါဘီစော်ဘွား ရှိတ်ဇေယတ် ဦးဆောင်တဲ့ အာရပ်ပညာတတ်ခေါင်းဆောင်များ ဟာ အရှေ့ အလယ်ပိုင်းရဲ့ အနာဂတ် အတွက်ကြိုတင်ပြင်ဆင်မူတွေ ပြုလုပ်နေကြပါတယ်။ ဒါပေမဲ့ တကယ်ထိရောက်မူရှိဖို့ဆိုတာက ငွေကြေးတစ်ခုတည်းနဲ့ တက်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျောင်းကောင်းတွေ ဆရာကောင်းတွေ အများကြီးရှိပါမှ ပညာရေးဟာ တိုးတက်မူရှိမှာပါ။ ဒီလိုဖြစ်ဖို့ကလည်း ကျောင်းတွေ၊ ဆရာ၊ ဆရာတွေကို အရည်အသွေး စမ်းသပ်စစ်ဆေးမူတွေ ပြုလုပ်ရပါမယ်။ စမ်းသပ်စစ်ဆေးမူတွေ။ သုတေသန ပြုလုပ်ချက်တွေ မရှိဘဲ မှန်ကန်ပြီး ထိရောက်တဲ့ ပညာရေးပေါ်လစီကို ချမှတ်နိုင်မှာ မဟုတ်ပါဘူး၊ တိုင်းပြည်အများအပြား မှာ ပညာအရည်းအချင်း မပြည့်ဝမူကြောင့် စီးပွားရေးအရ ထိခုက်နစ်နာမူက ဘဏ္ဍာရေး အကျပ်အတည်းကြောင့် နစ်နာရတာထက်တောင် ပိုပြီးများသေးတယ်လို့ OECD အဖွဲရဲ့လေ့လာမူတစ်ခုက ဖော်ပြပါတယ်။ ဒါကြောင့် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိတဲ့ နိုင်ငံတွေဟာ စီးပွားရေးအရ နှစ်စဉ် နစ်နာနေမှာ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံသားတို့ရဲ့ ပညာရေးကို မြှင့်တင်ပေးခြင်းဟာစီးးပွားရေးအတွက်တင် ကောင်းတာ မဟုတ်ပါဘူး။လူအဖွဲ့ အစည်းတစ်ခုလုံး ပိုပြီး အဆင်ပြေချော့မွေမူကို ဖြစ်စေနိုင်ပါတယ်။



ပညာရေးအတွက် ငွေလိုအပ်မူ



ကျွန်တော် ပြောချင်တာက ပညာရေး အတွက် ငွေသုံးစွဲမူဟာ ဘာအကျိုးမှ မရှိဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး။ ကျောင်းအဆောက်အအုံတွေ၊ သင်ထောက်ကူ ပစ္စည်းတွေ မလိုအပ်ဘူးလို့လည်း ပြောတာမဟုတ်ပါ။ ကမ္ဘာ့နေရာအများအပြားမှာ စာသင်ကျောင်းတွေ မရှိသေးတဲ့ ရွာတွေ၊ စားပွဲ။ ကုလားထိုင်တွေမရှိတဲ့ ကျောင်းတွေ စသဖြင့် ပညာကို ကောင်းစွာ သင်ကြားခွင့်မရတဲ့ နေရာတွေ များစွာ ရှိပါသေးတယ်။ တကယ်တော့ ပညာရေးအတွက် အသုံးစရိတ် တွေဟာ ဖွံဖြိုးပြီး နိုင်ငံတွေ အတွက် တောင် နည်းနေပါသေးတယ်။ ကမ္ဘာမှာ ပညာရေးအတွက်အသုံးစရိတ်အများဆုံးဖြစ်တဲ့ အမေရိကန်တောင် စစ်ရေးအသုံးစရိတ်ရဲ့ထက်ဝက်ခန့်ကိုသာ ပညာရေးအတွက်သုံးစွဲပါသေးတယ်။ အမေရိကန်နိုင်ငံဟာ ဂျီဒီပီ ရဲ့ ၂.၉ ရာခိုင်နူန်းကို သုံးစွဲနေပါတယ်။

