b သူရဲကောင်းကြယ်: ကျွန်တော့် တက္ကသိုလ်
•Tuesday, December 08, 2009
ဆယ်တန်းအောင်ပြီးနောက် အကြောင်းကြောင်းကြောင့် တက္က္ကသိုလ်များစွာ တက်ခွင့် ရခဲ့သည်ဟု ပြောရမည် ထင်သည်။။ ပထမဆုံးတက္ကသိုလ်ကတော့ မုံရွာ နည်းပညာတက္ကသိုလ် ဖြစ်သည်။ ပထမနှစ်ပြီးဆုံးပြီးနောက် ဆက်မတက်ဖြစ်တော့ပါ။ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ သစ်တောတက္ကသိုလ် သို့ ပြောင်းလိုက်သည်။ ထိုတက္ကသိုလ်သို့ တက်ရောက်ခွင့် ရခဲ့သော်လည်း ကျောင်း အပ်ပြီး ၂ ပတ်မျှသာ ကျောင်းတက်ခဲ့ပြီးနောက် ကျောင်းပြောင်းခဲ့ရသည်။

ထို့နောက် ပြင်ဦးလွင် စက်မှုလက်မှု သိပ္ပံကျောင်းသို့ တစ်နှစ်မျှ သင်ယူခဲ့ပြီးနောက် အမိတက္ကသိုလ် မန္တလေးနည်းပညာတက္ကသိုလ်သို့ ပြောင်းရွှေ့သင်ယူခွင့် ရခဲ့သည်။ ၅ နှစ်မျှ သင်ယူပြီးနောက် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် တစ်နှစ် ကျမ်းပြုရင်း ရောက်ခဲ့သည်။ ထို့နောက် နိုင်ငံခြား ဘာသာတက္ကသိုလ်ကို မန္တလေးနှင့် ရန်ကုန်တွင် ခေတ္တမျှ သင်ယူခွင့် ရပြန်သည်။ ယခုတော့ ဂျာမနီနိုင်ငံ ကိုက်ဇာလောက်တန် တက္ကသိုလ်တွင် ပညာသင်ခွင့် ရခဲ့သည်။ သူ တကယ် စိတ်ဝင်စားတာကတော့
အဆိုတော်ဟု ပြောသံကြားဖူးသည်။

ကိုင်ဇာလောက်တန် တက္ကသိုလ်သည် ဂျာမနီနိုင်ငံ၏ အနောက်တောင်ဘက် ကိုင်ဇာလောက်တန်မြို့တွင် တည်ရှိသော နည်းပညာတက္ကသိုလ် တစ်ခု ဖြစ်သည်။ ၁၉၇၀ ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤတက္ကသိုလ်တွင် အဓိမေဂျာကြီး ဆယ်ခု ရှိသည်။

၁။ ဗိသုကာ၊ မြို့ပြ အင်ဂျင်နီယာနှင့် ပတ်ဝန်းကျင် လေ့လာထိန်းသိမ်းရေးပညာဌာန
၂။ ဇီဝနည်းပညာ သုတေသနဌာန
၃။ ဓာတုဗေဒ ဌာန
၎။ လျှပ်စစ်နှင့် သတင်းနည်းပညာဌာန
၅။ သုတနည်းပညာဌာန
၆။ စက်မှုအင်ဂျင်နီယာဌာန
၇။ အင်ဂျင်နီယာ သင်္ချာဌာန
၈။ ရူပဗေဒ ဌာန
၉။ လူမှုဆက်ဆံရေးနည်းပညာဌာန
၁၀။ စီးပွားရေးပညာဌာန

ယခင်ကတော့ ထရီးရား (Trier) တက္ကသိုလ်နှစ်ကျောင်းပေါင်းပြီး တည်ရှိခဲ့သည်။ ၁၉၇၅ ခုနှစ်မှ စ၍ သီးခြားရပ်တည်လာခြဲ့ခင်း ဖြစ်သည်။
This entry was posted on Tuesday, December 08, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: