b သူရဲကောင်းကြယ်: လွမ်း
•Monday, January 18, 2010
အလွမ်းကို စိတ်ထဲမှာ... မှတ်
လက်ဆယ်ချောင်းထောင်
အလွမ်းပြီးတော့ အလွမ်း
အကုန်ပေါင်းလိုက်တော့
ရလဒ်ကလည်း အလွမ်းပါပဲ။

တခုတ်တရ နေ့ရက်တွေကို
တစိမ့်စိမ့် လွမ်းနေပါတယ်
မိမြန်မာရယ်။

ခုတော့ နင်နဲ့ငါ
ရွာရိုးကိုးပေါက် ဝေးနေရတယ်နော်။

ဖြစ်နိုင်ရင်
ဒီ အလွမ်းကောင်းကင်ကို

ဒူးနဲ့ တိုက်လိုက်ချင်တယ်။
ဝရုန်းသုန်းကားလွမ်းတတ်တဲ့ကောင်
မဟုတ်လေတော့ ဖွဲမီးလို
တငွေ့ငွေ့လောင်နေပါရစေနော်။


herostar
This entry was posted on Monday, January 18, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On January 19, 2010 at 10:06 AM , Unknown said...

သူငယ်ချင်း
ကဗျာလေးကအရမ်းကောင်းတယ်...

 
On January 23, 2010 at 6:16 PM , "Learning is sharing" said...

my heart's already bleeding from missing her... :(