b သူရဲကောင်းကြယ်: ဂွတီးဂွကျ လူတစ်ယောက် (၁)
•Tuesday, December 08, 2009
အခန်း(၁)

တခါတုန်းက လူတစ်ယောက် ရှိတယ်။
ပေတေတေညှင်းသိုးသိုးနဲ့ လျှာထိုး ဦးထုပ်ဆောင်းလေ့ ရှိတယ်။ လောကကြီးကို ငိုက်ဆင်းနေတဲ့ လျှာထိုး ဦးထုပ်အောက် ကနေ အမြဲ ကြည့်တတ်သူပေါ့။ ဆိုင်တစ်ဆိုင်ရဲ့ ထောင့်ကျကျနေရာမှာမှ ထိုင်တတ်တယ်။ ကျဆိမ့် တစ်ခွက်နဲ့ စီကရက် တစ်လိပ်ကို မှာလေ့ရှိပြီး စာအုပ်ထူကြီးတွေကို တစ်ယောက်တည်း သဲကြီးမဲကြီး ဖတ်နေလေ့ရှိတယ်။ မီးခိုးရောင် ရှပ်အင်္ကျီနဲ့ အနက်ရောင် ဂျင်းဘောင်းဘီကို ဝတ်လေ့ရှိတာကို သတိထားမိတယ်။

ဆေးလိပ်တိုကို နားမှာ ညှပ်ပြီး ယိုင်ခွေခွေ လမ်းလျှောက်နေရတာကို "ဘဝ" လို့ မှတ်နေတဲ့ကောင်ပေါ့။
ခပ်ညစ်ညစ်အင်္ကျီအောက်မှာတော့ အဖြူရောင် နှလုံးသားတစ်စုံနဲ့ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ တစ်ယောက်တည်း လွတ်လပ်စွာ ရှင်သန်နေသူ တစ်ယောက်တဲ့လေ။ တိမ်ရဲ့ ခြေရာ ရှာမရသလို သူလည်း သူ့ရဲ့ ခြေရာတွေ ရှာလို့ မရအောင် ရောက်တတ်ရာရာ လျှောက်သွားနေတတ်သူ တစ်ယောက်ပေါ့။

ဒီလူကျောင်းဆရာများ ဖြစ်လာရင် ကျောင်းသားတွေကို ဘာတွေများ သင်မလဲလို့ သိချင်နေကြတဲ့ သူတွေ ရှိတယ်တဲ့လေ။ သေချာတာက ဖြတ်သန်းခဲ့ဖူးတဲ့ ဘဝတွေကို လက်ချာ ပြန်ပေးရင်း ဒီလို မနေသင့်ကြောင်း လောက်တော့ ပြန်ပြောပြနိုင်လိမ့်မယ် ထင်တယ်။ သူ့ကို စတွေ့မိခဲ့တာက မန္တလေးနည်းပညာတက္ကသိုလ်ရဲ့ ရှေ့က ယမကာဆိုင်တစ်ခုမှာပေါ့။ ရွာသားတွေ စုဝေးနေတတ်တဲ့ ဒီလိုနေရာမျိုးမှာ သူ့လို ကျောင်းသားတစ်ယောက်ကို ဒီလိုဆိုင်မျိုးမှာ တွေ့လိုက်ရတော့ စိတ်မကောင်း ဖြစ်ခဲ့မိတယ်။

သူဘာဖြစ်လို့ ဒီလို ဖြစ်နေရသလို ဆိုတဲ့ အကြောင်းအရင်းကို သိချင်နေခဲ့တယ်။ သူနဲ့က တစ်တန်းတည်းဆိုပေမဲ့အတန်းထဲမှာ တွေ့ရခဲတဲ့ သူတစ်ယောက်ပေါ့။ ဒီ လူ့အကြောင်း စိတ်ဝင်စားမိတဲ့ အကြောင်း နှစ်ချက်ရှိတယ်။ပထမတစ်ချက်က စကားနည်းတယ်။ တစ်ခုခု ပြောလိုက်ရင် ပြုံးပြရုံက လွဲပြီး ဘာမှ မတုံ့ပြန်တော့တဲ့ သူမို့။ဒုတိယတစ်ချက်က ဆယ်တန်းမှာ လေးဘာသာ ဂုဏ်ထူးပါတာတောင် ဆေးကျောင်း မတက်ဘဲ ဆရာဖြစ် အင်ဂျင်နီယာကျောင်းကို ဘာလို့ တက်ရတာလဲဆိုတာကိုပေါ့။

သူ့တို့ မြို့က သူငယ်ချင်းတွေ ပြောပြတာ သိရတာကတော့ သူ့ငယ်ဘဝက အထီးကျန်မှုတွေ မျိုးစုံနဲ့ ပြည့်နေခဲ့တယ်တဲ့လေ။ မပြည့်စုံမှုတွေနဲ့ နေသားကျနေသူလို့ ပြောလေ့ရှိတယ်။ အပေါင်းအသင်း မဆန့်တဲ့သူလို့ ပြောကြပေမဲ့ သူနဲ့ ခင်ခဲ့မိတယ်။ နောက်တော့ သူ့အကြောင်းတွေ တစတစ သိလာခဲ့ရတယ်။သူ့မှာ မိဘ နှစ်စုံ ရှိသတဲ့လေ။

အခန်း (၂)
This entry was posted on Tuesday, December 08, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On December 11, 2009 at 2:30 AM , johnmoeeain said...

အခန်း-၂ ကို ဆက်ပါဥိး အစ်ကိုရေ....