b သူရဲကောင်းကြယ်: Rhythm မှားတဲ့ သီချင်းတစ်ပုဒ်
•Monday, December 14, 2009
"ချစ်တယ်"

ဒီစကားလုံး တိုလွန်းတယ်
အဓိပ္ပါယ်က ရှည်လွန်းတယ်
ဖွင့်ပြောဖို့ ခက်လွန်းနေတယ်

စာသားမှန်ပေမဲ့
သံစဉ်မတူတဲ့အခါ
အတူဆိုဖို့
ခက်နေခဲ့တယ်။

အချစ်ဆိုတဲ့ မျဉ်းတစ်ကြောင်းဟာ
ကြင်နာမူတွေ၊ အလေးအနက်ထားမှုတွေ
ဂရုစိုက်မှုတွေနဲ့ ဖွဲ့တည်နေတာလား

အချစ်မျဉ်းပေါ်မှာ ဘာတွေ ရှိနေဦးမလဲ

အူရိုင်းလေးမို့ ငါ အချစ်ကို နားမလည်ပါ။

ငါ မှားခဲ့သလား?
ငါ့ အတွေးတွေ လွဲနေခဲ့သလား?
ရိုးသားနေတာက
စိတ်ဆိုးချင်စရာ ကောင်းနေခဲ့သလား?

မသိခြင်းများစွာနဲ့
ဆိုနေမိတဲ့ သီချင်းတစ်ပုဒ်ပေါ့။

Rhythm တော့ နည်းနည်းလွဲနေတယ်။

herostar
This entry was posted on Monday, December 14, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On December 14, 2009 at 4:15 AM , သိင်္ဂါကျော် said...

ရိုးသားချင်ယောင်ဆောင်တာကမှ စိတ်ဆိုးချင်စရာ ကောင်းမှာပါ...

နှစ်ဦး နှစ်ဖက် ပြေလည်သွားရင်တော့ မှားနေတဲ့ Rythm ကပြန်မှန်သွားနိုင်တာပေါ့...

 
On December 15, 2009 at 10:27 PM , Unknown said...

ဂေါက်နေပြီ.....