အရှေ့အလယ်ပိုင်းရှိ နိုင်ငံများကတော့ပညာရေးကို စီးပွားရေးသဘောထားပြီးရင်နှီးမြှပ်

နှံမူများ အကြီးအကျယ်ပြုလုပ်နေကြပါတယ်။ ထင်ရှားတဲ့ သာဓက အဘူဒါဘီရှိ မတ်(စ)ဒါ (masdar) သိပ္ပံနှင့်နည်းပညာ တက္ကသိုလ် ဟာ ကမ္ဘာပေါ်မှာ အစားထိုးစွမ်းအင်နှင့် ရေရှည်တည်တံမယ် ဖွံဖြိုးမူကို အဓိကထား လေ့လာတဲ့တစ်ခုတည်းသော ဘွဲ့လွန် သုတေသန တက္ကသိုလ် ဖြစ်ပါတယ်။ တက္ကသိုလ်နဲ့ တက္ကသိုလ် ပတ်ဝန်းကျင် ရှိ အိမ်တွေ အားလုံးမှာ နေရောင်ခြည်စွမ်းအင်မှ ရတဲ့ လျှပ်စစ်စွမ်းအင်ကိုသာ သုံးစွဲပြီ ကာဗွန်ထုတ်လွှတ်မူ မရှိစေရန် ကားသုံးပြုခွင့်တောင် ပိတ်ပင်ထားပါတယ်။

မတ်(စ)ဒါ တက္ကသိုလ်မှာ အဘူဒါဘီအစိုးရ ရဲ့ထောက်ပံငွေ အမေရိကန်သန်း ၁၅၀၀ ဖြင့်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတက္ကသိုလ်က မက်ဆာချူးဆက်နည်းပညာအင်စတီကျု့(MIT) နှင့်ချိတ်ဆက်ထားပါတယ်။MIT က ပါမောက္ခ

များနှင့်အတူတူ ကျောင်းသားတွေက သုတေသနပြုလုပ်ခွင့်တွေလည်းရရှိထားပါတယ်။ အဘူဒါဘီရဲ့ ခေါင်းဆောင် ရှိတ်ဇေယတ်ရဲ့ ရည်ရွယ်ချက်ကတော့ အရှေ့အလယ်ပိုင်းရှိ ပညာတတ်လူငယ်တွေ အဝေးကိုသွားပြီး ပညာသွားသင်စရာ မလိုဘဲ ကိုယ့်ဒေသမှာ ကိုယ် အဆင့်မြင့် နည်းပညာတွေ သင်ကြားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလို တက္ကသိုလ်ကြီးကို ငွေကုန်ခံပြီး ဆောက်ဖြင်းအားဖြင့် အခြားတိုင်ပြည်တွေက ပညာတတ်လူငယ်တွေကိုပါ လာရောက်သင်ကြားဖို့ ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒီအာရပ်စော်ဘွားက တော့ ရေရှည်မှာ ရေနံစီးပွားရေးကို အားကိုးတာထက် ပညာစီးပွားရေး (knowledge economy) ကိုအားထားတာက ပိုပြီး အကျိုးအမြတ် ရလိမ့်မယ်လို့မျှော်လင့်ထားပုံ ရပါတယ်။

ဒါပေမဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေ အတွက် ငွေကြေးမဟုတ်ဘဲ အခြားအခက်အခဲတွေရှိပါသေးတယ်။ အာရပ်ခေါင်းဆောင်တွေက မိမိပြည်သူတွေကို ပညာ လည်းတက်စေချင်တယ်။ ဒါပေမဲ့ ပညာတတ်လာရင် ကိုယ့်ကိုပြန်ပြီး အာခံကြမှာကိုလည်း စိုးရိမ်ကြပါတယ်။ အီရန်နိုင်ငံရှိ ရှရစ်ဖ် တက္ကသိုလ်ဆိုရင်လည်း ကမ္ဘာကျော် နည်းပညာတက္ကသိုလ်များဖြစ်တဲ့ MIT, Caltech, Standford စတဲ့ တက္ကသိုလ်နဲ့ တန်းတူလေးစားခံရတဲ့ ကျောင်းဖြစ်ပါတယ်။ ရှရစ်ဖ် ကျောင်းဆင်းဆိုရင် ကနေဒါတို့၊ သြစတေးလျတိုက အလွယ်တကူ ဗီဇာထုတ်ပေးဖို့ အသင့်ပဲ ဖြစ်ပါတယ်။ ရှရစ်ဖ် တက္ကသိုလ် မှာလည်း အီရန်ရဲ့ အမြော်အမြင်ရှိသော ခေါင်းဆောင်ဖြစ်တဲ့ ရှားဘုရင်က တည်ထောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း အီရန်ကျောင်းသား အများစုက ကျောင်းပြီးတာနဲံ နိုင်ငံခြားကို ထွက်သွားလေ့ရှိပါတယ်။

ကျောင်းသူတစ်ယောက်က“ကျွန်မ ဒီမှာ ဘာမှလုပ်စရာ မရှိဘူးလေ။ ဒီတော့ ကျွန်မ ကြိုးစားပြီး သင်ထားတာတွေ အလဟသ မဖြစ်အောင် နိုင်ငံခြားပဲသွားရတော့မှာပေါ့” ဟု ပ၀ါ အနက်ကို ခေါင်းမှာ ခြုံလျှက် ကနေဒါသံရုံးရှေ့မှာ ဗီဇာလျှောက်ဖို့ တန်းစီနေတဲ့ အီ၇န်အမျိုးသမီး ဒါနီဂျီ က ပြောပြပါတယ်။ ကျောင်းသားအများစုရဲ့ဆန္ဒကတော့ မိမိတို့ တစ်သက်လုံးသင်ကြားလာခဲ့သမျှကို ဘာမှ အသုံးမချပဲ မေ့မေ့ပျောက်ပျောက် နဲ့ ပျောက်ကွယ်သွားမှာကို မလိုလားကြပါဘူး။ အီရန်ရဲ့အဖြစ်အပျက်ကို သင်ခန်းစာယူပြီး အဘူဒါဘီစော်ဘွားဟာ ပြုပြင်ပြောင်းလဲမူတွေ လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလားဆိုတာတော့ စောင့်ကြရပါဦးမယ်။

အဆင့်မြင့် ပညာရေး သို့မဟုတ် အီလိုက်တက္ကသိုလ်များ

အမေရိကန်ရဲ့ အထက်တန်းကျောင်းသားတွေဟာ ကနေဒါ၊ ဖင်လန်နဲ့တောင်ကိုရီးယားက ကျောင်းသားတွေရဲ့ပျမ်းမျှအရည်အချင်းကို မီမယ်ဆိုရင် အမေရိကန် GDP ဟာ၉ ရာခိုင်နူန်းကနေ ၁၃ ရာခိုင်နူန်းအထိ၊ တစ်နည်း ပြောရရင် ၁.၃ ထရီလီယံကနေ ၂.၃ ထရီလီယံထိ မြင့်တက်နိုင်ပါတယ်လို့ မက်က်ကီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါဟာ အမေရိကန်ရဲ့ပြနာပါပဲ။ ကမ္ဘာ့ အကောင်းဆုံးတက္ကသိုလ်အခု ၂၀ မှာအမေရိကန်တက္ကသိုလ် တွေအများဆုံး ပါပေမယ့်လို့ အခြေခံပညာ အဆင့်မှာ တော့ တောင်ကိုရီးယားက ကျောင်းသားတွေကို မမီပါဘူး။ကိုရီးယားက ကျောင်းသားတွေဟာ ညလုံးပေါက် စာကြည့်နေတဲ့ အချိန်မှာ အမေရိကန် လူငယ်တွေက ဟောလီးဝုဒ်ကားတွေကြည့်လိုက်၊ ဂိမ်းနိုပ်လိုက်လုပ်နေကြပါတယ်။ယခင် ပညာရေးဝန်းကြီး ဟောင်း ကိုယ်တိုင်က အမေရိကန်ကလေးတွေက စာသင်ဖို့ထက်အပျော်အပါးဘက်ကို ပိုပြီး စိတ်အားထက်သန်နေတယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။

ဒါကလည်း အစိုးရနဲ့ ပြည်သူတွေက အီလိုက်တက္ကသိုလ်ကိုပဲ အာရုံစိုက်နေကြလို့ ဖြစ်ပါတယ်။ အီလိုက်တက္ကသိုလ်ဆိုတာ အခွင့်ထူးခံလူတန်းစားများသာတက်နိုင်တဲ့ အင်မတန် ကျောင်းစရိတ်ကြီးမားတဲ့ တက္ကသိုလ်ကို ဆိုလိုတာပါ။

