b သူရဲကောင်းကြယ်: herostar ဂျာမနီတွင် စက်ဘီးဝယ်ခြင်း
•Wednesday, January 06, 2010
ဂျာမနီတွင် စက်ဘီးတစ်စီး၏ အနည်းဆုံးတန်ဖိုးမှာ ယူရို ၁၀၀ နှင့် အထက်တွင် ရှိသဖြင့် မြန်မာငွေအားဖြင့် ၁ သိန်းခွဲ ၂ သိန်းဝန်းကျင်နီးပါးရှိသည်။ ပုံမှန် အလယ်အလတ် အကောင်းစားဆိုလျှင် ယူရို ၃၀၀ မှ ၁၀၀၀ ဝန်းကျင်အထိ ရှိလေသည်။ မြန်မာပြည်မှာကတည်းက စက်ဘီးစီးနေကျဆိုတော့ ဂျာမနီမှာလည်းစက်ဘီး စီးချင်နေမိသည်။ ဒီနိုင်ငံတွင် လူတွေက စက်ဘီးကို ကျန်းမာရေးအတွက် အဓိက ထားစီးတာက များသည်။ သူတို့ရဲ့ ကိုယ်ပိုင်ကားလေးတွေပေါ်မှာ စက်ဘီးလေးတွေကို တင်သွားကြပြီး အဖွဲ့လိုက် ပျော်ပွဲစားထွက်တဲ့အခါ မျိုးမှာလည်း စီးကြသည်။ သာမန်အားဖြင့်တော့ မာစီဒီးနဲ့ အိုပယ်၊ BMW စသည့် ကားများကိုသာနေရာတိုင်းတွင် တွေ့ရပေသည်။ စက်ဘီးတွေကတော့ ကျောင်းသားဆောင်တွေနှင့် ဘူတာရုံတချို့မှာသာ တွေ့ရပေသည်။

အာရှကနေ ကျောင်းလာတက်ရတဲ့သူပီပီ ဘာပဲ ဖြစ်ဖြစ် ကျောင်းသားတွက်တွက်ကာ ဈေးအချိုဆုံးရနိုင်မည့် စက်ဘီးလေး တစ်စီးလောက်တော့ လိုချင်နေမိသည်။ နောက်တော့ ကိုယ့်လို အာရှက သူငယ်ချင်းတစ်ချို့ကိုမေးမြန်းပြီး ဂျာမနီမှာ ဈေးအချိုဆုံးရနိုင်သည့် Floh Market တစ်ခုကို ရှာတွေ့ခဲ့သည်။ Floh Market ဆိုတာကတော့ အဟောင်းဆိုင်လို့ ပြောရမည် ထင်သည်။ ကွန်ပျူတာ၊ ရေခဲသေတ္တာ၊ ကားပစ္စည်း၊ စက်ဘီးဟောင်းမှ အစ အဝတ်အထည်နှင့် လူ့အသုံးအဆောင် ပစ္စည်းတော်တော်များများကို ဝယ်ယူနိုင်သည့်နေရာ ဖြစ်သည်။ ၁ ယူရိုနှင့် အထက် ဝယ်ယူနိုင်သလို မြန်မာပြည်မှာလိုပဲ ဈေးဆစ်လို့ ရသည်။ ပျံကျဈေး တစ်ခု ဖြစ်သလို အခွန်လွတ်ဈေးလည်း ဖြစ်သောကြောင့် တချို့ကျောင်းသားတွေ ကိုယ့်နိုင်ငံကိုယ်ပြန်တော့မည်ဆိုလျှင် ဤနေရာလေးမှာ မသယ်နိုင်တဲ့ ပစ္စည်းမှန်သမျှကို လာရောင်းကြသည်လည်း ရှိသည်။

ပစ္စည်းဟောင်း ရောင်းတာဆိုပေမဲ့ လာရောင်းသည့်သူများမှာ ကိုယ်ပိုင်ကားကိုယ်စီနဲ့ လာရောင်းကြခြင်း ဖြစ်သည်။ ဒီတော့ ကျွန်တော်လည်း စက်ဘီး အသစ်ဝယ်စီးရင်လည်း ကိုယ့်နိုင်ငံမသယ်နိုင်မဲ့ အတူတူ အဟောင်းလေးတစ်စီး ဝယ်ဖို့ ဆုံးဖြတ်ပြီး Floh Market ဘက်ကို ထွက်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ။ စက်ဘီးဟောင်းတွေ ရောင်းနေတဲ့ နေရာကို ခဏနဲ့ ရှာတွေ့ခဲ့သည်။ အသစ်ဝယ်မည် ဆိုရင် ရာကျော်ပေးရမှာဆိုတော့ ခုလို အဟောင်းလေးကို သုံးလေးဆယ်နှင့် ဝယ်ချင်မိသည်။

