b သူရဲကောင်းကြယ်: ချစ်သူ့ ဆုတောင်း
•Tuesday, January 05, 2010
ချစ်သူသည်
အပြောကျယ်သော
ငွေပင်လယ်ကြီး ဖြစ်မည်ဆိုလျှင်
ကျွန်ုပ်သည် ရွက်လှေတစ်စင်း
ဖြစ်ပါစေ။

ချစ်သူသည်
ကျယ်ပြန့်သော
မိုးကောင်းကင်
်ကြီး ဖြစ်မည်ဆိုလျှင်
ကျွန်ုပ်သည် ငှက်ကလေးတစ်ကောင်
ဖြစ်ပါစေ။

ချစ်သူသည်
အဆုံးအစမသိနိုင်သော
မြေပြင်ကျယ
်ကြီး ဖြစ်မည်ဆိုလျှင်
ကျွန်ုပ်သည် လူသားတစ်ဦး
ဖြစ်ပါစေ။

ချစ်သူနဲ့ သာ
အတူ နေရမည်ဆိုလျှင်
ဘယ်အရာများက ဘယ်လောက်ပင်
တားဆီး ပိတ်ပင်နေပါစေ

ဖြိုခွင်း ဖြတ်ကျော်နိုင်သော
ခွန်အား ၂၀၁၀ မှာ ကျွန်ုပ်ကို
ပေးသနားတော်မူပါ။

အချစ်နတ် ဖုရားမလေး...

herostar

This entry was posted on Tuesday, January 05, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On March 20, 2010 at 6:28 AM , ရွှေအိမ်စည် said...

အဲ့ ဒိစာ..ငါ့သနားဆုံးပဲ..။။နင်..စိတ်ပူနေရပြိပေါ့...ဟုတ်
ဒိလောက်အနှံခရီးသွားနေတာတောင်...။အေးပါလေ..ဒိတခါ..ငါ့ချစ်သူအဌားလိုရင်..နင်ခေါ်မယ်..သနားလို့ ကူညိမှာနော်

 
On March 20, 2010 at 7:06 AM , ရွှေအိမ်စည် said...

အချစ်ဆိုတာ
လက်ခုပ်ထဲက
သဲပွင့်လေးတွေနဲ့
အလား သဏ္ဍာန်တူပါတယ်။
အချစ်ကို တမင်
ခိုင်မြဲချင်လွန်းလို့
ဖိနှိပ်ဆုပ်ကိုင်ထားလေလေ
ဆုံးရှူံးလွယ်လေလေ
ဖြစ်ရပါလိမ့်မယ်။
မတင်းမကျပ်လွန်းဘဲ
ဟန်ချက်ညီညီနဲ့
သဘောထားကြီးကြီးနဲ့
သေသေခြာခြာ
ယုယုယယ
ဆုပ်ကိုင်ထားပါမှ
လက်ခုပ်ထဲက
သဲတွေလို
သဏ္ဍာန်မပျက်ဘဲ
ကိုယ်နဲ့အတူ
ယှဉ်တွဲရှိနေမှာပါ။
မဟုတ်ရင်တော့
လက်ကြားထဲက
ယိုစီးကျသွားတဲ့
သဲပွင့်လေး တွေလိုဘဲ
ပြန်လည်မရရှိ နိုင်တော့ဘဲ
အချစ်ကို တသက်စာ
လက်လွှတ်
ဆုံးရှုံးရပါလိမ့်မယ်....

ငါ့အမြင်လေ...မင်းအတွက်2010ပေါ့