ဥပမာ အားဖြင့် ဟားဗက်တက္ကသိုလ်က ကျောင်းသားများထံမှ ရတဲ့ ၀င်ကြေးနဲ့ ကျောင်းလခ ဟာ အမေရိကန်ဒေါ်လာကုဋေ ၃၅၀၀ (၃၅ ဘီလီယံ) ခန့်ရှိပါတယ်။ ဒါဟာ နိုင်ငံတစ်ခုရဲ့ စုစုပေါင်း GDP ပမာဏ လောက်ရှိပါတယ်။ ယေး (yale) တက္ကသိုလ်ဆိုရင်လည်း ကျောင်းသားထံမှ ရငွေ ဒေါ်လာ ကုဋေ ၂၂၅၀ ရှိပြီး ၊ ပရင်စတန် ဆိုလျှင် ကုဋေ၁၄၈၀ ထိရှိပါတယ်။ (ကွာလိုက်တာနော် ငါတို့နဲ့များ) ဒီလို တက္ကသိုလ်ကို သာမာန်လူတန်းစားတွေ တက်ရောက်ဖို့ ဘယ်လိုမှ မလွယ်ကူလှပါ။ အခွင့်ထူးခံ လူ့မလိုင်အီလိုက်တွေပဲ တက်ရောက်နိုင်ကြပါတယ်။ ဒီတော့ ဒီတက္ကသိုလ်ကို တက်နိုင်တဲ့ကျောင်းသားတွေဟာ မာန်တကြွကြွဖြစ်နေတာ ဘာဆန်းတော့လို့လဲ။ တစ်ချိန်မှာ ကျောင်းထဲက မိမိသူငယ်ချင်းဟာ သမ္မတကြီးလဲ ဖြစ်နိုင်တယ်၊ ၀န်ကြီးချုပ်လည်းဖြစ်နိုင်တယ်ဆိုတဲ့အသိစိတ်ဟာ ကျောင်းသား

တွေကို ပိုပြီး ဘ၀င်မြင့်စေပါတယ်။ ကျောင်းသားတွေဟာ ပညာကို ကြိုးကြိုးစားစား သင်ယူလေ့လာဖိုထက် အောင်မြင်မူ ကို ရရှိဖို့ ပိုပြီး စိတ်အား သန်ကြပါတယ်။

တကယ်တော့ အမေရိကန်မှာ အခြေခံပညာရေးကိုတောင် ဆုံးခန်းတိုင်အောင် မတက်နိုင်ဘဲ ကျောင်းထွက်သွားရတဲ့လူတွေ အများအပြား ရှိပါသေးတယ်။ ဒီလူတွေဟာ ကုန်ထုတ်စွမ်းအားမရှိတဲ့ လစာဝင်ငွေနည်းတဲ့ အလုပ်တွေ လုပ်နေရပါတယ်။ ဒီတော့ သူတို့ရဲ့

သာသမီးတွေကိုပညာ အပြည့်အ၀ သင်ကြားပေးနိုင်ခြင်းမရှိတော့ပါဘူး။ ဒီလိုပဲဆင်ရဲမွဲတေမူနဲ့ ပညာမပြည့်ဝမူဟာ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းပြီးဆင်ရဲ သံသရာလည်နေပါတယ်။

ဒီလိုလူတွေကို ငွေကြေးထောက်ပံပြိး ပညာသင်ကြားခွင့်ရအောင် လုပ်ပေးနိုင်ရင် တိုင်းပြည်ရဲ့

ကုန်ထုတ်စွမ်းအားလည်း တိုးတက်လာမှာပါ။ ဒါကြောင့် ဆင်းရဲတဲ့ မိသားစုမှ ကလေးတွေကို ပညာစရိတ် ထောက်ပံတာ ဟာ လူမူရေး လုပ်ငန်းတစ်ခု မဟုတ်ပါဘူး။ တကယ်အကျိုးအမြတ်ရရှိမယ့် စီးပွားရေး အလုပ်ကြီးပါ။ ဒီတော့ ပညာစီးပွားရေး (knowledge Economy) ကိုပဲ နိုင်ငံရဲ့ အဓိက စီးပွားရေးအဖြစ် ငွေကုဋေချီပြီး သုံးစွဲရတဲ့နိုင်ငံတွေဟာ ဒီလိုနေရာမျိုးတွေမှာ အများကြီးရင်နှီး မြှပ်နှံသင့်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော် ကျောင်းဆရာများညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပါပဲ…………….

“ ပညာရေးသည် နိုင်ငံရေးဖြစ်ပါသည်

Ref: Newsweek, Internet

Source by ကျော်သူဟန်(Ecovision weekly journal)

http://www.graduateshotline.com/europe/de.html
This entry was posted on Friday, December 04, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On December 5, 2009 at 2:42 AM , YHM said...

Thank you for this post.

 
On December 5, 2009 at 7:35 PM , Unknown said...

Really worth reading..
Thanks for sharing.