ဆိုင်ရှင်က စက်ဘီးဟောင်းလေးကို ၃၀ ယူရိုဟုဆိုသည်။ ကျွန်တော်က ကျောင်းသားတစ်ယောက်ဖြစ်တဲ့အကြောင်း ဈေးလျော့ပေးဖို့ ဆစ်တော့တာပေါ့။ နောက် ဟိုလို ပြောလိုက် ဒီလို ပြောလိုက်လုပ်တာများတော့ဈေးသည်ကြီးက ကျွန်တော့်ကို ၁၅ ယူရိုနဲ့ ပေးလိုက်ပါတော့တယ်။ ပျော်တာပေါ့ ၁၅ ယူရိုနဲ့ စက်ဘီး တစ်စီးရတယ်ဆိုတော့လေ။ ဂျာမနီမှာ စက်ဘီး စီးမည်ဆိုရင် ညဘက်စီးတဲ့အခါ ရှေ့မီးနောက်မီးပါရသည်။မပါပါက ဒဏ်ရိုက်သည်ဟု ဆိုသည်။ ကျွန်တော်လည်း ဝယ်ရမှာ နှမြောတာနဲ့ ဒီတိုင်း စီးနေလိုက်တာ နောက်တော့ ရဲနဲ့ တည့်တည့်တိုးတာပေါ့။ ကျောင်းသားဖြစ်တဲ့အကြောင်း၊ အိမ်နဲ့ ကျောင်းက သိပ်မဝေးလို့မီးမတပ်မိကြောင်း ပြောတာပေါ့။ နောက်နေ့တွေမှာ တပ်ထားနော် ပြောပြီး လွှတ်ပေးလိုက်လို့ ရင်အေးသွားရသည်။ မဟုတ်ပါက ဒဏ်ငွေ ၁၀၀ ထက်မနည်း ရိုက်ခံရမှာ သေချာသည်။

ဒါနဲ့ ဒီနေ့တော့ မီးလုံးလေးတွေ ဝယ်တပ်လိုက်ရသည်။ ၁၂ ယူရို ပေးရတဲ့ အတွက် တော်တော်လေး နှမြောနေမိသည်။ စက်ဘီလေးကို ခတ်ဖို့ သော့ချိတ်လေး ဝယ်လိုက်ရတာက ၅ ယူရိုပေးရသည်။ ပြိုင်ဘီးဆိုတော့ ဒူကာမပါတော့ ဆောင်းရာသီမှာ နှင်းစင်တာကြောင့် ဒူးကာဝယ်တာက ၇ ယူရိုပေးရသည်။ လေထိုးတံလေးလည်း လိုသေးတာကြောင်း သူ့ကို ဝယ်ရတာက ၅ ယူရို ပေးရသည်။ အင်း .... အားလုံးပေါင်းလိုက်တော့ ယူရို ၃၀ နီးပါး ဖြစ်သွားသည်။ ဘီးတစ်စီးလုံးမှ ၁၅ ယူရိုပေးရသော်လည်း အပိုဆာလာလေးများထည့်လိုက်တဲ့အခါ စက်ဘီးဖိုးထက် နှစ်ဆဖြစ်သွားတာကို ကြည့်ပြီး အင်း ဆင်ဖိုးထက် ချွန်းဖိုးကြီးနေတာကို သိလိုက်ပါတော့သည်။ ဓားမဖိုးထက် လက်ခကြီးနေတဲ့အခါ ဘယ်လို လုပ်ရမလဲတောင် မသိတော့ပါ။
This entry was posted on Wednesday, January 06, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 comments:

On January 6, 2010 at 5:27 PM , johnmoeeain said...

ဟော့တော့ ဆင်ဖိုးထက် ချွန်းဖိုးက ကြီးတယ်ပေါ့...
ဖြစ်ရမယ် အစ်ကိုကတော့.... :P

ကျွန်တော်ကတော့ စက်ဘီးလေးဝယ်တာ ဈေးသက်တာတဲ့နေရာမှာ သွားဝယ်ရင် may be သက်သာလှ S$ 20-30 ပေါ့... နောက် သူ့ကို taxi နဲ့က ပြန်သယ်လာရဦးမယ်.. ဒီတော့ ကုန်ရင်လည်း S$ 20 လောက်က ထပ်ကုန်မယ်.. ထူးဖူး ဆိုပြီး အနီးဆုံးမှာ ၀ယ်ပစ်လိုက်တယ် မှတ်ကရော... ဒါပေမယ့် စက်ဘီးနဲ့ သူ့ကို ခပ်ဖို့ သော့ရဲ့ ဈေးနှုန်း အချိုးက ၅ ချိုး ၁ ချိုးလောက်ကို ဖြစ်နေတော့ နှမျောလိုက်တာလေ..

ဒါပေမယ့် တတ်နိုင်ဖူးရယ်... ခဏနေ အလှူပေးလိုက်ရရင်ဖြင့် ၅ ချိုး မှာ ၅ ချိုးလုံး ကုန်နေမှာမို့ ရင်နာနာနဲ့ ၀ယ်လိုက်ရပါတယ် :(

 
On January 14, 2010 at 9:58 AM , Unknown said...

သူငယ်ချင်းတစ်ယောက်ကတော့ သက်သာလို့ ဆိုပြီး သူခိုးဘီး အားပေးလိုက်တာလေ..
ဘီးလည်းပေါက်ရော.. တာယာနဲ့  ကျွတ်ဖိုး က ပိုများနေလို့  မတပ်မတပ် နဲ့  ထားလိုက်တယ်..
နောက်ဆုံး မဖြစ်မနေ ဘီးတပ်စီးဖို့  ဖန်လာလို့  တပ်ပြီးတာမှ မကြာသေးဘူး..ရက်ပိုင်းရှိသေးတာ
ပြန်ခိုးခံရပါလေရောလား...
( စကားမစပ် mysing မှာ တွေ့ လို့ လာဖတ်တာ)

 
On January 18, 2010 at 4:38 PM , cho cho ei said...

yes. You are right. I had same problem like you. I bought with S$79, key for S$10, air pressure for S$10. And I took excersie about 1 month with it. As you know, the people staying in Singapore are moving room to room (especially me... hehe). I could not bring it along with me when I moved.